ယေရုရှလင်မြို့အလယ်၌ ဖြောင့်မတ်သောသူတို့ကို သတ်တတ်သော မြို့သားပရောဖက်တို့၏ဒုစရိုက်များနှင့်၊ ယဇ်ပုရောဟိတ်တို့၏ အပြစ်များကြောင့် ဤအမှုသည် ရောက်လေပြီ။
ထာဝရဘုရားက၊ ထိုပရောဖက်တို့သည် ငါ၏နာမကိုအမှီပြု၍ မုသားကို ဟောတတ်ကြ၏။ သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ ဗျာဒိတ်မပေး။ သူတို့ဟောပြောချက်တို့သည် မျက်စိကိုလှည့်ခြင်း၊ နတ်ပူးခြင်း၊ အချည်းနှီးကြံစည်ခြင်း၊ မိမိဉာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ၏။
ရှေးကာလ၌ သင်ထမ်းရသောထမ်းပိုး၊ သင်၌ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးချွတ်၍ သင်က၊ အကျွန်ုပ်သည် မမှားယွင်းဘဲနေပါမည်ဟု ကတိထားသော်လည်း၊ မြင့်သောတောင်ရှိသမျှ အပေါ်၌လည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌လည်းကောင်း၊ ကိုယ်ကိုချ၍ ပြည့်တန်ဆာလုပ်လေ၏။
ငါသည် သင်တို့သားများကို အချည်းနှီးဒဏ်ပေးပြီ။ သူတို့သည် ဆုံးမခြင်းကို မခံကြ။ သင်တို့၏ဓားသည် လုယူဖျက်ဆီးတတ်သော ခြင်္သေ့ကဲ့သို့၊ သင်တို့၏ ပရောဖက်များကိုဖျက်ဆီးလေပြီ။
ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြောကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သောအမှုကို ငါ၏လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့်မည်နည်း။
အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသားကိုသုံးကြ၏။
သင်၏ ပရောဖက်တို့သည် အချည်းနှီးသောအရာ၊ မိုက်သောအရာတို့ကို သင့်အဖို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကို ပြေစေခြင်းငှာ၊ သင်၏အပြစ်ကိုမဖော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာအရာကို သင့်အဖို့ မြင်ကြပြီ။
သင်တို့သည် ဤမြို့၌သူရဲတို့ကို များပြားစေ၍၊ မြို့လမ်းတို့ကို သူရဲများနှင့် ပြည့်စေကြပြီ။
ထိုပြည်အလယ်၌ ပရောဖက်တို့သည် သင်းဖွဲ့ခြင်းကို ပြုကြပြီ။ ဟောက်၍ အကောင်ကိုကိုက်ဖြတ်သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ၏။ ဘဏ္ဍာများနှင့် အဖိုးထိုက်သောဥစ္စာများကို လုယူကြ၏။ ပြည်အလယ်၌ မုဆိုးမတို့ကို များပြားစေကြ၏။
ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကို သတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဖို့ ကိုယ်သက်သေခံကြ၏။-
သင်တို့ဘိုးဘေးများသည် အဘယ်ပရောဖက်ကိုမျှ မညှဉ်းဆဲဘဲ နေသနည်း။ ဖြောင့်မတ်သောသူ ကြွလာတော်မူမည်အကြောင်းအရာကို ဟောပြောပြညွှန်သော သူတို့ကို ကွပ်မျက်ကြ၏။ ထိုဖြောင့်မတ်သောသူကိုပင် ယခုလည်း သင်တို့သည် အပ်နှံ၍ အသေသတ်ကြပြီ။-