Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:7

Judson Bible

ငါ​မ​ထွက်​နိုင်​အောင်​ဝင်း​ခတ်၍၊ လေး​သော သံ​ကြိုး​နှင့် ချည်​နှောင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါ​မ​သွား​နိုင်​အောင် ငါ့​ရှေ့​မှာ​အ​ဆီး​အ​ကာ​ပြု၍၊ ငါ​သွား​ရာ​လမ်း၌ မှောင်​မိုက်​ကို​ထား​တော်​မူ​ပြီ။

မိ​မိ​သွား​သော​လမ်း ကွယ်​ပျောက်​သော​သူ၊ ဘု​ရား​သ​ခင် ဆီး​ကာ​ချုပ်​ထား​သော​သူ​အား အ​လင်း​နှင့်​အ​သက်​ကို အ​ဘယ်​ကြောင့် ပေး​သ​နည်း။

အ​ကျွန်ုပ်၏​အ​သိ​အ​ကျွမ်း​များ​ကို အ​ဝေး​သို့​ရွှေ့​တော်​မူ​ပြီ။ သူ​တို့​အား အ​ကျွန်ုပ်​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် အ​ချုပ်​ခံ​ရ၍၊ ပြင်​သို့ မ​ထွက်​ရ​ပါ။

အ​ကျွန်ုပ်​ခံ​ရ​သော ဒု​က္ခ​ကြောင့် အ​ကျွန်ုပ်​မျက်​စိ​သည် ပျက်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​စဉ်​အော်​ဟစ်​ပါ၏။ အ​ထံ​တော်​သို့ လက်​ကို​ဆန့်​ပါ၏။

ထို​အ​ခါ ယေ​ရ​မိ​ကို​ယူ၍၊ ထောင်​ဝင်း​ထဲ​မှာ​ရှိ​သော သား​တော်​မာ​လ​ခိ၏​မြေ​တွင်း၌ ကြိုး​နှင့်​လျှော့​ချ​ကြ၏။ ထို​မြေ​တွင်း၌ ရေ​မ​ရှိ၊ ရွှံ့​သာ​ရှိ၍၊ ယေ​ရ​မိ​သည် ရွှံ့၌​ကျွံ​လျက်​နေ၏။

ယ​ခု​မှာ သင့်​လက်၌ ချည်​နှောင်​လျက်​ရှိ​သော သံ​ကြိုး​ကို ငါ​ချွတ်​မည်။ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့ လိုက်​လာ​ခြင်း​ငှာ အ​လို​ရှိ​လျှင် လိုက်​လာ​ပါ။ ငါ​သည် ကောင်း​မွန်​စွာ​ကြည့်​ရှု​မည်။ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​ခြင်း​ငှာ အ​လို​မ​ရှိ​လျှင် မ​လိုက်​နှင့်။ တစ်​ပြည်​လုံး​သည် သင့်​ရှေ့​မှာ​ရှိ၏။ အ​ကြင်​အ​ရပ်​သို့ သွား​ကောင်း​သည်​ဟု စိတ်​ထင်​လျှင်၊ ထို​အ​ရပ်​တည်း​ဟူ​သော စိတ်​ရောက်​ရာ​အ​ရပ်​သို့ သွား​ပါ​လော့​ဟု ဆို၏။

ငါ​ပြစ်​မှား​သော အ​ပြစ်​ထမ်း​ပိုး​ကို လက်​တော်​နှင့် ငါ့​လည်​ပင်း​ပေါ်၌​တပ်၍ ချည်​နှောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​လျော့​စေ၍၊ ငါ​မ​ဆီး​တား​နိုင်​သော သူ့​တို့​လက်​သို့ ရောက်​စေ​တော်​မူ​ပြီ။

ငါ​သွား​ရာ​လမ်း​ကို​ကျောက်​ထ​ရံ​နှင့် ပိတ်၍၊ ကောက်​သော​လမ်း​ဖြင့် သွား​စေ​တော်​မူ၏။

ထမ်း​ပိုး​ကို အ​စဉ်​ထမ်း​ရ​ပါ၏။ မ​ရပ်​မ​နေ​ဘဲ လုပ်​ကိုင်​ရ​ပါ၏။

အ​ကျွန်ုပ်​တို့​တစ်​ဖက်၊ အ​ကျွန်ုပ်​တို့​ကို​အုပ်​သော တ​ရား​သူ​ကြီး​တို့ တစ်​ဖက်၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို တည်​စေ၍၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ကြီး​စွာ​သော​ဘေး​ဥ​ပဒ်​ကို ရောက်​စေ​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ ဘေး​ရောက်​သ​ကဲ့​သို့ ကောင်း​ကင်​အောက်​တွင် အ​ဘယ်​အ​ရပ်၌​မျှ မ​ရောက်​စ​ဖူး​ပါ။

သို့​ဖြစ်၍၊ သူ့​ကို​ဆူး​စောင်​ရန်း​နှင့် ကာ​ထား​မည်။ ထွက်​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ သူ့​ပတ်​လည်၌ ကျောက်​ရိုး​ကို​လည်း တည်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ