Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 1:16

Judson Bible

ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ဘု​ရား​သ​ခင်၏​မီး​သည် မိုး​ကောင်း​ကင်​မှ ကျ​သ​ဖြင့်၊ သိုး​များ​နှင့် လူ​စောင့်​များ​တို့​ကို လောင်၍ သူ​တို့​သည် ကျွမ်း​ကုန်​ကြ​ပါ​ပြီ။ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ထက်၊ အ​ထံ​တော်​မှ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​အ​ပေါ်​သို့ ကန့်​နှင့် မီး​မိုး​ကို ရွာ​စေ​တော်​မူ​၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​မီး​သည်​ကျ​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ထင်း၊ ကျောက်၊ မြေ​မှုန့်​ကို​လောင်၍ ကျုံး၌​ရှိ​သော​ရေ​ကို​လည်း ခန်း​ခြောက်​စေ၏။

ဧ​လိ​ယ​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်၏​လူ​မှန်​လျှင်၊ ကောင်း​ကင်​က​မီး​ကျ၍ သင်​နှင့် သင်၏​လူ​ငါး​ကျိပ်​တို့​ကို လောင်​ပါ​စေ​ဟု လူ​ငါး​ကျိပ်​အုပ်​သော​တပ်​မှူး​အား ဆို​သည်​အ​တိုင်း၊ ကောင်း​ကင်​က​မီး​ကျ၍ သူ​နှင့်​သူ၌​ပါ​သော​လူ​ငါး​ကျိပ်​တို့​ကို လောင်​လေ၏။

ဧ​လိ​ယ​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်၏​လူ​မှန်​လျှင် ကောင်း​ကင်​က​မီး​ကျ၍ သင်​နှင့် သင်၏​လူ​ငါး​ကျိပ်​တို့​ကို လောင်​ပါ​စေ​ဟု သူ​တို့​အား​ဆို​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်၏​မီး​သည် ကောင်း​ကင်​က​ကျ၍ သူ​နှင့် သူ၌​ပါ​သော​လူ​ငါး​ကျိပ်​တို့​ကို လောင်​လေ၏။

ကောင်း​ကင်​က​မီး​ကျ၍ အ​ခြား​သော​တပ်​မှူး​နှစ်​ယောက်​နှင့် သူ​တို့၌​ပါ​သော​လူ​တစ်​ရာ​ကို လောင်​သော်​လည်း၊ ကျွန်​တော်​အ​သက်​ကို နှ​မြော​တော်​မူ​ပါ​ဟု တောင်း​ပန်​လေ၏။

တန်​ခိုး​ကြီး​သော​အ​ရှင်၊ ဘုန်း​အ​သ​ရေ​တော်​ဖြစ်​သော ကိုယ်​တော်၏​ဓား​ကို ပေါင်​တော်၌ စည်း​တော်​မူ​ပါ။

တန်​ပါ​ပြီ။ အား​ကြီး​သော​မိုး​ကြိုး​နှင့် မိုး​သီး​စဲ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​ပါ။ သင်​တို့​ကို​ငါ​မ​ဆီး​မ​တား အ​လျင်​အ​မြန်​လွှတ်​မည်​ဟု ဆို​လေ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ မီး​ထွက်၍၊ သူ​တို့​ကို​လောင်​သ​ဖြင့် ရှေ့​တော်၌​သေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မီး​ထွက်၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော မီး​ရှို့​ရာ​ယဇ်​နှင့်​ဆီ​ဥ​ကို လောင်​လေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို လူ​များ​တို့​သည်​မြင်​သော​အ​ခါ ကြွေး​ကြော်၍​ပျပ်​ဝပ်​ကြ၏။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မီး​ဖြင့် ဒဏ်​ပေး​ခြင်း​ငှာ မီး​ကို​ခေါ်​တော်​မူ၍၊ မ​ဟာ​သ​မု​ဒ္ဒ​ရာ​ကို မီး​လောင်​လေ၏။ ကုန်း​ကို​လည်း လောင်​လေ၏။

ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​လည်း ပြ၏။ လူ​တို့​မျက်​မှောက်၌ ကောင်း​ကင်​က မြေ​ကြီး​အ​ပေါ်​သို့ မီး​ကို ဆင်း​စေ၏။-

စစ်​သူ​ရဲ​များ၊ လယ်​လုပ်​သူ​များ၊ အ​ခြား​သူ​များ​အ​ပေါင်း​တို့​သည် တပ်​သား​များ၊ လု​ယူ​သော​သူ​များ​နှင့်​တ​ကွ တုန်​လှုပ်​ကြ၍၊ မြေ​ကြီး​လည်း လှုပ်​သ​ဖြင့်၊ အ​လွန်​ကြီး​သော​တုန်​လှုပ်​ခြင်း​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ