သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည် သင်တို့တစ်ဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။
ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့်တော်မူသောစကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု၍ ပြက်ရယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညိတ်၏။
စကားများ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီးကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော။
ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။
ယောဘသည် အချည်းနှီးသော စကားကို မြွက်ဆိုတတ်၏။ ပညာမရှိဘဲ များစွာပြောတတ်သည်ဟု မြွက်ဆို၏။
ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။
အကျွန်ုပ်သည်လည်း သူတစ်ပါးတို့ ကဲ့ရဲ့စရာအကြောင်းဖြစ်၍၊ သူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။
အကျွန်ုပ်ကို မြင်သမျှသောသူတို့သည် ပြက်ရယ်ပြုခြင်း၊ နှုတ်ခမ်းဖြဲခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။
သူသည် ထာဝရဘုရားကို ကိုးစားပြီ၊ သူ့ကိုနုတ်တော်မူပါလေစေ။ သူ၌အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏။
တစ်ပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကိုပုံခိုင်းရသောအခွင့်၊ လူစုတို့သည် ခေါင်းညိတ်ရသောအခွင့်ကို ပေးတော်မူ၏။
စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။
မိုက်သောသူသည် စကားများတတ်၏။ သို့သော်လည်းဖြစ်လတ္တံ့သောအရာကို လူသည် မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ဖြစ်လတ္တံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။
ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကိုမထီမဲ့မြင်ပြု၍ ပြက်ရယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညိတ်၏။
ထိုသို့ပြု၍ မိမိတို့ပြည်ကို လူဆိတ်ညံရာအရပ်၊ အစဉ်ကဲ့ရဲ့သံကြားရာအရပ် ဖြစ်စေသဖြင့်၊ လမ်း၌လျှောက်သွားသော သူအပေါင်းတို့သည်အံ့ဩ၍၊ မိမိတို့ခေါင်းကို ညိတ်ကြလိမ့်မည်။
သင်သည် ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော။ သို့ရာတွင်၊ သူသည် သူခိုးတို့နှင့်ပေါင်းဖော်သည်ကို တွေ့ဖူးသလော။ သူ၏အကြောင်းကို ပြောလေရာရာ၌ သင်သည် ခေါင်းကိုညိတ်ပါသည်တကား။
လမ်း၌ လျှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွတ်၊ မြေတစ်ပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကား ဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညိတ်လျက် မေးတတ်ကြ၏။
ထိုမြို့က၊ ငါရှိ၏။ ငါမှတစ်ပါး အဘယ်သူမျှမရှိဟု ဆိုလျက် သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဖူးသောမြို့ ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင်ပယ်ရှင်းရာ၊ သားရဲအိပ်ရာအရပ် ဖြစ်ပါသည်တကား။ လျှောက်သွားသော သူအပေါင်းတို့သည် ကဲ့ရဲ့သံကိုပြု၍ လက်ဖျားခါကြလိမ့်မည်။
သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အချာပင် ဖြစ်သတည်း။
ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုလည်းကောင်း ပြုကြလော့။-
သို့ဖြစ်၍၊ အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါတစ်ခုသည် ချီးမြှောက်ခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။-