မြည်တမ်းစကား 3:62Judson Bibleအကျွန်ုပ်တစ်ဖက်၌ ထသောသူတို့၏အပြစ်တင်ခြင်း၊ အကျွန်ုပ်တစ်ဖက်၌ တစ်နေ့လုံး ကြံစည်ခြင်းကိုလည်းကောင်း ကိုယ်တော်ကြားတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
သူတို့ကလည်း လာကြ။ ယေရမိတစ်ဖက်၌ ကြံစည်ကြကုန်အံ့။ ယဇ်ပုရောဟိတ်သည် တရားအမှု၌လည်းကောင်း၊ ပညာရှိသောသူသည် အကြံပေးခြင်းအမှု၌လည်းကောင်း၊ ပရောဖက်သည် ဟောပြောခြင်းအမှု၌လည်းကောင်း အရှုံးမခံရ။ လာကြ။ ယေရမိကို လျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားကို နားမထောင်ဘဲ နေကြကုန်အံ့ဟုဆိုကြ၏။
ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ကျန်ကြွင်းသော တစ်ပါးအမျိုးသားတို့ သိမ်းယူရာဖြစ်ရသည်တိုင်အောင်၊ သင်တို့ကို သုတ်သင်ပယ်ရှင်း၍ ပတ်လည် ကိုက်စားသောကြောင့်လည်းကောင်း၊ သင်တို့သည် လူများပြောဆိုရာ၊ ကဲ့ရဲ့ရာဖြစ်သောကြောင့်လည်းကောင်း၊