Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 15:21

Judson Bible

သူ​သည် ကြောက်​မက်​ဖွယ်​သော​အ​သံ​ကို ကြား​လျက်​နေ​ရ၏။ စည်း​စိမ်​ကို ခံ​စား​စဉ်​တွင်၊ ဖျက်​ဆီး​သော​သူ​သည် လာ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ ရှု​ရိ​လူ​တို့​သည် ရ​ထား​စီး​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ၊ များ​စွာ​သော ဗိုလ်​ခြေ​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့် သူ​တို့​က ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ငါ​တို့​ကို​တိုက်​စေ​ခြင်း​ငှာ၊ ဟိ​တ္တိ​မင်း​များ၊ အဲ​ဂု​တ္တု​မင်း​များ​တို့​ကို ငှား​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ဆို​လျက်၊

ဧ​သ​တာ​က၊ ရန်​ဘက်​ပြု​သော ရန်​သူ​သည် ဤ​ဆိုး​ညစ်​သော​ဟာ​မန် ဖြစ်​ပါ၏​ဟု​လျှောက်​သော်၊ ဟာ​မန်​သည် ရှင်​ဘု​ရင်​နှင့်​မိ​ဖု​ရား​ရှေ့​မှာ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​လေ၏။

ဆင်း​ရဲ​ခြင်း​ဒု​က္ခ​နှင့် နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​တို့​သည် ထို​သူ​ကို ခြောက်​တတ်၏။ စစ်​တိုက်​ခြင်း​ငှာ အ​သင့်​နေ​သော ရှင်​ဘု​ရင်​ကဲ့​သို့ သူ့​ကို​နိုင်​တတ်၏။

ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တို့​သည်​ဝိုင်း၍ ကျပ်​တည်း​စွာ လိုက်​နှင့်​ကြ​လိမ့်​မည်။

သူ​ခို​လှုံ​ရာ​အ​ကြောင်း​ကို သူ၏​နေ​ရာ​မှ​ပယ်​ရှင်း၍၊ သူ့​ကိုယ်​ကို ဘေး​ဒဏ်​တို့၏​ရှင်​ဘု​ရင်​ထံ​သို့ ဆောင်​သွား​ရ၏။

သူ​လု​ယူ​ချင်​သော လော​ဘ​လက်​နှင့် အ​ဘယ်​အ​ရာ​မျှ မ​လွတ်​သော​ကြောင့်၊ သူ၏​စည်း​စိမ်​မ​တည်​ရ။

ထို​ကြောင့် ကျော့​ကွင်း​နှင့် ကျော့​မိ​ပြီ၊ ထိတ်​လန့်​သော​စိတ်​နှင့် ပင်​ပန်း​ရ၏။

နံ​နက်​ယံ​ကို သေ​မင်း​အ​ရိပ်​ကဲ့​သို့ ထင်​မှတ်၍၊ သေ​မင်း​အ​ရိပ်​ကြောက်​မက်​ဖွယ်​သော ဘေး​တို့​ကို သိ​ရ​ကြ၏။

ထ​သော​ရေ​ကဲ့​သို့ ဘေး​ဥ​ပဒ်​တို့​သည် သူ့​ကို​လိုက်​တတ်၏။ ည​အ​ခါ မိုး​သက်​မုန်​တိုင်း တိုက်​သွား​တတ်၏။

မ​တ​ရား​သော သူ​တို့​သည် မြက်​ပင်​ကဲ့​သို့​ပေါက်၍၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​သော​သူ​တို့​သည် ပွင့်​လန်း​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ပျက်​စီး​ခြင်း​သို့​ရောက်​ရ​သော အ​ကြောင်း​ပေ​တည်း။

မ​တ​ရား​သော​သူ ကြောက်​တတ်​သော​အ​မှု​သည် သူ့​အ​ပေါ်​သို့​ရောက်​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ တောင့်​တ​သော​အ​ကျိုး​ကို​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်။

လိုက်​သော​သူ​မ​ရှိ​သော်​လည်း၊ မ​တ​ရား​သော​သူ​သည် ပြေး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ခြင်္သေ့​ကဲ့​သို့ ရဲ​ရင့်​တတ်၏။

အို ငါ၏​လူ​မျိုး​သ​တို့​သ​မီး၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း၍ ပြာ၌​လူး​လည်း​လော့။ တစ်​ယောက်​တည်း​သော​သား​သေ​သည်​ကို ငို​ကြွေး​သ​ကဲ့​သို့၊ ငို​ကြွေး၍ ပြင်း​စွာ​မြည်​တမ်း​လော့။ လု​ယူ​ဖျက်​ဆီး​သော​သူ​သည် ငါ​တို့​ကို ချက်​ချင်း​တိုက်​လိမ့်​မည်။

ရန်​သူ​ပြည်​မှာ​ကျန်​ကြွင်း​သော သင်​တို့​စိတ်​နှ​လုံး​ထဲ​သို့၊ ထိတ်​လန့်​သော​သ​ဘော​ကို ငါ​ပေး​သွင်း​သ​ဖြင့်၊ သစ်​ရွက်​လှုပ်​သံ​ကြောင့် သင်​တို့​သည်​ကြောက်၍၊ ဓား​ဘေး​မှ​ပြေး​သ​ကဲ့​သို့ ပြေး​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း လဲ​ကြ​လိမ့်​မည်။

ထို​သူ​အ​ချို့​တို့​သည် မြည်​တမ်း​ခြင်း​ကို​ပြု၍၊ ဖျက်​ဆီး​သော​သူ၏ လက်​ဖြင့် ပျက်​စီး​သ​ကဲ့​သို့​မ​ဟုတ်၊ မြည်​တမ်း​ခြင်း​ကို​မ​ပြု​ကြ​နှင့်။-

ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-

သူ​တို့၏ ရှင်​ဘု​ရင်​မူ​ကား၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အ​ဗ​ဒ္ဒုန်​ဟူ၍​လည်း​ကောင်း၊ ဟေ​လ​သ​ဘာ​သာ​အား​ဖြင့် အ​ပေါ​လျုန်​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​သော အ​နက်​ဆုံး​သော​တွင်း​တ​မန် ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ