ယခုမှာငါသည် ပြောသော်လည်း မသက်သာ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။ မြည်တမ်းသောအပြစ်ကို ခံရမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရမည်။
ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။
ငါသည်မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသောမျက်နှာကို ဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊
ငါခံရသော ဒုက္ခဝေဒနာများသောကြောင့်၊ ကြောက်သောသဘောရှိ၏။ အပြစ်လွှတ်စေဟု ငါ၌စီရင်တော်မမူကြောင်းကို ငါသိ၏။