Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 13:18

Judson Bible

ယ​ခု​ငါ့​အ​မှု​ကို ငါ​ပြင်​ဆင်​ပြီ။ ငါ၌​အ​ပြစ်​လွတ်​ခြင်း ထင်​ရှား​မည်​ဟု ငါ​သိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည် လူ​ဆိုး​မ​ဟုတ်​ကြောင်း​နှင့် လက်​တော်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်​ကြောင်း​ကို သိ​တော်​မူ၏။

ငါ​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ခံ​ရ​အံ့​သော​ငှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​စဉ်​တွင်၊ အိမ်​နီး​ချင်း ပြက်​ရယ်​ပြု​သည်​ကို ခံ​ရ​သော​သူ​ဖြစ်၏။ အ​ပြစ်​မ​ရှိ ဖြောင့်​မတ်​သော​သူ​သည် ပြက်​ရယ်​ပြု​ခြင်း​ကို ခံ​ရ​ပါ​သည်​တ​ကား။

ငါ့​စ​ကား​ကို စေ့​စေ့​မှတ်​ကြ​လော့။ ငါ့​လျှောက်​ထား​ချက်​ကို နား​ထောင်​ကြ​လော့။

လူ​သည် မိ​မိ​အ​သိ​အ​ကျွမ်း​နှင့်​ဆွေး​နွေး​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​နှင့် ဆွေး​နွေး​ရ​သော​အ​ခွင့် ရှိ​ပါ​စေ​သော။

ရှေ့​တော်​သို့​ရောက်​မှ ငါ​သည် ကိုယ်​အ​မှု​ကို​ပြင်​ဆင်၍၊ များ​စွာ​သော အ​ကျိုး​အ​ကြောင်း​တို့​ကို လျှောက်​ထား​ရ၏။

ငါ​သည် တ​ရား​သော​အ​ကျင့်​ကို လက်​မ​လွှတ်၊ စွဲ​ကိုင်​လျက်​နေ​မည်။ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို​အ​ပြစ်​မ​တင်​ရ။

ထို​သို့​ယော​ဘ​သည် မိ​မိ​ဖြောင့်​မတ်​သည်​ဟု ထင်​သော​ကြောင့်၊ ထို​သူ​သုံး​ယောက်​တို့​သည် ပြန်၍ မ​ပြော​ဘဲ​နေ​ကြ၏။

ငါ​သည် စင်​ကြယ်​သော​သ​ဘော​ရှိ၏။ ပြစ်​မှား​ခြင်း​ကို မ​ပြု​တတ်။ ငါ၌ အ​ပြစ်​မ​ရှိ။ သန့်​ရှင်း​ခြင်း​ရှိ၏။

ယော​ဘ​က၊ ငါ​ဖြောင့်​မတ်၏။ ဘု​ရား​သ​ခင်​သည် ငါ့​ကို အ​မှု​ရှုံး​စေ​တော်​မူ၏။

ပြန်၍ ဆင်​ခြင်​ကြ​ပါ။ မ​တ​ရား​သ​ဖြင့် မ​ပြု​ကြ​ပါ​နှင့်။ ပြန်၍ ဆင်​ခြင်​ကြ​ပါ။ ဤ​အ​မှု၌ ငါ​သည် ဖြောင့်​မတ်​ပါ၏။

ကိုယ်​အ​ပြစ်​ကို ပြေ​စေ​ခြင်း​ငှာ​ပြု​လျှင်၊ ကိုယ်​စ​ကား​အား​ဖြင့် တ​ရား​ရှုံး​လိမ့်​မည်။ ငါ​သည် စုံ​လင်​ပြီ​ဟု ဆို​ပြန်​လျှင်၊ ငါ့​သ​ဘော​ကောက်​ကြောင်း ထင်​ရှား​လိမ့်​မည်။

တစ်​ဖန် စုံ​လင်​သော်​လည်း၊ ကိုယ်​စိတ်​သ​ဘော​ကို ကိုယ်​မ​သိ​ရ။ ကိုယ်​အ​သက်​ကို ပ​မာ​ဏ​မ​ပြု​ရ။

ငါ့​ကို သ​တိ​ပေး​လော့၊ တ​ရား​တွေ့​ကြ​ကုန်​အံ့။ သင်​သည် အ​ပြစ်​လွတ်​မည်​အ​ကြောင်း ပြော​လော့။

ငါ​တို့​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဟူ​မူ​ကား၊ လော​ကီ​ပ​ညာ​ကို အ​မှီ​မ​ပြု၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​မှီ​ပြု၍ လျစ်​လျူ​သော​စိတ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော ကြည်​ဖြူ​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​သည် ဤ​လော​က၌ ကျင့်​ကြံ​ပြု​မူ၍ သင်​တို့​ဆီ​မှာ​လည်း ထို​သို့​အ​ထူး​သ​ဖြင့် ကျင့်​ကြံ​ပြု​မူ​သည်​ဟု ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​သည် သက်​သေ​ခံ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ