ယောဘဝတ္တု။ 13:14Judson Bibleသို့သော်လည်း ငါသည် ကိုယ်အသားကို ပါးစပ်နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက်လျက် ဆောင်သွားမည်။ အခန်းကိုကြည့်ပါ။ |
သင့်ကို ညှဉ်းဆဲသောသူတို့ကို သူတို့၏အသားနှင့် ငါကျွေးမည်။ ချိုသောစပျစ်ရည်ကို သောက်သကဲ့သို့၊ သူတို့သည် မိမိအသွေးကိုဝစွာ သောက်ရကြမည်။ သို့ဖြစ်၍၊ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သောအရှင်၊ သင့်ကို ရွေးနုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားဖြစ်ကြောင်းကို လူအပေါင်းတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုး တစ်မျိုးလုံးအဖို့ ကြီးစွာသော ကယ်တင်ခြင်းကျေးဇူးကို ပြုတော်မူ၏။ ကိုယ်တော်သည်မြင်၍ ဝမ်းမြောက်ပါ၏။ သို့ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကိုသတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏ အသက်ကို သတ်သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆိုသော်၊