Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:59

Judson Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း​ကို မြင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အ​ဖို့ တ​ရား​စီ​ရင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ရာ​ခေ​လ​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​တ​ရား​စီ​ရင်​တော်​မူ​ပြီ။ ငါ့​စ​ကား​ကို​ကြား၍ သား​ကို​ပေး​သ​နား​တော်​မူ​ပြီ​ဟု ဆို​သည်​နှင့်​အ​ညီ၊ ထို​သား​ကို ဒန်​အ​မည်​ဖြင့်​မှည့်​လေ၏။

ယ​ခု​လည်း ကျွန်ုပ်​အ​ဘ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ ဣ​ဇာက်၏​ကြောက်​ရွံ့​ရာ​ဘု​ရား​သည် ကျွန်ုပ်​ဘက်၌​မ​ရှိ​လျှင်၊ သင်​သည် ကျွန်ုပ်​ကို ဧ​ကန်​အ​မှန်​လက်​ချည်း လွှတ်​လိုက်​လိမ့်​မည်​တ​ကား။ အ​ကယ်​စင်​စစ် ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​ခြင်း၊ ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​ခြင်း​ကို ဘု​ရား​သ​ခင်​မြင်၍၊ မ​နေ့​ည​မှာ သင့်​ကို​ဆုံး​မ​တော်​မူ​ပြီ​ဟု ဆို​လေ​၏။

သို့​သော်​လည်း၊ ကိုယ်​တော်​သည် မြင်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပင်​ပန်း​စေ​ခြင်း​နှင့် နှောင့်​ယှက်​စေ​ခြင်း​ကို လက်​ဝါး​တော်၌ မှတ်​သား​မည်​ဟု ကြည့်​ရှု​တော်​မူ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​သည် ကိုယ်​တော်၌ ကိုယ်​ကို​အပ်​တတ်​ပါ၏။ ကိုယ်​တော်​သည် မိ​ဘ​မ​ရှိ​သော​သူ၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​ကြောင့်၊ အ​ကျွန်ုပ်​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ၍၊ ရွေ့​လျော့​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌ ဆန့်​ကျင်​ဘက်​ပြု​သော​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို စစ်​တိုက်​သော​သူ​တို့​ကို တိုက်​တော်​မူ​ပါ။

အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၏​အ​ရှင်၊ အ​ကျွန်ုပ်၌​ရောက်​သော​အ​မှု​ကို စီ​ရင်​တော်​မူ​မည်​အ​ကြောင်း ကိုယ်​ကို​နှိုး​ဆော်၍ ထ​တော်​မူ​ပါ။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​မှု၌ တ​ရား​ဆုံး​ဖြတ်​တော်​မူ​ပါ။ က​ရု​ဏာ​မ​ရှိ​သော လူ​မျိုး​တစ်​ဖက်​က​နေ၍ အ​ကျွန်ုပ်​အ​မှု​ကို စောင့်​တော်​မူ​ပါ။ သ​စ္စာ​မ​ရှိ၊ မ​တ​ရား​သော​သူ၏​လက်​မှ အ​ကျွန်ုပ်​ကို ကယ်​လွှတ်​တော်​မူ​ပါ။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘက်​မှာ တ​ရား​ဆုံး​ဖြတ်​တော်​မူ​ပြီ။ ပ​လ္လင်​တော်​ပေါ်​မှာ​ထိုင်၍ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ပြီ။

အို မိ​ခင်၊ ငါ၌ အ​မင်္ဂ​လာ​ရှိ၏။ မိ​ခင်​သည် တစ်​ပြည်​လုံး​ရန်​တွေ့​သော​သူ၊ ငြင်း​ဆန်​သော​သူ​ဖြစ်​သော ငါ့​ကို ဖွား​မြင်​ပါ​ပြီ။ ငါ​သည် သူ​တစ်​ပါး​ကို အ​တိုး​နှင့် မ​ချေး။ သူ​တစ်​ပါး​သည်​လည်း ငါ့​ကို​အ​တိုး​နှင့်​မ​ချေး။ သို့​သော်​လည်း၊ လူ​ခပ်​သိမ်း​တို့​သည် ငါ့​ကို ကျိန်​ဆဲ​တတ်​ကြ၏။

သူ​တစ်​ပါး​ကို မ​တ​ရား​သ​ဖြင့် ရှုံး​စေ​ခြင်း​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မ​မူ။

သူ​တို့​သည် အ​ကျွန်ုပ်​ကို ရန်​ငြိုး​ဖွဲ့​သ​မျှ​နှင့် မ​ကောင်း​သော​အ​ကြံ​ရှိ​သ​မျှ​ကို ကိုယ်​တော်​မြင်​တော်​မူ​ပြီ။

အ​သေ​ခံ​ရ​သော​အ​ခါ ခြိမ်း​ခြောက်​ခြင်း​ကို မ​ပြု။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော​သူ၌ ကိုယ်​ကို​ကိုယ် အပ်​နှံ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ