Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:5

Judson Bible

ငါ့​တစ်​ဖက်၌ တပ်​တည်၍ ခါး​သော​အ​ရာ၊ ပင်​ပန်း​စ​ရာ​အ​ကြောင်း​တို့​နှင့် ပိုင်း​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ငါ​မ​သွား​နိုင်​အောင် ငါ့​ရှေ့​မှာ​အ​ဆီး​အ​ကာ​ပြု၍၊ ငါ​သွား​ရာ​လမ်း၌ မှောင်​မိုက်​ကို​ထား​တော်​မူ​ပြီ။

အ​ကျွန်ုပ်​စား​စ​ရာ​ဖို့ ဆေး​ခါး​ကို ကျွေး​ကြ​ပါ၏။ ရေ​ငတ်​သော​အ​ခါ ပုံး​ရည်​ကို တိုက်​ကြ​ပါ၏။

ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အ​မှု၌ မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဒေါ​န​နှင့် ငါ​ကျွေး​မည်။ ဆေး​ခါး​ကို​လည်း သောက်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​ပ​ရော​ဖက်​တို့​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​ဓ​မ္မ​အ​မှု​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​လေ​ပြီ။

ငါ​တို့​သည် အ​ဘယ်​ကြောင့် ထိုင်​လျက်​နေ​ကြ​သ​နည်း။ စု​ဝေး​ကြ​ကုန်​အံ့၊ ခိုင်​ခံ့​သော မြို့​များ​အ​ထဲ​သို့​ဝင်၍ တိတ်​ဆိတ်​စွာ နေ​ကြ​ကုန်​အံ့။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို တိတ်​ဆိတ်​စွာ​နေ​စေ၍၊ ဆေး​ခါး​နှင့်​ရော​သော ရေ​ကို​တိုက်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဒေါ​န​နှင့် ငါ​ကျွေး​မည်။ ဆေး​ခါး​နှင့်​ရော​သော ရေ​ကို​တိုက်​မည်။

အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ငြို​ငြင်​ခြင်း​ကို​လည်း​ကောင်း၊ ဒေါ​န​နှင့် သည်း​ခြေ​အ​ရည်​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ​ပါ။

ယေ​ရု​ရှ​လင်​မြို့​ကို ဗိုလ်​ခြေ​များ ဝန်း​ရံ​လျက်​ရှိ​သည်​ကို သင်​တို့​မြင်​သော​အ​ခါ၊ ထို​မြို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​လု​သည်​ကို သိ​မှတ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ