Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 16:19

Judson Bible

ဤ​အ​မှု၌ ငါ့​သက်​သေ​သည် ကောင်း​ကင်​ပေါ်​မှာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ငါ့​သ​မီး​တို့​ကို ညှဉ်း​ဆဲ​သည်​ဖြစ်​စေ၊ ငါ့​သ​မီး​တို့​မှ​တစ်​ပါး အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​သည်​ဖြစ်​စေ၊ ငါ​တို့၌​လူ​သက်​သေ​မ​ရှိ၊ ဘု​ရား​သ​ခင်​သည် ငါ​နှင့်​သင်၏​စပ်​ကြား၌ သက်​သေ​ဖြစ်​စေ​တော်​မူ​သ​တည်း ဟူ၍​လည်း​ကောင်း၊

အို​မြေ​ကြီး၊ ငါ့​အ​သွေး​ကို​ဖုံး၍ မ​ထား​ပါ​နှင့်။ ငါ​အော်​ဟစ်​ခြင်း​အ​သံ​ကို သင်၌​မ​နေ​စေ​နှင့်။

ငါ့​ကို​ရွေး​နုတ်​သော​သ​ခင်​သည် အ​သက်​ရှင်၍၊ နောင်​ကာ​လ၌ မြေ​မှုန့်​အ​ပေါ်​မှာ ပေါ်​လာ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း၊

ဘု​ရား​သ​ခင်​သည် အာ​ဏာ​တော်​နှင့်​လည်း​ကောင်း၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဂုဏ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ၍၊ မြင့်​သော​ဌာ​န​တော်၌ ငြိမ်​သက်​ခြင်း​ကို ပြု​စု​တော်​မူ၏။

သို့​မ​ဟုတ် အ​ထက်​အ​ရပ်​က ဘု​ရား​သ​ခင်​သည် အ​ဘယ်​ကျေး​ဇူး​ကို​လည်း​ကောင်း၊ မြင့်​ရာ​အ​ရပ်​က အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​သို့​သော အ​မွေ​ဥ​စ္စာ​ကို​လည်း​ကောင်း ပေး​တော်​မူ​မည်​နည်း။

ကိုယ်​ကို​ချီး​မြှင့်၍ ကျိန်း​ဝပ်​တော်​မူ​သော်​လည်း၊

ကောင်း​ကင်​ဘုံ၌ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ဘ​ဝဂ်​ပေါ်​မှာ ချီး​မွမ်း​ကြ​လော့။

လ​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ကောင်း​ကင်၌ သ​စ္စာ​စောင့်​သော သက်​သေ​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​မြဲ​မြံ​ရ​မည်​ဟု ကိုယ်​တော်​သည် မိန့်​တော်​မူ​ပါ​ပြီ။

ငါ​သည်​သင်​တို့​ကို မ​ခြား​မ​လပ်​အောက်​မေ့၍ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သည်​ဟု သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ အ​မှု​တော်​ကို စိတ်​ဝိ​ညာဉ်​နှင့်​တ​ကွ ငါ​ဆောင်​ရွက်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် ငါ၏​သက်​သေ​ခံ​ဖြစ်​တော်​မူ၏။-

ငါ့​ကိုယ်​ကို​ကိုယ်​သိ​သော​စိတ်​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​တ​ကွ ငါ့​ဘက်၌ သက်​သေ​ခံ​လျက်၊ ငါ​သည် မု​သား​မ​ပါ၊ ခ​ရစ်​တော်​ရှေ့၌ မှန်​ကန်​စွာ ပြော​သည်​ကား၊-

ငါ​သည် သင်​တို့​ကို သ​နား​သော​ကြောင့်​သာ ယ​ခု​တိုင်​အောင် ကော​ရိ​န္သု​မြို့​သို့​မ​လာ​ဟု ငါ့​စိတ်​ဝိ​ညာဉ်​ဘက်၌ ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၏။-

ငါ​သည် မု​သား​မ​ပြော​သည်​ကို ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင် သိ​တော်​မူ၏။

ငါ​သည် သင်​တို့​အ​ပေါင်း​ကို ယေ​ရှု​ခ​ရစ်၏ မေ​တ္တာ​က​ရု​ဏာ​နှင့် အ​ဘယ်​မျှ​လောက် လွမ်း​သည်​ဟု ဘု​ရား​သ​ခင်​သည် ငါ့​သက်​သေ​ဖြစ်​တော်​မူ၏။-

မိ​မိ​နိုင်​ငံ​တော်​နှင့် ဘုန်း​တော်​ထဲ​သို့၊ သင်​တို့​ကို ခေါ်​သွင်း​တော်​မူ​သော ဘု​ရား​သ​ခင်​နှင့် အ​ထိုက်​အ​လျောက် သင်​တို့​သည် ကျင့်​ဆောင်​စေ​ခြင်း​ငှာ၊ အ​ဘ​သည် မိ​မိ​သား​တို့​ကို ပြု​သ​ကဲ့​သို့ ငါ​တို့​သည် သင်​တို့​ရှိ​သ​မျှ​ကို အ​ဘယ်​သို့ တိုက်​တွန်း​သွေး​ဆောင်၍ မှာ​ထား​သည်​ကို သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း​သို့​ရောက်​သော သင်​တို့​တွင် ငါ​တို့​သည် အ​ဘယ်​သို့ သန့်​ရှင်း​ဖြောင့်​မတ်​လျက်၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက်​နေ​ကြ​သည်​ကို သင်​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည်​လည်း သက်​သေ​ဖြစ်​တော်​မူ၏။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ချော့​မော့​သော​စ​ကား​ကို တစ်​ခါ​မျှ​မ​သုံး၊ ဝှက်​ထား​သော လော​ဘ​စိတ်​အ​လျှင်း​မ​ရှိ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​သက်​သေ ဖြစ်​တော်​မူ၏။-

ရှ​မွေ​လ​က​လည်း၊ သင်​တို့​သည် ငါ့​လက်၌ သူ​တစ်​ပါး၏​ဥ​စ္စာ​ကို ရှာ၍​မ​တွေ့​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို ခံ​သော​သူ​လည်း သက်​သေ​ဖြစ်၏​ဟု​ဆို​လျှင်၊ သူ​တို့​က၊ သက်​သေ​ဖြစ်​ပါ​သည်​ဟု ဝန်​ခံ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ