ငွေပေးမှ ရေကို သောက်ရပါ၏။ ထင်းကိုလည်း ဝယ်ရပါ၏။
ဘိုးဘေးတို့သည် အလွန်မြတ်သော အသီးအနှံကို စားရသောအခွင့်နှင့် သူတို့အား ပေးသနားတော်မူသောပြည်၌ အကျွန်ုပ်တို့သည် ယနေ့ အစေခံကျွန် ဖြစ်ကြပါ၏။ သူ့ကျွန် ခံရကြပါ၏။
အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေသခင်၊ အရှင်ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍၊ ခပ်သိမ်းသော အထောက်အပင့်တို့ကို ယေရုရှလင်မြို့နှင့် ယုဒပြည်မှ ပယ်ရှားတော်မူ၏။
အို ရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍ စားသောက်ကြလော့။ ငွေမပါဘဲ၊ အဖိုးကိုမပေးဘဲလာ၍ စပျစ်ရည်နှင့် နို့ကို ဝယ်ကြလော့။
ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ၏အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမီတိုင်အောင် သင့်လည်ပင်း၌ သံထမ်းပိုးကို တင်ထားတော်မူမည်။