ထိုအကြောင်းသည် မရဏနိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။
တစ်ဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည်ကား၊
သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန်နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရကြလိမ့်မည်။
သူသည် ချိုင့်မြေစိုင်တို့ကို ချိုနိုးထင်လိမ့်မည်။ မရေတွက်နိုင်အောင် များစွာသောသူတို့သည် သူ့ရှေ့၌ သွားနှင့်သကဲ့သို့၊ သူသည် လူခပ်သိမ်းတို့ကို မိမိနောက်၌ သွေးဆောင်လိမ့်မည်။
ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မျှော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။
မိုးတိမ်သည် ပြယ်ပျောက် ကွယ်လွင့်သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တစ်ဖန် မတက်ရ။
အိုထာဝရဘုရား၊ အလျင်အမြန် နားထောင်တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ။ မျက်နှာလွှဲတော်မူသဖြင့်၊ တွင်းထဲသို့ ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မမူပါနှင့်။
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မျှော်လင့်စရာမရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။
တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့်မည်။
ငါတို့သည် မိမိကိုယ်ကို အစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရားသခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ ဖြစ်၏။-