အသက်အရွယ်ကြီးသော သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံကြ၏။
ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသောအသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေးကြမည်နည်းဟုမေးသော်၊
သင့်အဘထက် အသက်ကြီးသောသူ၊ ဆံပင်ဖြူသောသူတို့သည် ငါတို့တွင်ရှိကြ၏။
ထိုအခါ ဗုဇအမျိုး ဗာရခေလသားဧလိဟု မြွက်ဆိုသည်ကား၊ ငါသည် အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကိုမပြဝံ့ဘဲ နေပါပြီ။
နေ့ရက်ကာလ တာရှည်သောသူသည် စကားပြောအပ်၏။ နှစ်ပေါင်းများစွာ လွန်သောသူသည် ပညာကို သွန်သင်အပ်၏။
လွန်လေပြီးသောကာလကို စစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှာ အားထုတ်ပါတော့။