Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 11:19

Judson Bible

အိပ်​သော​အ​ခါ အ​ဘယ်​သူ​မျှ မ​ချောက်​မ​လှန့်​ရ။ လူ​များ​တို့​သည် သင့်​ကို​တောင်း​ပန်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ဘု​ရား​သ​ခင်​သည် အ​ရပ်​ရပ်၌ ငြိမ်​ဝပ်​သော​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ ယော​ရှ​ဖတ်၏​နိုင်​ငံ​တော်​သည် သာ​ယာ၏။

မျှော်​လင့်​စ​ရာ​ရှိ​သော​ကြောင့် မ​စိုး​ရိမ်​ဘဲ​နေ​လိမ့်​မည်။ ယ​ခု​အ​ရှုံး​ခံ​ရ​သော်​လည်း လုံ​ခြုံ​စွာ​ငြိမ်​ဝပ်​လိမ့်​မည်။

စော​စော​ထ​လျက်၊ ည​နက်​သည်​တိုင်​အောင် မ​အိပ်​ဘဲ​နေ​လျက်၊ ပင်​ပန်း​စွာ အ​စာ​စား​လျက်​နေ​သော်​လည်း အ​ကျိုး​မ​ရှိ။ အိပ်​ပျော်​ရ​သော​အ​ခွင့်​ကို ချစ်​တော်​မူ​သော​သူ​အား အ​မှန်​ပေး​တော်​မူ၏။

ငြိမ်​ဝပ်​စွာ​အိပ်၍ ပျော်​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​သည် လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို ကိုယ်​တော်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် အ​ခွင့်​ပေး​တော်​မူ၏။

တု​ရု​မင်း​သ​မီး​မှ​စ၍ လူ​စု​တွင် ဥ​စ္စာ​ရ​တတ်​သော​သူ​တို့​သည်​လည်း၊ လက်​ဆောင်​ပ​ဏ္ဏာ​ပါ​လျက် သင့်​ကို ဖျောင်း​ဖျ​ရ​ကြ​လိမ့်​မည်။

များ​သော​သူ​တို့​သည် မင်း​ကို ဖျောင်း​ဖျ​တတ်​ကြ၏။ လက်​ဆောင်​ပေး​သော​သူ​ကို​လည်း၊ လူ​တိုင်း မိတ်​ဆွေ​ဖွဲ့​တတ်၏။

အိပ်​သော​အ​ခါ ကြောက်​စ​ရာ​မ​ရှိ​ရ။ ကောင်း​မွန်​စွာ​အိပ်​ပျော်​ရ​လိမ့်​မည်။

အာ​ရော်​မြို့​များ​ကို စွန့်​ပစ်​သော​ကြောင့်၊ သိုး​စု​တို့​သည်​ပိုင်၍၊ အ​ဘယ်​သူ​မျှ​မ​မောင်း​ဘဲ အိပ်​ကြ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဆည်း​ပူး​သော​ဥ​စ္စာ၊ ကု​ရှ​ပြည်​သား၊ အ​ရပ်​မြင့်​သော သေ​ဘ​အ​မျိုး​သား ပြု​စု​သော​ကုန်​သွယ်​ဥ​စ္စာ​သည် သင့်​ဘက်​သို့​ရောက်၍၊ သင်၏​ဥ​စ္စာ ဖြစ်​ရ​လိမ့်​မည်။ ထို​သူ​တို့​သည် သင့်​နောက်​သို့​လိုက်၍ သံ​ကြိုး​နှင့်​ချည်​နှောင်​လျက် လမ်း၌ လျှောက်​သွား​ကြ​လိမ့်​မည်။ သင့်​ရှေ့​မှာ ပျပ်​ဝပ်၍၊ အ​ကယ်​စင်​စစ် ကိုယ်​တော်၌ ဘု​ရား​သ​ခင်​ရှိ​တော်​မူ၏။ ထို​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သာ​ဘု​ရား​သ​ခင် မည်​မျှ​မ​ရှိ​ပါ​ဟူ၍ တောင်း​ပန်​ကြ​လိမ့်​မည်။

သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့၏​သား​တို့​သည် သင့်​ထံ​သို့​လာ၍ ဦး​ချ​ကြ​လိမ့်​မည်။ သင့်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ အ​ပေါင်း​တို့​သည် သင်၏​ခြေ​ရင်း၌ ဝပ်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ဇိ​အုန်​မြို့​ဟူ၍၊ သင့်​ကို သ​မုတ်​ကြ​လိမ့်​မည်။

နောက်​တစ်​ဖန် တစ်​ပါး​အ​မျိုး​သား​တို့​သည် မ​လု​မ​ယူ​ရ​ကြ။ ပြည်​သား​ရဲ​တို့​သည်​လည်း ကိုက်၍​မ​စား​ရ​ကြ။ အ​ဘယ်​သူ​မျှ မ​ကြောက်​စေ​ဘဲ၊ သူ​တို့​သည် ငြိမ်​ဝပ်​စွာ နေ​ရ​ကြ​လိမ့်​မည်။

သင်​တို့​ပြည်၌ စစ်​မှု​ကို​ငါ​ငြိမ်း​စေ၍၊ ခြိမ်း​ခြောက်​သော​သူ​မ​ရှိ​ဘဲ သင်​တို့​သည် အိပ်​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သား​ရဲ​တို့​ကို​လည်း ငါ​ပယ်​ရှား​မည်။ တစ်​ပြည်​လုံး​သည် ဓား​ဘေး​နှင့် ကင်း​လွတ်​လိမ့်​မည်။

လူ​အ​ပေါင်း​တို့​သည် ကိုယ်​ပိုင်​သော​စ​ပျစ်​ပင်၊ ကိုယ်​ပိုင်​သော သင်္ဘော​သ​ဖန်း​ပင်​အောက်​မှာ ထိုင်​ကြ​လိမ့်​မည်။ ကြောက်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ရ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။

ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​တ​ရား​သော​အ​မှု​ကို မ​ပြု​ရ​ကြ။ မု​သား​မ​ပြော​ရ​ကြ။ သူ​တို့ နှုတ်၌ လှည့်​စား​တတ်​သော လျှာ​မ​ရှိ​ရ။ အ​ဘယ်​သူ​မျှ မ​ကြောက်​စေ​ဘဲ စား​သောက်​လျက်၊ အိပ်​လျက် နေ​ရ​ကြ​လိမ့်​မည်။

ငါ၏​နာ​မ​ကို​လည်း မ​စွန့်​မ​ပယ်။ ယု​ဒ​လူ ဖြစ်​ယောင်​ဆောင်၍ အ​မှန်​မ​ဟုတ်​ဘဲ၊ မု​သား​စ​ကား​ကို ပြော​သော​သူ​တည်း​ဟူ​သော၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဝင်​သူ အ​ချို့​တို့​ကို သင်၌​ငါ​အပ်​ပေး​မည်။ သူ​တို့​သည်​လာ၍ သင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ချစ်​သည်​ဟု သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ