ပညာရှိသောသူသည် လေနှင့်တူသော အချည်းနှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေနှင့် ပြည့်စေသင့်သလော။
သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။
တစ်ဖန် တေမန်အမျိုးသားဧလိဖတ် မြွက်ဆိုသည်ကား၊
အကျိုးမဲ့သောစကား၊ ကျေးဇူးမပြုနိုင်သောစကားနှင့် ဆွေးနွေးသင့်သလော။
ငါစကားပြောရုံကာမျှကို အပြစ်တင်မည် ကြံစည်ကြသလော။ မျှော်လင့်စရာမရှိသောသူ ပြောသောစကားသည် လေသက်သက်ဖြစ်၏။
သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။
ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။
သို့မဟုတ်၊ စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့၊ ထိုနည်းတူ ပြန်သွားရမည်။ ကြိုးစားအားထုတ်၍ ရသောဥစ္စာတစ်စုံတစ်ခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ၍မသွားရ။
ဧဖရိမ်သည် လေကို ကျက်စားတတ်၏။ အရှေ့လေကို လိုက်တတ်၏။ နေ့တိုင်း မုသားစကားနှင့် ပျက်စီးခြင်းအကြောင်းတို့ကို များပြားစေတတ်၏။ အာရှုရိလူတို့နှင့် မိတ်သဟာယဖွဲ့လျက်နှင့်ပင်၊ အဲဂုတ္တုပြည်သို့ ဆီကို ယူသွားတတ်၏။
ထာဝရဘုရားသည် ယုဒအမျိုးနှင့်လည်း တရားတွေ့မှု ရှိတော်မူ၏။ ယာကုပ်၏အကျင့်တို့ကို စစ်ကြော၍ သူပြုမူသည်နှင့်အညီ အပြစ်ပေးတော်မူမည်။
သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိ တစ်စုံတစ်ယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏ နူးညံ့သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ။-