Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:66

Judson Bible

အ​မျက်​တော်​ထွက်၍ သူ​တို့​ကို ညှဉ်း​ဆဲ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏ မိုး​ကောင်း​ကင်​အောက်​မှ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး၏​နာ​မ​ကို မိုး​ကောင်း​ကင်​အောက်၌ မ​ပျောက်​စေ​မည်​အ​ကြောင်း ကြံ​တော်​မူ၍၊ ယ​ဟော​ရှ​သား ယေ​ရော​ဗောင်​အား​ဖြင့် ကယ်​တင်​တော်​မူ၏။

ကောင်း​ကင်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​ဖြစ်၏။ မြေ​ကြီး​ကို​ကား လူ​သား​တို့​အား ပေး​တော်​မူ​ပြီ။

ထို​သူ​တို့​သည် လေ​တိုက်​သော​ဖွဲ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏​တ​မန်​သည်​လည်း သူ​တို့​ကို လှဲ​ပါ​စေ​သော။

သူ​တို့​သွား​သော​လမ်း​သည် မိုက်​သော​လမ်း၊ ချော​သော​လမ်း ဖြစ်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​သည်​လည်း သူ​တို့​ကို လိုက်​ပါ​စေ​သော။

ထို​သို့​သ​ဘော​ကျ​မည်​ဟု အ​ကျွန်ုပ်​ဆို​လျှင်၊ ကိုယ်​တော်၏​အ​မျိုး​သား​တို့​ကို ပြစ်​မှား​ရာ​သို့ ရောက်​ပါ​လိမ့်​မည်။

လက်​ညှိုး​တော်​အ​လုပ်​တည်း​ဟူ​သော ကိုယ်​တော်၏​မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ ပြင်​ဆင်​တော်​မူ​သော​လ​နှင့် ကြယ်​များ​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​ဆင်​ခြင်​သော်၊

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​ဘုံ​သည် ငါ့​ပ​လ္လင်​ဖြစ်၏။ မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ ဖြစ်၏။ အ​ဘယ်​သို့​သော ဗိ​မာန်​ကို ငါ့​အ​ဖို့​တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ​ကျိန်း​ဝပ်​ရာ​အ​ရပ် ဖြစ်​မည်​နည်း။

သာ​သ​နာ​ပ​လူ​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို မ​ဖန်​ဆင်း​သော​ဘု​ရား​တို့​သည် ဤ​ကောင်း​ကင်​အောက်၊ ဤ​မြေ​ကြီး​ပြင်​မှ ကွယ်​ပျောက်​ကြ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​တော်​မူ၏။ အ​ကျွန်ုပ်​ကို​အောက်​မေ့​လျက် အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို တ​ရား​သ​ဖြင့် ပေး​တော်​မူ​ပါ။ သူ​တို့​ကို​သည်း​ခံ၍၊ အ​ကျွန်ုပ်​ကို သုတ်​သင်​ပယ်​ရှင်း​တော် မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​တွက် ကဲ့​ရဲ့​ခြင်း​ခံ​ရ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။

အ​မျက်​တော်​ထွက်၍ မျက်​နှာ​လွှဲ​တော်​မူ၏။ တစ်​ဖန် အ​ကျွန်ုပ်​တို့​ကို​လိုက်၍ က​ရု​ဏာ​မ​ရှိ​ဘဲ ကွပ်​မျက်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သည် ကောင်း​သော​အ​ရာ​ကို စွန့်​ပစ်​သော​ကြောင့်၊ ရန်​သူ​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ အ​ပိုင်​ပေး​တော်​မူ​သော​ပြည်၌ သင့်​ပတ်​လည်၌​နေ​သော ရန်​သူ​အ​ပေါင်း​တို့၏​လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​တော်​မူ​သော​အ​ခါ၊ အာ​မ​လက်​အ​မျိုး​ကို အောက်​မေ့​စ​ရာ မ​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​အောက်၌ သုတ်​သင်​ပယ်​ရှင်း​ရ​မည်။ ထို​အ​မှု​ကို မ​မေ့​မ​လျော့​ရ။

ထို​သူ​ကို ထာ​ဝ​ရ​ဘု​ရား နှ​မြော​တော်​မ​မူ။ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​စိတ်၊ အ​မျက်​တော်​အ​ရှိန် မီး​ခိုး​ထွက်၍ ဤ​ကျမ်း​စာ၌​ရေး​ထား​သော အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​သည် ထို​သူ​အ​ပေါ်​မှာ တည်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​အ​မည်​ကို မိုး​ကောင်း​ကင်​အောက်၌ ချေ​တော်​မူ​လိမ့်​မည်။

သူ​တို့​ရှင်​ဘု​ရင်​များ​ကို​လည်း သင့်​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ဘွဲ့​နာ​မ​ကို​ပင် ကောင်း​ကင်​အောက်​မှာ ပယ်​ရှင်း​ရ​မည်။ သူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​ရာ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ