Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 12:2

Judson Bible

သင်​တို့​သာ​လျှင် လူ​ဖြစ်၍၊ သင်​တို့​နှင့်​အ​တူ ဉာဏ်​ပ​ညာ​သေ​လိမ့်​မည်​ဟု ယုံ​မှား​စ​ရာ​မ​ရှိ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း ရိုင်း​သော​မြည်း​က​လေး​သည် လူ​အ​ဖြစ်​သို့​ရောက်​သော​အ​ခါ၊ လူ​မိုက်​သည် ပ​ညာ​သ​တိ​ရ​လိမ့်​မည်။

စ​ကား​များ၍ အ​ကျိုး​ရှိ​သည်​မ​ဟုတ်။ နှုတ်​သီး​ကောင်း​သော​သူ​သည် မိ​မိ​အ​ပြစ်​နှင့် လွတ်​ရ​မည်​လော။

နက်​နဲ​သော ပ​ညာ​အ​ရာ​တည်း​ဟူ​သော သင်​နား​လည်​နိုင်​သည်​ထက်၊ နှစ်​ဆ​သာ​သော​အ​ရာ​တို့​ကို သင့်​အား​ပြ​တော်​မူ​ပါ​စေ။ ထို​သို့​ပြ​တော်​မူ​လျှင် သင်​သည် အ​ပြစ်​ခံ​ထိုက်​သည်​အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ​ကြောင်း ကို​သိ​ရ​လိမ့်​မည်။

ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊

ပ​ညာ​ရှိ​သော​သူ​သည် လေ​နှင့်​တူ​သော အ​ချည်း​နှီး​စ​ကား​ကို ပြော​သင့်​သ​လော။ မိ​မိ​ဝမ်း​ကို အ​ရှေ့​လေ​နှင့် ပြည့်​စေ​သင့်​သ​လော။

သင်​တို့​မူ​ကား တစ်​ယောက်​မျှ​မ​ကြွင်း၊ ပြန်​သွား​ကြ​ပါ​တော့။ သင်​တို့​တွင် ပ​ညာ​ရှိ​တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့​နိုင်။

ကိုယ်​တော်​သည် သူ​တို့​ဉာဏ်​ကို ကွယ်​စေ​တော်​မူ​သည်​ဖြစ်၍၊ သူ​တို့​ကို ချီး​မြှောက်​တော်​မ​မူ​ရ။

ငါ​သည်​ကိုယ်​ခံ​ရ​သော ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​စ​ကား​ကို​ကြား၍၊ ငါ့​ဉာဏ်​သ​ဘော နှိုး​ဆော်​သ​ဖြင့် ငါ​ပြန်​ပြော​ရ၏။

မိုက်​သော​သူ​ကို အ​ဘယ်​သို့ အ​ကြံ​ပေး​သ​နည်း။ ထူး​ဆန်း​သော​ပ​ညာ​ကို အ​ဘယ်​သို့​ပြ​သ​နည်း။

ငွေ​ရ​တတ်​သော​သူ​က၊ ငါ​သည်​ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​ထင်​တတ်၏။ ဉာဏ်​ကောင်း​သော​ဆင်း​ရဲ​သား​မူ​ကား၊ ထို​သူ​ကို စစ်​ကြော​တတ်၏။

ငါ​သည် ပ​ညာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​သော​သူ၊ သ​မ္မာ​သ​တိ​နှင့် ပြည့်​စုံ​သည်​ဟု ထင်​မှတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

ငါ​တို့​သည် ခ​ရစ်​တော်၏ အ​ကြောင်း​ကြောင့် လူ​မိုက်​ဖြစ်​ကြ၏။ သင်​တို့​မူ​ကား၊ ခ​ရစ်​တော်၌ ပ​ညာ​ရှိ ဖြစ်​ကြ၏။ ငါ​တို့​သည် အား​နည်း​သော​သူ ဖြစ်​ကြ၏။ သင်​တို့​မူ​ကား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​သူ၊ အ​သ​ရေ​ရှိ​သော​သူ ဖြစ်​ကြ၏။ ငါ​တို့​သည် အ​ရှက်​အ​ကြောက် ခံ​ရ​သော​သူ​ဖြစ်၍၊-

ထို​သို့​ဆို​သော်၊ သင်​တို့​ရှက်​စေ​ခြင်း​ငှာ ပြော​ဆို၏။ သင်​တို့​တွင် ပ​ညာ​ရှိ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော။ ညီ​အစ်​ကို​ချင်း​တို့၏ အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​နိုင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ