ငါ၏လူမျိုး သတို့သမီးပျက်စီးသောကြောင့်၊
သူတစ်ပါးများတို့သည် တရားတော်ကိုမစောင့်သောကြောင့်၊ အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေကဲ့သို့ စီးပါ၏။
ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင်၍၊ ဇိအုန်မြို့ကိုအောက်မေ့လျက် ငိုကြွေးကြ၏။
သင်တို့သည် နားမထောင်ဘဲနေလျှင်မူကား၊ သင်တို့မာနကြောင့်၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသောအရပ်၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုကို သိမ်းသွားသောကြောင့်၊ ငါ့မျက်စိလည်း အလွန်ငို၍ မျက်ရည်ကျမည်။
သင်သည်လည်း သူတို့အား ပြောရမည့်စကားဟူမူကား၊ ငါသည် နေ့ညမပြတ် မျက်ရည်ကျရမည်။ ငါ၏လူမျိုးသတို့သမီးသည် အလွန်ပြင်းစွာသော ဒဏ်ချက်ကိုခံရ၍ အရိုးများကျိုးလေပြီ။
ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည် နာ၏။ ငါ့နှလုံးအရေဖျားလည်း နာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အို ငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။
ငါ၏လူမျိုးသတို့သမီးနှင့်ဆိုင်သော အသေကောင်များအတွက်၊ ငါသည်နေ့ညမပြတ် ငိုရမည်အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့သည် မျက်ရည်ထွက်သောစမ်းဖြစ်ပါစေသော။
ငါတို့သည် မျက်ရည်ကျ၍၊ မျက်ခမ်းထဲကတွေတွေ စီးထွက်စေခြင်းငှာ၊ ထိုမိန်းမတို့သည် အလျင်အမြန်ပြု၍၊ ငါတို့အတွက် ငိုကြွေးခြင်းကို ပြုကြစေ။
ထိုအကြောင်းကြောင့် ငါသည်ငိုရ၏။ မျက်ရည်ကျလျက်ရှိ၏။ ငါ့အသက်ကို ထောက်မ၍ ငါ့ကို နှစ်သိမ့်စေသောသူသည် ငါနှင့်ဝေးပါ၏။ ရန်သူနိုင်သောကြောင့် ငါ့သားသမီးတို့သည် ပျောက်ပျက်ကြပြီ။
ငါ၏လူမျိုး သတို့သမီးပျက်စီးသောကြောင့်၊ ငါသည်မျက်ရည်ကျ၍ မျက်စိပျက်လေပြီ။ ဝမ်း၌ ဆူလှိုက်ခြင်းရှိ၍ အသည်းလည်း မြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့် နို့စို့ကလေးတို့သည် မြို့လမ်း၌ အားပျက်လျက်နေကြ၏။
သူတို့သည် စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အို ဇိအုန်သတို့သမီး၏ မြို့ရိုး၊ သင်၏မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညမပြတ် စီးစေလော့။ ကိုယ်ကိုကိုယ် မငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။