Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 5:6

Judson Bible

စား​စ​ရာ​ကို​ရ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သား၊ အာ​ရှု​ရိ​ပြည်​သား​တို့၌ ကျွန်​ခံ​ရ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်၊ မိ​မိ​အိမ်​သား​တို့​တွင်​အ​သက်​ကြီး၍ ဘ​ဏ္ဍာ​စိုး​လုပ်​သော​သူ​ကို​ခေါ်​လျက်၊

ထို​ဇ​ရပ်​မှ ထွက်​သော​အ​ခါ ခ​ရီး​ဦး​ကြို​ပြု​အံ့​ဟု​လာ​သော ရေ​ခပ်​သား​ယော​န​ဒပ်​ကို တွေ့၍ နှုတ်​ဆက်​သ​ဖြင့်၊ ငါ့​စိတ်​နှ​လုံး​သည် သင့်​စိတ်​နှ​လုံး​နှင့်​သင့်၍ သ​ဘော​ဖြောင့်​သ​ကဲ့​သို့ သင့်​စိတ်​နှ​လုံး​သည် သ​ဘော​ဖြောင့်​သ​လော​ဟု မေး​လျှင်၊ ဖြောင့်​ပါ​သည်​ဟု လျှောက်​ဆို​သော်၊ ထို​သို့​မှန်​လျှင် သင့်​လက်​ကို​ပေး​ပါ​ဟု ဆို​သည်​အ​တိုင်း၊ လက်​ကို​ပေး၍ ယေ​ဟု​သည် မိ​မိ​အ​နား​သို့ ရ​ထား​ပေါ်​မှာ ဆွဲ​တင်​လျက်၊

ဆီ​မွှေး​ပါ​လျက်၊ ရှင်​ဘု​ရင့်​ထံ​သို့​သွား​ပြီ။ နံ့​သာ​မျိုး​များ​ကို​သုံး​ပြီ။ တ​မန်​တို့​ကို ဝေး​သော​အ​ရပ်​သို့ စေ​လွှတ်၍၊ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် မိ​မိ​ကို​မိ​မိ နှိမ့်​ချ​ပြီ။

ယ​ခု​မှာ သင်​သည် ရှိ​ဟော​ရ​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အဲ​ဂု​တ္တု​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။ ဥ​ဖ​ရတ်​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အာ​ရှု​ရိ​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။

သင်​သည် အ​ရပ်​ရပ်​သို့ ပြောင်း​လဲ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ဤ​မျှ​လောက်​လှည့်​လည်​သ​နည်း။ အာ​ရှု​ရိ​ပြည်​ကို ရှက်​ကြောက်​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ပြည်​ကို ရှက်​ကြောက်​လိမ့်​မည်။

မြို့​ပတ်​လည်၌ ကြွေး​ကြော်​ကြ​လော့။ သူ​သည်​ဝန်​ချ​ပြီ။ မြို့​ရိုး​နှင့် ပြ​အိုး​တို့​သည် ပြို​လဲ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ပြေ​ခြင်း အ​မှု​ဖြစ်၍၊ သူ့​ကို​အ​ပြစ်​နှင့်​အ​လျောက် စီ​ရင်​ကြ​လော့။ သူ​သည်​ပြု​ဖူး​သည်​အ​တိုင်း သူ၌​ပြု​ကြ​လော့။

ငါ​တို့​သည်​ရှိ​စဉ်​တွင် မ​စ​မည့်​သူ​ကို မျှော်​လင့်၍ မ​မြင်​ရ​ကြ။ မ​ကယ်​တင်​နိုင်​သော​လူ​မျိုး​ကို ကင်း​စင်​ပေါ်​မှာ အ​ကျိုး​မ​ရှိ​ဘဲ စောင့်​ကြ​ပြီ။

အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မင်း​သည် လက်​ချင်း​ရိုက်​ပြီး​မှ၊ သ​စ္စာ​တော်​ကို​မ​ရို​မ​သေ​ပြု၍ ပ​ဋိ​ညာဉ်​ကို​ဖျက်​လျက်၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့် ဘေး​မှ​မ​လွတ်​ရ။

ဧ​ဖ​ရိမ်​သည် လေ​ကို ကျက်​စား​တတ်၏။ အ​ရှေ့​လေ​ကို လိုက်​တတ်၏။ နေ့​တိုင်း မု​သား​စ​ကား​နှင့် ပျက်​စီး​ခြင်း​အ​ကြောင်း​တို့​ကို များ​ပြား​စေ​တတ်၏။ အာ​ရှု​ရိ​လူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်​နှင့်​ပင်၊ အဲ​ဂု​တ္တု​ပြည်​သို့ ဆီ​ကို ယူ​သွား​တတ်၏။

ဧ​ဖ​ရိမ်​သည် မိ​မိ​အ​ပေါက်​တို့​ကို​လည်း​ကောင်း၊ ယု​ဒ​သည် မိ​မိ​အ​နာ​ကို​လည်း​ကောင်း မြင်​သော​အ​ခါ၊ ဧ​ဖ​ရိမ်​သည် အာ​ရှု​ရိ​မင်း​ထံ​သို့ သွား၍၊ ယု​ဒ​သည် ရှင်​ဘု​ရင်​ယာ​ရက်​ထံ​သို့ စေ​လွှတ်​သော်​လည်း၊ ထို​မင်း​တို့​သည် သင်​တို့​အ​ပေါက်​ကို မ​ဖာ​နိုင်၊ အ​နာ​ကို​လည်း မ​ပျောက်​စေ​နိုင်​ကြ။

ဧ​ဖ​ရိမ်​သည် ဉာဏ်​မ​ရှိ၊ မိုက်​သော ချိုး​နှင့်​တူ၏။ အဲ​ဂု​တ္တု​ပြည်​ကို ဟစ်​ခေါ်​တတ်၏။ အာ​ရှု​ရိ​ပြည်​သို့ ပြေး​တတ်၏။

ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​မြေ​တော်၌​မ​နေ​ရ​ဘဲ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား၍၊ အာ​ရှု​ရိ​ပြည်၌ မ​စင်​ကြယ်​သော​အ​စာ​ကို စား​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ