Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 15:28

Judson Bible

သို့​သော်​လည်း လူ​ဆိတ်​ညံ​သော​မြို့၊ အ​ဘယ်​သူ​မျှ​မ​နေ။ လဲ​လု​သော​အိမ်​တို့၌ သူ​သည်​နေ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ၏​နေ​ရာ၌ အ​ရှင်​မ​ရှိ။ ပျက်​စီး​ခြင်း​ဘေး​နေ၍ အ​မိုး​ပေါ်​မှာ ကန့်​ဖြူး​လျက်​ရှိ​လိမ့်​မည်။

မြို့​ပျက်​တို့​ကို ပြင်​ဆင်​ပြု​စု​သော လော​ကီ​ရှင်​ဘု​ရင်၊

ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လက်​ထက်၊ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ပ​ရော​ဖက်​ပြု​လျက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း၊ မြေ​ပုံ​များ​ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟု ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​အား ဟော​ပြော၏။

ဗာ​ဗု​လုန်​မြို့​သည် အ​မှိုက်​ပုံ၊ မြေ​ခွေး​နေ​ရာ​တွင်း၊ အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ပြု​ရာ၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။

ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​မှိုက်​ပုံ၊ မြေ​ခွေး​နေ​ရာ​တွင်း ဖြစ်​စေ​မည်။ ယု​ဒ​မြို့​ရွာ​တို့​ကို​လည်း၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။

ထို​ကြောင့်၊ သင်​တို့​အ​တွက် ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း မြေ​ပုံ​များ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။

အ​ပြစ်​မှ လွှတ်​တော်​မူ​ထ​သော၊ ကျန်​ကြွင်း​သော အ​မွေ​တော်​လူ​တို့၏ လွန်​ကျူး​ခြင်း​များ​ကို သည်း​ခံ​တော်​မူ​ထ​သော၊ က​ရု​ဏာ၌ မွေ့​လျော်​သော​ကြောင့် အ​စဉ်​အ​မျက်​ထွက်​တော်​မ​မူ​သော ကိုယ်​တော်​ကဲ့​သို့ အ​ဘယ်​ဘု​ရား ရှိ​ပါ​သ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ