Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 12:10

Judson Bible

အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့၏ ဇီ​ဝ​အ​သက်​နှင့် လူ​သ​တ္တ​ဝါ​ခပ်​သိမ်း​တို့၏ ထွက်​သက်​ဝင်​သက်​သည် ဘု​ရား​သ​ခင့်​လက်​တော်၌ ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​မှုန့်​ဖြင့် လူ​ကို​ဖန်​ဆင်း​၍၊ သူ၏​နှာ​ခေါင်း​ထဲ​သို့ ဇီ​ဝ​အ​သက်​ကို​မှုတ်​တော်​မူ​လျှင်၊ လူ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်​လေ​၏။

အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ ကောင်း​ကင်​အောက်​မှ ငါ့​ကိုယ်​တိုင်​ပယ်​ရှင်း​ခြင်း​ငှာ၊ မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​စေ​သ​ဖြင့်၊ မြေ​ပေါ်​မှာ​ရှိ​သ​မျှ​တို့​သည် သေ​ရကြ​မည်။

ငါ့​အ​သက်​ရှင်​လျက်၊ ငါ့​နှာ​ခေါင်း၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​သက် တည်​သ​မျှ​ကာ​လ​ပတ်​လုံး၊

အ​ဓ​မ္မ​လူ​သည် ဆုံး​ခြင်း​သို့​ရောက်၍၊ အ​သက်​ဝိ​ညာဉ်​ကို ဘု​ရား​သ​ခင်​နုတ်​တော်​မူ​သော​အ​ခါ အ​ဘယ်​မျှော်​လင့်​စ​ရာ​ရှိ​သေး​သ​နည်း။

ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ငါ့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ အ​န​န္တ​တန်​ခိုး​ရှင်၏ အ​သက်​တော်​သည် ငါ့​ကို အ​သက်​ရှင်​စေ​တော်​မူ​ပြီ။

မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​လျှင်၊ သူ​တို့​သည် ပင်​ပန်း​ကြ​ပါ၏။ သူ​တို့​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​လျှင်၊ သူ​တို့​သည်​သေ၍ မိ​မိ​တို့​မြေ​မှုန့်​ထဲ​သို့ ပြန်​သွား​ကြ​ပါ၏။

တစ်​ဖန်​ဝိ​ညာဉ်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​မျက်​နှာ​ကို အ​သစ်​ပြု​ပြင်​တော်​မူ၏။

အ​ထက်​ဆို​ခဲ့​ပြီး​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​သည် စုံ​စမ်း​ခြင်း​ငှာ ဆင်​ခြင်​ရ​သည်​ကား၊ ဖြောင့်​မတ်​သော​သူ​နှင့် ပ​ညာ​ရှိ​သော​သူ​တို့​သည် သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏​လက်​တော်၌ ရှိ​ကြ၏။ ချစ်​တော်​မူ​သော​လ​က္ခ​ဏာ​ကို ထင်​ရှား​သ​မျှ​သော​အ​မှု​အ​ရာ​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​သိ​နိုင်။

မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း၍ ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​နှင့် မြေ​ကြီး​ထဲ​က ဖြစ်​သ​မျှ​တို့​ကို ခင်း​ကျင်း​တော်​မူ​ထ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော​သူ​တို့​အား အ​သက်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို ကျော်​နင်း​သော သူ​တို့​အား ဝိ​ညာဉ်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊

ငါ​သည် အ​စဉ်​မ​ပြတ် တ​ရား​တွေ့​မည်​မ​ဟုတ်။ အ​စဉ်​မ​ပြတ် အ​မျက်​ထွက်​မည်​မ​ဟုတ်။ ထို​သို့​ဟုတ်​လျှင်၊ အ​သက်​သည် ငါ့​ရှေ့​မှာ​ပျောက်၍၊ ငါ​ဖန်​ဆင်း​သော​ဝိ​ညာဉ်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​လိမ့်​မည်။

ကောင်း​ကင်​ဘုံ၏ အ​ရှင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ဗိ​မာန်​တော်၏ ဖ​လား​တို့​ကို ရှေ့​တော်​သို့ ယူ​ခဲ့​စေ၍၊ ကိုယ်​တော်​တိုင်​မှ​စ​သော မှူး​တော်​မတ်​တော်၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ​တ​ကား။ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း၍၊ ကိုယ်​တော်၏ အ​သက်​သ​ခင်​တည်း​ဟူ​သော ကိုယ်​တော်၏​အ​မှု​အ​လုံး​စုံ​တို့​ကို စီ​ရင်​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို မ​ချီး​မွမ်း​ဘဲ နေ​ပါ​ပြီ​တ​ကား။

သူ​တို့​က​ပျပ်​ဝပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့၏ အ​သက်​ဝိ​ညာဉ်​များ​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရား​သ​ခင်၊ လူ​တစ်​ယောက်​အ​ပြစ်​ကြောင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို အ​မျက်​ထွက်​တော်​မူ​မည်​လော​ဟု လျှောက်​ဆို​လေ၏။

ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။-

ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သူ​တို့​အား ဇီ​ဝ​အ​သက်​နှင့် တ​ကွ ထွက်​သက်​ဝင်​သက်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်၍၊ တစ်​စုံ​တစ်​ခု​ကို အ​လို​တော်​ရှိ​သ​ကဲ့​သို့ လူ​တို့​လက်​ဖြင့် ကျွေး​မွေး​ခြင်း​ကို ခံ​တော်​မူ​သည်​မ​ဟုတ်။-

ငါ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖြင့် အ​သက်​ရှင်​လျက်၊ လှုပ်​ရှား​လျက်၊ ဖြစ်​လျက်​ရှိ​ကြ၏။ ထို​သို့​နှင့်​အ​ညီ၊ သင်​တို့​တွင် လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ ငါ​တို့​သည်​ကား၊ နွယ်​တော်​သား​ပင်၊ ဘု​ရား​မျိုး​ပေ၊ ဖြစ်​ကြ​လေ​ဟု စပ်​ဆို​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ