Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 16:21

Judson Bible

လူ​သည် မိ​မိ​အ​သိ​အ​ကျွမ်း​နှင့်​ဆွေး​နွေး​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​နှင့် ဆွေး​နွေး​ရ​သော​အ​ခွင့် ရှိ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ခေါ်​တော်​မူ​ပါ။ အ​ကျွန်ုပ် ပြန်​လျှောက်​ပါ​မည်။ သို့​မ​ဟုတ် အ​ကျွန်ုပ်​သည် အ​ရင်​လျှောက်​ပါ​မည်။ ကိုယ်​တော် အ​မိန့်​ရှိ​တော်​မူ​ပါ။

အ​န​န္တ​တန်​ခိုး​ရှင်​အား ငါ​လျှောက်​ရ​သော​အ​ခွင့်၊ ဘု​ရား​သ​ခင်​နှင့် ငါ​ဆွေး​နွေး​ရ​သော​အ​ခွင့် ရှိ​ပါ​စေ​သော။

ငါ့​သ​ဘော​ကို သိ​သော​သူ​သည် မြင့်​သော​အ​ရပ်၌​ရှိ၏။ ငါ့​အ​ဆွေ​ခင်​ပွန်း​တို့​သည် ငါ့​ကို​ကဲ့​ရဲ့၍၊ ငါ​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မျက်​ရည်​ကျ​လျက်​နေ၏။

နှစ်​ပေါင်း​မ​ကြာ​မ​မြင့်​မီ တစ်​ဖန်​ပြန်၍ မ​လာ​ရ​သော​လမ်း​သို့ ငါ​လိုက်​သွား​ရ​တော့​မည်။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​ပါ​စေ​သော။ ငါ့​လက်​မှတ်​ကို ငါ​ပေး​မည်။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​ကို​စစ်​ကြော​တော်​မူ​ပါ​စေ။ ငါ့​တ​ရား​တွေ့​ဘက်​သည် စာ​ရေး​သား​ထား​ပါ​စေ။

ရှိ​သ​မျှ​သော အ​ခြင်း​အ​ရာ​များ​ကို မှတ်​သား​နှင့်​ပြီ။ လူ၏​အ​ခြင်း​အ​ရာ သက်​သက်​ဖြစ်​သည်​ကို သိ​ရ၏။ လူ​သည် မိ​မိ​ထက် တန်​ခိုး​ကြီး​သော​သူ​နှင့် မ​ပြိုင်​နိုင်​ရာ။

အ​ကြင်​သူ​သည် မိ​မိ​ကို ဖန်​ဆင်း​သော​သူ​နှင့် ဆန့်​ကျင်​ဘက်​ပြု၏၊ ထို​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ မြေ​အိုး​ခြမ်း​တို့​တွင် အိုး​ခြမ်း​ပါ​တ​ကား။ အိုး​မြေ​က၊ သင်​သည် အ​ဘယ်​သို့​သော​အ​ရာ​ကို လုပ်​သ​နည်း​ဟု အိုး​ထိန်း​သ​မား​ကို ဆို​ရ​မည်​လော။ ငါ့​ကို​လုပ်​သော​သူ၌ လက်​မ​ရှိ​ဟု သင်​လုပ်​သော​အ​ရာ​က ဆို​ရ​မည်​လော။

ဘု​ရား​သ​ခင်​ကို ငြင်း​ဆန်​သော အ​ချင်း​လူ၊ သင်​သည်​ကား အ​ဘယ်​သူ​နည်း။ လုပ်​အပ်​သော​အ​ရာ​သည် လုပ်​တတ်​သော​သူ​အား၊ အ​ဘယ်​ကြောင့် ငါ့​ကို ဤ​သို့​လုပ်​သ​နည်း​ဟု ဆို​ရ​မည်​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ