Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 5:17

Judson Bible

ထို​ကြောင့် အ​ကျွန်ုပ်​တို့​သည် စိတ်​ပျက်​ကြ​ပါ​ပြီ။ ထို​အ​ပြစ်​ကြောင့် မျက်​စိ​တို့​သည်​လည်း​မွဲ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဝမ်း​နည်း​ခြင်း​အား​ကြီး​သော​ကြောင့် ငါ့​မျက်​စိ​မှုန်၏။ ကိုယ်​အင်္ဂါ​များ​တို့​သည် အ​ရိပ်​ကဲ့​သို့ ဖြစ်​ကြ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌​အ​မှု​ရောက်​ပါ​ပြီ။ ထို​ကြောင့် အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ ပူ​ပန်​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​မျက်​စိ၊ စိတ်​နှ​လုံး၊ ဝမ်း​တို့​သည်​ပျက်​ကြ​ပါ​ပြီ။

နုန့်​နဲ့​ခြင်း၊ ကြေ​ကွဲ​ခြင်း​ရှိ၍၊ စိတ်​နှ​လုံး​လှုပ်​ရှား​သ​ဖြင့် အော်​ဟစ်​ရ​ပါ​၏။

ဝမ်း​နည်း​ခြင်း​အား​ဖြင့် မျက်​စိ​ပျက်၍၊ ရန်​သူ​များ​ကြောင့် ပြာ​မှုန်​လျက်​ရှိ​ပါ၏။

အော်​ဟစ်၍ ပင်​ပန်း​ပါ​ပြီ။ လည်​ချောင်း​ခြောက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ်​မျှော်​ကြည့်၍ မျက်​စိ​ပျက်​ပါ​ပြီ။

သူ​တို့​ကို​အ​ဘယ်​သို့ ဒဏ်​ပေး​ရ​ဦး​မည်​နည်း။ အ​ဘယ်​သို့ ထပ်​၍ ဆုံး​မ​ရ​ဦး​မည်​နည်း။ ဦး​ခေါင်း​သည် အ​နာ​သက်​သက်​ရှိ​၏။ နှ​လုံး​သည်​လည်း ခွန်​အား​အ​လျှင်း​မ​ရှိ။

ငါ​သည် တီ​တီ​တွတ်​နှင့် ဇ​ရက်​ကဲ့​သို့ မြည်၍ ချိုး​ကဲ့​သို့ ညည်း​တွန်​ရ၏။ ငါ့​မျက်​စိ​တို့​သည် မျှော်​ကြည့်၍ အား​လျော့​ကြ​ပြီ။ အို ဘု​ရား​ရှင်၊ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော အ​ကျွန်ုပ်​ဘက်၌ နေ​တော်​မူ​ပါ။

သူ​တို့​သည်​ကြောက်​ရွံ့၍ ဆုတ်​သွား​ကြ​သည်​ကို အ​ဘယ်​ကြောင့် ငါ​မြင်​ရ​သ​နည်း။ အား​ကြီး​သော​သူ​တို့​သည် ရှုံး​သ​ဖြင့် ပြန်၍​မ​ကြည့်​ဝံ့။ အ​လျင်​အ​မြန်​ပြေး​ကြ၏။ ပတ်​လည်​အ​ရပ်၌ ဘေး​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​ဝမ်း​နည်း​ခြင်း​ပျောက်​မည်​အ​ကြောင်း အ​ဘယ်​သို့​နည်း။ ငါ​သည် စိတ်​ပျက်​လျက်​နေ​ရ၏။

အ​ထက်​မှ​မီး​ကို ငါ့​အ​ရိုး​ထဲ​သို့ လွှတ်​လိုက်၍ ကြေ​မွေ​စေ​တော်​မူ​ပြီ။ ငါ့​ခြေ​ကို ကျော့​မိ​စေ​ခြင်း​ငှာ ကျော့​ကွင်း​ထောင်၍ ငါ့​ကို​ပြန်​စေ​တော်​မူ​ပြီ။ တစ်​နေ့​လုံး​ညှိုး​ငယ်​ခြင်း​အ​ကြောင်း၊ စိတ်​ပျက်​ခြင်း​အ​ကြောင်း​ကို ငါ၌ ဖြစ်​စေ​တော်​မူ၏။

သူ​တို့၏ ဒု​စ​ရိုက်​အ​လုံး​စုံ​တို့​ကို စစ်​ကြော​တော်​မူ​ပါ။ အ​ကျွန်ုပ် ပြစ်​မှား​မိ​သ​မျှ​သော​အ​ပြစ်​တို့​ကြောင့်၊ အ​ကျွန်ုပ်၌ ပြု​တော်​မူ​သ​ကဲ့​သို့ သူ​တို့၌ ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ညည်း​တွား​ခြင်း​များ​ပြား၍ စိတ်​ပျက်​လျက်​ရှိ​ပါ၏။

ငါ၏​လူ​မျိုး သ​တို့​သ​မီး​ပျက်​စီး​သော​ကြောင့်၊ ငါ​သည်​မျက်​ရည်​ကျ၍ မျက်​စိ​ပျက်​လေ​ပြီ။ ဝမ်း၌ ဆူ​လှိုက်​ခြင်း​ရှိ၍ အ​သည်း​လည်း မြေ​ပေါ်​မှာ သွန်း​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ​ငယ်​နှင့် နို့​စို့​က​လေး​တို့​သည် မြို့​လမ်း၌ အား​ပျက်​လျက်​နေ​ကြ၏။

သူ​တို့​စိတ်​ပျက်၍ အ​ထူး​သ​ဖြင့်​ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ဓား​ဘေး​ကို မြို့​တံ​ခါး​ရှိ​သ​မျှ​တို့၌ ငါ​ရောက်​စေ​ပြီ။ ဓား​ပြောင်​လျက်​ရှိ၏။ လုပ်​ကြံ​စ​ရာ​ဖို့ ပွတ်​ထား​လျက်​ရှိ၏။

သူ​တို့​က​လည်း၊ အ​ဘယ်​ကြောင့် ညည်း​တွား​သ​နည်း​ဟု သင့်​ကို​မေး​သော​အ​ခါ၊ သင်​က၊ ငါ​သည် သ​တင်း​စ​ကား​ကြောင့် ညည်း​တွား၏။ အ​မှု​နီး​ပြီ၊။ လူ​အ​ပေါင်း​တို့​သည် ကြောက်​အား​ကြီး၍ လက်​အား​လျော့​ကြ​လိမ့်​မည်။ စိတ်​ပျက်၍ ဒူး​သည်​လည်း အ​ရည်​ဖြစ်​လိမ့်​မည်။ အ​မှု​လာ၍ ရောက်​မည်​အ​ကြောင်း​ကို၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ပေး​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လော့​ဟု မိန့်​တော်​မူ၏။

ရန်​သူ​ပြည်​မှာ​ကျန်​ကြွင်း​သော သင်​တို့​စိတ်​နှ​လုံး​ထဲ​သို့၊ ထိတ်​လန့်​သော​သ​ဘော​ကို ငါ​ပေး​သွင်း​သ​ဖြင့်၊ သစ်​ရွက်​လှုပ်​သံ​ကြောင့် သင်​တို့​သည်​ကြောက်၍၊ ဓား​ဘေး​မှ​ပြေး​သ​ကဲ့​သို့ ပြေး​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း လဲ​ကြ​လိမ့်​မည်။

သို့​ဖြစ်၍၊ သင်၏​အ​ပြစ်​ကြောင့် သင့်​ကို​ငါ​သုတ်​သင်​ပယ်​ရှင်း​ခြင်း အ​လို​ငှာ နာ​ကျင်​စွာ ဒဏ်​ခတ်​မည်။

ထို​လူ​မျိုး​တို့​တွင် သင်​သည် သက်​သာ​ခြင်း​မ​ရှိ​ရာ၊ နေ​ရာ​မ​ကျ​ရာ။ နှ​လုံး​တုန်​လှုပ်​ခြင်း၊ မျက်​စိ​မျှော်၍ အား​ကုန်​ခြင်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​သ​ဖြင့်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ