ဘုရားသခင်ကို လျှောက်ရသောစကား ဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော်မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက် ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။
အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက် များပါသနည်း။ အကျွန်ုပ်ပြစ်မှားကျူးလွန်ခြင်း အပြစ်တို့ကို ကျွန်ုပ်အား ပြတော်မူပါ။
ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။
ဘုရားသခင်နှင့် အဘယ်ကြောင့် ဆန့်ကျင်ဘက်ပြုသနည်း။ ပြုတော်မူသောအမှုတို့၏ အကြောင်းကို ပြတော်မမူ။
ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြောစေတော့ဟု ယောဘအားမိန့်တော်မူလျှင်၊
လူကို စောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ရှိသည် မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ် ရွံရှာရသည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာစက်သွင်းတော်မူသနည်း။
ငါသည် အပြစ်သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီး ကြိုးစားရမည်နည်း။
ဘုရားသခင်သည် အပြစ်တင်ခြင်းငှာ အလိုတော်ရှိလျှင်၊ လူသည် အပြစ်တစ်ထောင်တွင် တစ်ခုကိုမျှ မဖြေနိုင်။
အိုဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက်ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ ကရုဏာတော်ကောင်းသည်ဖြစ်၍၊ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။
ကိုယ်တော်၏ကျွန်နှင့် တရားတွေ့တော်မမူပါနှင့်။ အသက်ရှင်သောသူမည်သည်ကား၊ ရှေ့တော်၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ။
အကျွန်ုပ်သည် အသက်အရွယ်ငယ်စဉ်၊ ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့တော်မမူပါနှင့်။ ကောင်းမြတ်တော်မူသည် ဖြစ်၍၊ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ ထာဝရဘုရား။
အိုထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကိုသနား၍ ထူးတော်မူပါ။
ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။-