Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယာ​ကုပ် 3:16

Judson Bible

အ​ကြောင်း​မူ​ကား၊ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ခတ်​ခြင်း၊ ဆိုး​ညစ်​စွာ ပြု​မူ​ခြင်း အ​မျိုး​မျိုး​ရှိ​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ ထို​မြို့၌​ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​သား​အ​ပေါင်း​တို့၏ စ​ကား​ကို​ရှုတ်​ထွေး၍၊ သူ​တို့​ကို မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သော​ကြောင့်၊ ထို​မြို့​သည် ဗာ​ဗု​လုန်​မြို့​ဟူ၍​တွင်​သ​တည်း။

ဩ​နန်​သည်​သား​ကို​ရ​လျှင်​မူ​ကား၊ မိ​မိ​သား​မ​မှတ်​ရ​ဟု​သိ၍ အစ်​ကို​အား သား​ကို​မ​ပေး​လို​ဘဲ၊ အစ်​ကို​မ​ယား​ထံ​သို့​ဝင်​သော​အ​ခါ၊ သုက်​ရည်​ကို​ထုတ်၍ စွန့်​လေ၏။

အိမ်​သည်​လည်း မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။-

တစ်​မြို့​လုံး ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ ပေါ​လု​နှင့်​အ​တူ ဒေ​သ​စာ​ရီ လှည့်​လည်​သော မာ​ကေ​ဒေါ​နိ​လူ ဂါ​ယု​နှင့် အာ​ရိ​တ္တာ​ခု​တို့​ကို ဆွဲ​ယူ​ပြီး​လျှင်၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး​ဝင်​ကြ၏။-

ငြင်း​ဆန်​သော​သ​ဘော​ရှိ၍၊ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို​ကား၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​ထွက်​တော်​မူ​လ​တ္တံ့၊-

ဘု​ရား​သ​ခင်​သည် ရုန်း​ရင်း​ခတ်​သော​အ​မှု​ကို ပြု​စု​တော်​မ​မူ။ သန့်​ရှင်း​သူ​တို့၏ အ​သင်း​တော်​အ​ပေါင်း​တို့၌ ဖြစ်​သ​ကဲ့​သို့ အ​သင့်​အ​တင့် ငြိမ်​ဝပ်​ခြင်း​ကို ပြု​စု​တော်​မူ၏။

ယ​ခု​ပင်​လည်း၊ ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ​သေး၏။ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ လူ​ဖြစ်​ကြ​သည် မ​ဟုတ်​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ဆောင်​ကြ​သည် မ​ဟုတ်​လော။-

ငါ​ရောက်​လာ​သော​အ​ခါ၊ သင်​တို့​သည် ငါ​နှစ်​သက်​သော​သူ မ​ဖြစ်၊ ငါ​သည်​လည်း သင်​တို့ မ​နှစ်​သက်​သော​သူ ဖြစ်​မည်​ဟူ၍​လည်း​ကောင်း၊ သင်​တို့၌ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ ချော​စား​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ အ​ချင်း​ချင်း​အ​မှု​လုပ်​ခြင်း ဖြစ်​မည်​ဟူ​လည်း​ကောင်း၊-

ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုန်​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း၊ သင်း​ခွဲ​ခြင်း၊-

သို့​မ​ဟုတ် သင်​တို့​စိတ်​ထဲ​မှာ ခါး​စွာ​သော ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ သ​မ္မာ​တ​ရား​ကို မု​သား​ဖြင့်​ဆန်၍ မ​ဝါ​ကြွား​ကြ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ