Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 10:21

Judson Bible

မှောင်​မိုက်​နှင့်​သေ​ခြင်း အ​ရိပ်​ဖုံး​လွှမ်း​သော​ပြည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှာ သူ​ငယ်​သေ​ပြီ။ အ​ဘယ်​ကြောင့် အ​စာ​ရှောင်​ရ​မည်​နည်း။ သူ​ငယ်​ကို​ပြန်၍ ဆောင်​ခဲ့​နိုင်​သ​လော။ သူ​ရှိ​ရာ​သို့ ငါ​သွား​ရ​မည်။ သူ​သည် ငါ​ရှိ​ရာ​သို့ မ​ပြန်​မ​လာ​ရ​ဟု မိန့်​တော်​မူ၏။

ငါ​တို့​သည် သေ​အံ့​သော​သူ ဖြစ်​ကြ၏။ မြေ​ပေါ်​မှာ​သွန်​ပြီး​လျှင် နောက်​တစ်​ဖန်​ကျုံး၍ မ​ယူ​နိုင်​သော​ရေ​နှင့် တူ​ကြ​ပါ၏။ ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မ​ထောက်​သော်​လည်း၊ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​သော​သူ​သည် အ​စဉ်​နှင်​ထုတ်​ခြင်း​ကို​ခံ၍ မ​နေ​ရ​မည်​အ​ကြောင်း ကြံ​စည်​တော်​မူ၏။

သေ​ခြင်း​အ​ရိပ်​ဖြစ်​စေ​သော ည​ကဲ့​သို့ တစ်​ခဲ​နက်​မိုက်​သ​ဖြင့်၊ အ​လင်း​ပင် မှောင်​မိုက်​သက်​သက်​ဖြစ်၍၊ ရှင်း​လင်း​ခြင်း အ​လျှင်း​မ​ရှိ​သော​ပြည်၊ အ​ကျွန်ုပ်​တစ်​ခါ​ရောက်​ပြီး​မှ တစ်​ဖန်​ပြန်၍ မ​လာ​ရ​သော​ပြည်​သို့ အ​ကျွန်ုပ်​သွား၍​မ​ရောက်​မီ၊ သက်​သာ​ခြင်း​အ​နည်း​ငယ် ရှိ​ပါ​မည်​အ​ကြောင်း နေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို တတ်​တိုင်း​ရှိ​စေ​တော်​မူ​ပါ​ဟု မြွက်​ဆို၏။

နှစ်​ပေါင်း​မ​ကြာ​မ​မြင့်​မီ တစ်​ဖန်​ပြန်၍ မ​လာ​ရ​သော​လမ်း​သို့ ငါ​လိုက်​သွား​ရ​တော့​မည်။

သင်္ချိုင်း​သည် ငါ့​နေ​ရာ​ဖြစ်​သည်​ကို ငါ​မျှော်​လင့်၏။ ငါ့​အိပ်​ရာ​သည် မှောင်​မိုက်၌ ခင်း​လျက်​ရှိ၏။

ထို​သို့​မ​ပြု​လျှင် ငါ​သည်​အိပ်၍ ငြိမ်း​ပြီ။ ပျော်​လျက်​နေ​ရ​ပြီ။

မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်​သည် ထို​နေ့​ရက်​အ​သ​ရေ​ကို ရှုတ်​ချ​ပါ​စေ။ မိုး​တိမ်​ထပ် လွှမ်း​မိုး​ပါ​စေ။ မွန်း​တည့်​အ​ရှိန်​ဖြင့် ကြောက်​မက်​ဖွယ် ဖြစ်​ပါ​စေ။

မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ၏​ပုန်း​ရှောင်​ရာ မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

သေ​ခြင်း​တံ​ခါး​တို့​ကို သင့်​အား​ဖွင့်​ဖူး​သ​လော။ သေ​မင်း​အ​ရိပ်​ထဲ​သို့​ဝင်​သော လမ်း​ဝ​တို့​ကို မြင်​ဖူး​သ​လော။

အ​ကယ်၍ သေ​မင်း၏​အ​ရိပ်​လွှမ်း​မိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်​လည်း ဘေး​အ​န္တ​ရာယ်​ကို မ​ကြောက်​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ လှံ​တံ​တော်​နှင့် တောင်​ဝှေး​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​စေ​ပါ၏။

အ​ကျွန်ုပ်​သည် ရွေ့​သွား၍​မ​ပျောက်​မီ​တွင် သက်​သာ​ရ​မည်​အ​ကြောင်း၊ မျက်​နှာ​လွှဲ​တော်​မူ​ပါ။

ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​လျက် ပ​ညာ​သ​တိ​မ​ရှိ​သော​သူ​သည်​ကား၊ ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​သော တိ​ရ​စ္ဆာန်​နှင့်​တူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ် အော်​ဟစ်​ပါ၏။ နံ​နက်​အ​ချိန်၌ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​သည် ရှေ့​တော်​သို့​ရောက်​ပါ၏။

အ​ကျွန်ုပ်​ကို အ​နက်​ဆုံး​သော​တွင်း၊ မှောင်​မိုက်​ဖုံး​လွှမ်း၍ အ​လွန်​နက်​နဲ​သော အ​ရပ်၌ ချ​ထား​တော်​မူ​ပြီ။

သို့​ရာ​တွင်၊ လူ​သည် အ​သက်​တာ​ရှည်၍ အ​စဉ်​ရွှင်​လန်း​သော်​လည်း၊ မှောင်​မိုက်​ကာ​လ​ကို အောက်​မေ့​ပါ​စေ။ ထို​ကာ​လ ကြာ​မြင့်​လိမ့်​မည်။ ဖြစ်​လ​တ္တံ့​သ​မျှ​တို့​သည် အ​န​တ္တ​သက်​သက်​ဖြစ်​ကြ၏။

ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။

အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌၊ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​မြင်​ရ။ ငြိမ်း​ရာ​အ​ရပ်​သား​တို့​နှင့် ပေါင်း​ဖော်​ရ​သ​ဖြင့်၊ နောက်​တစ်​ဖန် လူ​တို့​ကို မ​မြင်​ရ။

သူ​တို့​က၊ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်၍၊ တော​တစ်​လျှောက်​လုံး၊ လွင်​ပြင်၊ မြေ​တွင်း​နှင့် ပြည့်​စုံ​သော​ပြည်၊ သွေ့​ခြောက်၍ သေ​မင်း​အ​ရိပ် လွှမ်း​မိုး​သော​ပြည်၊ ခ​ရီး​သွား​သော​သူ၊ နေ​ရာ​ကျ​သော​သူ မ​ရှိ​သော ပြည်​တစ်​လျှောက်​လုံး​သို့ ပို့​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု မ​မေး​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ