Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 13:25

Judson Bible

လေ​တိုက်​သော သစ်​ရွက်​ကို ခြောက်​လှန့်​တော်​မူ​မည်​လော။ မြက်​ခြောက်​ကို​မီ​အောင် လိုက်​တော်​မူ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​သော​သူ​ကို ကိုယ်​တော် ကြည့်​မှတ်​တော်​မူ​သ​လော။ အ​ကျွန်ုပ်​နှင့်​ဘက်၍ တ​ရား​တွေ့​တော်​မူ​မည်​လော။

ဘု​ရား​သ​ခင် ညှဉ်း​ဆဲ​တော်​မူ​သည်​နည်း​တူ အ​ဘယ်​ကြောင့် သင်​တို့​သည် ညှဉ်း​ဆဲ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့် ငါ့​အ​သား​ကို​စား၍ မ​ရောင်​ရဲ့​ဘဲ​နေ​ကြ​သ​နည်း။

သူ​တို့​သည် လေ​ရှေ့​မှာ​အ​မှိုက်​နှင့် မုန်​တိုင်း​တိုက်​သွား​သော ဖွဲ​ကဲ့​သို့ ဘယ်​နှစ်​ကြိမ်​ဖြစ်​ဖူး​သည်​ကို​လည်း​ကောင်း၊

အား​ကြီး​သော​ရေ​တို့​သည် ဟုန်း​သ​ကဲ့​သို့၊ လူ​မျိုး​တို့​သည် ဟုန်း​ကြ​သော်​လည်း၊ ဆုံး​မ​တော်​မူ​သော​ကြောင့်၊ အ​ဝေး​သို့ ပြေး​သွား​ကြ​လိမ့်​မည်။ တောင်​ပေါ်​မှာ လေ​တိုက်၍ လွင့်​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း၊ လေ​ပွေ၌​ပါ​သွား​သော အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​သည် နှင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ရန်​သူ​ပြည်​မှာ​ကျန်​ကြွင်း​သော သင်​တို့​စိတ်​နှ​လုံး​ထဲ​သို့၊ ထိတ်​လန့်​သော​သ​ဘော​ကို ငါ​ပေး​သွင်း​သ​ဖြင့်၊ သစ်​ရွက်​လှုပ်​သံ​ကြောင့် သင်​တို့​သည်​ကြောက်၍၊ ဓား​ဘေး​မှ​ပြေး​သ​ကဲ့​သို့ ပြေး​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း လဲ​ကြ​လိမ့်​မည်။

နင်း​နယ်​လျက်​ရှိ​သော ကျူ​ပင်​ကို​မ​ချိုး၊ မီး​ခိုး​များ​သော မီး​စာ​ကို​မ​သတ်။ တ​ရား​သည် အောင်​မြင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း စီ​ရင်​လိမ့်​မည်။-

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် အ​ဘယ်​သူ၏​အ​တွက်​ကြောင့် ကြွ​လာ​တော်​မူ​သ​နည်း။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ကို​လိုက်၍ ရှာ​တော်​မူ​သ​နည်း။ ခွေး​သေ​ကောင်​ကို လိုက်၍ ရှာ​တော်​မူ​သ​လော။ ခွေး​လှေး​ကို လိုက်၍​ရှာ​တော်​မူ​သ​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ