Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယာ​ကုပ် 5:2

Judson Bible

သင်​တို့​ဥ​စ္စာ​ပ​စ္စည်း​သည် ပုပ်​စပ်​လျက်​ရှိ၏။ အ​ဝတ်​ကို​လည်း ပိုး​ကိုက်​စား​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ခံ​ရ​သော​သူ​သည် ဆွေး​မြေ့​သော အ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ပိုး​ရွ​ကိုက်​စား​သော အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း အား​လျော့​ပျက်​ရ​ပါ၏။

ကိုယ်​တော်​သည် လူ​တို့​အ​ပြစ်​ကြောင့် ဆုံး​မ၍ ဒဏ်​ခတ်​တော်​မူ​လျှင်၊ ပိုး​ရွ​ဖျက်​တတ်​သ​ကဲ့​သို့၊ လူ​တို့၏ တင့်​တယ်​ခြင်း​အ​သ​ရေ​ကို ပြယ်​ပျောက်​စေ​တော်​မူ၏။ အ​ကယ်​စင်​စစ် လူ​ခပ်​သိမ်း​တို့​သည် အ​န​တ္တ​သက်​သက် ဖြစ်​ကြ​ပါ၏။

ကြည့်​ရှု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စောင့်​မ​တော်​မူ​မည်။ အ​ဘယ်​သူ​သည် ငါ့​ကို တ​ရား​ရှုံး​စေ​မည်​နည်း။ ထို​သို့​သော သူ​အ​ပေါင်း​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ပိုး​ကိုက်​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ပိုး​ရွ​တို့​သည် သိုး​မွေး​အ​ဝတ်​ကို ကိုက်​စား​သ​ကဲ့​သို့၊ ထို​သူ​တို့​ကို ကိုက်​စား​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ငါ၏ ဖြောင့်​မတ်​ခြင်း​တ​ရား​မူ​ကား နိ​စ္စ​ထာ​ဝ​ရ​ဖြစ်၍၊ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် တည်​လိမ့်​သ​တည်း။

ကော​ရ​ငှက်​သည် မိ​မိ​မ​ဥ​သော​ဥ​ကို ဝပ်​သ​ကဲ့​သို့၊ မ​တ​ရား​သ​ဖြင့် ဥ​စ္စာ​ဆည်း​ပူး​သော​သူ​သည် အ​သက်​ပျို​စဉ်​က​ပင်၊ ဆင်း​ရဲ​ခြင်း​သို့ ရောက်၍ အ​ဆုံး၌​ကား၊ လူ​မိုက်​ဖြစ်​လိမ့်​မည်။

ထို​ကြောင့်၊ ငါ​သည် ဧ​ဖ​ရိမ်၌ ကိုက်​တတ်​သော ပိုး​ကောင်၊ ယု​ဒ​အ​မျိုး၌ စား​တတ်​သော​အ​နာ​ကဲ့​သို့ ဖြစ်​မည်။

သင်​တို့​ဥ​စ္စာ​များ​ကို ရောင်း၍ ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​ဟောင်း​တတ်​သော အိတ်​တို့​ကို ကိုယ်​သုံး​ဖို့ လုပ်​ကြ​လော့။ သူ​ခိုး​မ​ရောက်၊ ပိုး​များ​မ​ဖျက်​ဆီး​ရာ​အ​ရပ်၊ ကောင်း​ကင်​ဘုံ၌ မ​ကုန်​မ​ဆုံး​နိုင်​သော​ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​လော့။-

ရွှေ​လက်​စွပ်​နှင့် တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ၊ ညစ်​သော​အ​ဝတ်​ကို​ဝတ်၍ ဆင်း​ရဲ​သော သူ​နှစ်​ဦး​သည် သင်​တို့၏ တ​ရား​ဇ​ရပ်​ထဲ​သို့ ဝင်​သော​အ​ခါ၊-

ထို​အ​မွေ​တော်​သည်​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​စေ​ခြင်း​ငှာ ပြင်​ဆင်​သော ကယ်​တင်​ခြင်း​သို့ ရောက်​စေ​မည်​အ​ကြောင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​သည် စောင့်​ရှောက်​တော်​မူ​သော သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​လျက်​ရှိ​သော အ​မွေ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ