Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 11:11

Judson Bible

ဘု​ရား​သ​ခင်​သည် ဆိုး​သော​သူ​တို့၏​သ​ဘော​ကို သိ​တော်​မူ၏။ သူ​တို့​အ​မှတ်​တ​မဲ့​ပြု​သော ဒု​စ​ရိုက်​ကို သိ​မြင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ရဲ​ရင့်​စွာ ခို​လှုံ​ရာ​အ​ခွင့်​ကို သူ့​အား​ပေး၍၊ ထို​သို့​သော သူ​တို့၏​အ​မှု​များ​ကို ပ​မာ​ဏ​ပြု​တော်​မူ၏။

ပ​ညာ​နေ​ရာ​အ​ရပ်​ကို သိ​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် ငါ​သွား​ရာ​လမ်း​တို့​ကို မြင်​တော်​မူ​သည် မ​ဟုတ်​လော။ ငါ့​ခြေ​ရာ​ရှိ​သ​မျှ​တို့​ကို ရေ​တွက်​တော်​မူ​သည်​မ​ဟုတ်​လော။

ထို​သူ​က၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​တော်​မူ၏။ မျက်​နှာ​ကို လွှဲ​တော်​မူ၏။ မြင်​တော်​မ​မူ​ဟု အောက်​မေ့​တတ်​ပါ၏။

သို့​သော်​လည်း၊ ကိုယ်​တော်​သည် မြင်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပင်​ပန်း​စေ​ခြင်း​နှင့် နှောင့်​ယှက်​စေ​ခြင်း​ကို လက်​ဝါး​တော်၌ မှတ်​သား​မည်​ဟု ကြည့်​ရှု​တော်​မူ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​သည် ကိုယ်​တော်၌ ကိုယ်​ကို​အပ်​တတ်​ပါ၏။ ကိုယ်​တော်​သည် မိ​ဘ​မ​ရှိ​သော​သူ၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်​ဘုံ​က​ကြည့်​ရှု၍၊ လူ​သား​အ​ပေါင်း​တို့​ကို မြင်​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​မြင်​တော်​မူ၏။ အို​ဘု​ရား​ရှင်၊ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။

လူ​တို့၏​အ​ကြံ​အ​စည်​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား သိ​တော်​မူ၏။

ကျေး​ရွာ၌ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​ခြင်း၊ တ​ရား​လမ်း​မှ​လွှဲ၍၊ မ​တ​ရား​သ​ဖြင့် အ​နိုင်​အ​ထက်​စီ​ရင်​ဆုံး​ဖြတ်​ခြင်း အ​မှု​ကို​မြင်​လျှင်၊ ထို​သို့​သော​အ​ကြံ​ရှိ​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။ ကြီး​မြင့်​သော​သူ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​မှတ်​သ​ကဲ့​သို့၊ အ​ကြီး​ဆုံး၊ အ​မြင့်​ဆုံး​သော​သူ​သည် ကြည့်​မှတ်​လျက် ရှိ​တော်​မူ၏။

သူ​တို့​ပြု​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​ကို ငါ​မှတ်​မိ​သည်​ဟု မိ​မိ​တို့ စိတ်​နှ​လုံး​ထဲ​မှာ မ​အောက်​မေ့​ကြ။ ယ​ခု​ပင် ထို​အ​မှု​တို့​သည် သူ​တို့​ကို ဝိုင်း​ကြ​ပြီ။ ငါ့​မျက်​မှောက်​တွင် ရှိ​ကြ၏။

ကိုယ်​တော်​သည် ဒု​စ​ရိုက်​ကို ကြည့်​ရှု​တော်​မ​မူ။ သန့်​ရှင်း​သော မျက်​စိ​ရှိ​တော်​မူ၏။ အ​ဓ​မ္မ​အ​မှု​ကို ကြည့်​ရှု၍ နေ​တော်​မ​မူ​တတ်​ပါ။ သို့​ဖြစ်၍၊ သ​စ္စာ​ပျက်​သော​သူ​တို့​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု၍ နေ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​လူ​သည် မိ​မိ​ထက်​ဖြောင့်​မတ်​သော​သူ​ကို ကိုက်​စား​သော​အ​ခါ၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ နေ​တော်​မူ​သ​နည်း။

ငါ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော​သူ​ရှေ့၌ မ​ထင်​ရှား​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ကွယ်​အ​ကာ မ​ရှိ​ဘဲ၊ မျက်​မှောက်​တော်၌ လှန်​ထား​လျက် ရှိ​ကြ၏။

သူ၏​သား​သ​မီး​တို့​ကို​လည်း အ​သေ​သတ်​မည်။ ငါ​သည် နှ​လုံး​ကျောက်​ကပ်​ကို စစ်​ဆေး​တော်​မူ​သော သူ​ဖြစ်​ကြောင်း​ကို ထို​သို့​သော​အား​ဖြင့် ခပ်​သိမ်း​သော အ​သင်း​တော်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​သီး​အ​သီး​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ပေး​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ