Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 12:15

Judson Bible

ရေ​များ​ကို ဆီး​တား​ပိတ်​ပင်​တော်​မူ​လျှင် ခန်း​ခြောက်​ရ၏။ တစ်​ဖန် လွှတ်​တော်​မူ၍ မြေ​ကြီး​ကို လွှမ်း​မိုး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဘု​ရား​သ​ခင်​သည်၊ နော​ဧ​အား မိန့်​တော်​မူ​သည်​ကား၊ သ​တ္တ​ဝါ​အ​ပေါင်း​တို့၏​အ​ဆုံး​သည် ငါ့​မျက်​မှောက်​တွင် ပေါ်​လာ​ပြီ။ သူ​တို့​ကြောင့် မြေ​ကြီး​သည် အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​စုံ​လေ၏။ အ​ကယ်​စင်​စစ် မြေ​ကြီး​နှင့်​တ​ကွ သူ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။

အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ ကောင်း​ကင်​အောက်​မှ ငါ့​ကိုယ်​တိုင်​ပယ်​ရှင်း​ခြင်း​ငှာ၊ မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​စေ​သ​ဖြင့်၊ မြေ​ပေါ်​မှာ​ရှိ​သ​မျှ​တို့​သည် သေ​ရကြ​မည်။

နော​ဧ​အ​သက်​ခြောက်​ရာ​စေ့​သော​နှစ်၊ ဒု​တိ​ယ​လ၊ ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ကြီး​စွာ​သော နက်​နဲ​ရာ ရေ​ပေါက်​ရေ​တွင်း​တို့၏ အ​ဆီး​အ​တား​ရှိ​သ​မျှ​ကို​ပယ်​ရှင်း၍၊ မိုး​ကောင်း​ကင်​ပြွန်၀​များ​ကို ဖွင့်​သ​ဖြင့်၊

ဘု​ရား​သ​ခင်​သည်၊ နော​ဧ​မှ​စ၍ အ​သက်​ရှင်​သ​မျှ​သော​သ​တ္တ​ဝါ၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ၌​ရှိ​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​အောက်​မေ့၍၊ မြေ​ကြီး​ပေါ်​မှာ လေ​လာ​စေ​တော်​မူ​သ​ဖြင့် ရေ​ငြိမ်​လေ​၏။

ဂိ​လဒ်​ပြည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​က၊ ငါ​ကိုး​ကွယ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​အ​ခွင့်​မ​ရှိ​ဘဲ အင်​တန်​ကာ​လ​ပတ်​လုံး မိုး​မ​ရွာ၊ နှင်း​မ​ကျ​ရ​ဟု အာ​ဟပ်​မင်း​အား​မြွက်​ဆို၏။

နောက်​တစ်​ဖန် မိုး​မ​ရွာ​သော​ကြောင့် ချောင်း​ရေ​ခန်း​ခြောက်​လေ၏။

အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့၏ ဇီ​ဝ​အ​သက်​နှင့် လူ​သ​တ္တ​ဝါ​ခပ်​သိမ်း​တို့၏ ထွက်​သက်​ဝင်​သက်​သည် ဘု​ရား​သ​ခင့်​လက်​တော်၌ ရှိ၏။

လေ​ကို​ချိန်​လျက်၊ ရေ​ကို​လည်း​ခြင်​လျက်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ကြည့်​ရှု၍၊ ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​တို့​ကို မြင်​တော်​မူ၏။

သာ​သ​နာ​ပ​လူ​တို့ ကိုး​ကွယ်​သော ရုပ်​တု​ဆင်း​တု​တို့​တွင်၊ မိုး​ရွာ​စေ​နိုင်​သော​သူ​ရှိ​ပါ​သ​လော။ မိုး​သည် အ​လို​လို ရွာ​နိုင်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သာ​လျှင်​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍၊ ကိုယ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ​မည်။ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။

ခိ​မ​ကြယ်​စု​နှင့် ခ​သိ​လ​ကြယ်​ကို ဖန်​ဆင်း​ထ​သော၊ သေ​မင်း​အ​ရိပ်​ကို နံ​နက်​အ​လင်း ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​အ​လင်း​ကို ည​အ​မိုက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ထ​သော၊ ပင်​လယ်​ရေ​ကို​ခေါ်၍ မြေ​ပေါ်​မှာ သွန်း​လောင်း​ထ​သော၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​ထ​သော၊

ပင်​လယ်​ကို ဆုံး​မ၍ ခန်း​ခြောက်​စေ​တော်​မူ၏။ ခပ်​သိမ်း​သော မြစ်​ရေ​ကို​လည်း ကုန်​စေ​တော်​မူ၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​တို့​သည် ညှိုး​နွမ်း​ကြ၏။ လေ​ဗ​နုန်​အ​ပွင့်​လည်း ညှိုး​နွမ်း၏။

ငါ​အ​မှန်​ဆို​ပြန်​သည်​ကား၊ ပ​ရော​ဖက် ဧ​လိ​ယ​လက်​ထက်၌ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မိုး​ခေါင်၍၊ ပြည်​နိုင်​ငံ​တစ်​လျှောက်​လုံး အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း ရှိ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော မု​ဆိုး​မ​အ​များ ရှိ​ကြ၏။-

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်၍ မိုး​မ​ရွာ၊ မြေ၏​အ​သီး​အ​နှံ​ကို မ​ဖြစ်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​မွန်​သော​ပြည်၌ သင်​တို့​သည် အ​လျင်​အ​မြန် ပျောက်​ပျက်​ကြ​လိမ့်​မည်။

ထို​သူ​တို့​သည် ပ​ရော​ဖက်​ပြု​သော နေ့​ရက်​ကာ​လ၌ မိုး​မ​ရွာ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​ရ​သော​အ​ခွင့်၊ မြစ်​ရေ၊ တွင်း​ရေ​ကို အ​သွေး​ဖြစ်​စေ ရ​သော​အ​ခွင့်၊ မိ​မိ​တို့​အ​လို​ရှိ​သ​မျှ​သော အ​ခါ၌ ဘေး​အ​မျိုး​မျိုး​ဖြင့် မြေ​ကြီး​ကို ဒဏ်​ခတ်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ