အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ် ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ် အပြစ်တင်တော်မူ၏။
ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သော ကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။
ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဖို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဖူးသည်ကိုလည်းကောင်း၊ သူသည်ကိုယ်တိုင်သိ၍၊
ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှားခြင်းကို မပြုတတ်။ ငါ၌ အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။
ကိုယ်အပြစ်ကို ပြေစေခြင်းငှာပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့်မည်။
ရွှံ့ထဲသို့ တွန်းချတော်မူ၍၊ ငါ့အဝတ်ပင် ငါ့ကိုယ်ကိုရွံလိမ့်မည်။
သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက်သော ဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ်သည် ငါ့ရှေ့မှာထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ၊ သက်သေတို့ကိုခေါ်၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး၏။
ဧဖရိမ်ပြုသော ဒုစရိုက်ကို ငါထုပ်ထား၍ သူ၏အပြစ်ကို သိုမှီးပြီ။
သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင်မျိုး၊ ဂေါမောရမြေ၌ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့စပျစ်သီးသည် ခါးသောအပင်၏ အသီးဖြစ်၍၊ စပျစ်သီးပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ၏။
ဤအမှုသည် ငါ့ထံမှာသိုထားလျက်၊ ငါ့ဘဏ္ဍာတိုက်၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော။