Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 15:5

Judson Bible

သင်​သည် ကိုယ်​နှုတ်​ဖြင့် ကိုယ်​အ​ပြစ်​ကို​ဖော်​ပြ၏။ ပ​ရိ​ယာယ်​ပြု​သော သူ၏​စ​ကား​ကို​သုံး​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

နက်​နဲ​သော ပ​ညာ​အ​ရာ​တည်း​ဟူ​သော သင်​နား​လည်​နိုင်​သည်​ထက်၊ နှစ်​ဆ​သာ​သော​အ​ရာ​တို့​ကို သင့်​အား​ပြ​တော်​မူ​ပါ​စေ။ ထို​သို့​ပြ​တော်​မူ​လျှင် သင်​သည် အ​ပြစ်​ခံ​ထိုက်​သည်​အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ​ကြောင်း ကို​သိ​ရ​လိမ့်​မည်။

ဓား​ပြ​လုပ်​သော​သူ​တို့၏ နေ​ရာ​သည် ကောင်း​စား​တတ်၏။ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​တို့​သည် လုံ​ခြုံ​စွာ​နေ၍၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော စည်း​စိမ်​ကို ခံ​စား​တတ်​ကြ၏။

သင်​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း​အ​ကျင့်၌ အ​ကျိုး​မ​ရှိ​ဟု ဆို​လို၏။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ရာ​ဝတ်​ကို ဆီး​တား​တတ်၏။

သင်​ပြု​သော​ဒု​စ​ရိုက်​သည် အ​လွန်​ကြီး​သည် မ​ဟုတ်​လော။ သင့်​အ​ပြစ်​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သည်​မ​ဟုတ်​လော။

ထို​သို့​ယော​ဘ​သည် မိ​မိ​ဖြောင့်​မတ်​သည်​ဟု ထင်​သော​ကြောင့်၊ ထို​သူ​သုံး​ယောက်​တို့​သည် ပြန်၍ မ​ပြော​ဘဲ​နေ​ကြ၏။

ထို​အ​ခါ ဗု​ဇ​အ​မျိုး အာ​ရ​အ​နွယ်​ဖြစ်​သော ဗာ​ရ​ခေ​လ​သား​ဧ​လိ​ဟု​သည် အ​မျက်​ထွက်၏။ ယော​ဘ​သည် ဘု​ရား​သ​ခင်​ထက် မိ​မိ​ဖြောင့်​မတ်​ကြောင်း​ကို ပြ​သော​ကြောင့်၊ ယော​ဘ​ကို အ​မျက်​ထွက်၏။

ပ​ရိ​ယာယ်​ပြု​သော​သူ​တို့၏ အ​မှု​ကို မ​အောင်​စေ​ခြင်း​ငှာ သူ​တို့​အ​ကြံ​ကို ဖျက်​တော်​မူ၏။

ပ​ညာ​ရှိ​တို့​ကို သူ​တို့၏​ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏။ လှည့်​စား​တတ်​သော​သူ​တို့၏ တိုင်​ပင်​ခြင်း​ကို အ​ချည်း​နှီး ဖြစ်​စေ​တော်​မူ၏။

ထို​သူ​တို့​သည် မိ​မိ​တို့​လျှာ​ကို ဓား​ကဲ့​သို့ သွေး​တတ်​ကြ၏။

သူ​တို့​လျှာ​သည် သေ​စေ​တတ်​သော​မြား ဖြစ်၏။ ပ​ရိ​ယာယ်​စ​ကား​ကို ပြော​တတ်၏။ အ​ပေါင်း​အ​ဖော်​ချင်း​တို့​သည် နှုတ်​ဖြင့် လော​က​ဝတ်​စ​ကား​ကို​ပြော၍၊ နှ​လုံး​ဖြင့် ချောင်း​မြောင်း​တတ်​ကြ၏။

ကောင်း​သော​သူ​သည် ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။

သင်​တို့​တွင် အ​ကြင်​သူ​သည် သီ​လ​ဆောက်​တည် ဟန်​ပြု​သော်​လည်း၊ မိ​မိ​နှုတ်​ကို မ​ချုပ်​တည်း၊ မိ​မိ​နှ​လုံး​ကို လှည့်​ဖြား၏။ ထို​သူ၏ သီ​လ​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ