Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:25

Judson Bible

ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​နှင့် ကိုယ်​တော်​ကို ရှာ​သော​သူ၏​စိတ်​ဝိ​ညာဉ်​အား ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​မျှော်​လင့်​လျက်​နေ​ပါ​ပြီ။

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

အာ​ဇ​ရိ​သည် အာ​သ​မင်း​ကို ကြို​ဆို​ခြင်း​ငှာ သွား​လျက်၊ အို​အာ​သ​မင်း၊ အို​ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန် အ​မျိုး​သား​အ​ပေါင်း​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၌​နေ​လျှင်၊ နေ​စဉ်​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ စွန့်​လျှင်​သင်​တို့​ကို စွန့်​တော်​မူ​မည်။

သို့​သော်​လည်း၊ မင်း​ကြီး​သည် တစ်​ပြည်​လုံး​တွင်၊ အာ​ရှ​ရ​ပင်​တို့​ကို ပယ်​ရှား၍၊ ဘု​ရား​သ​ခင်​ကို​ရှာ​ခြင်း​ငှာ သ​ဘော​ချ​သော​ကြောင့်၊ ကျင့်​သော အ​ကျင့်​ကောင်း​ပါ​ပြီ​ဟု ဆို၏။

သို့​ရာ​တွင်၊ ဟေ​ဇ​ကိ​က၊ သန့်​ရှင်း​ရာ​ဌာ​န​ထုံး​စံ​အ​တိုင်း၊ သန့်​ရှင်း​ခြင်း​မ​ရှိ​သော်​လည်း၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ခြင်း​ငှာ၊ သ​ဘော​ကျ​သော​သူ​အ​ပေါင်း​တို့၏ အ​ပြစ်​ကို ကောင်း​မြတ်​သော ထာ​ဝ​ရ​ဘု​ရား​သည် လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ထို​သူ​တို့​အ​ဖို့ ဆု​တောင်း​သ​ဖြင့်၊

မိ​မိ​ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်​လျက်၊ ဗိ​မာန်​တော်၊ တ​ရား​တော်၊ ပ​ညတ်​တော်​တို့​အ​ဖို့ အ​မှု​စောင့်​စ​ပြု​လေ​ရာ​ရာ၌ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ပြု၍ အ​ကြံ​ထ​မြောက်​တတ်၏။

အ​ကြောင်း​မူ​ကား၊ ကျွန်​တော်​တို့ ဘု​ရား​သ​ခင်​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည်၊ တန်​ခိုး​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။ ကိုယ်​တော်​ကို စွန့်​သော​သူ​အ​ပေါင်း​တို့​ကို၊ တန်​ခိုး​တော်​ဆီး​တား၍ အ​မျက်​တော် သက်​ရောက်​လိမ့်​မည်​ဟု ငါ​တို့​သည်​ရှင်​ဘု​ရင်​အား လျှောက်​ထား​သော​ကြောင့်၊ လမ်း​တွင် ရန်​သူ​လက်​နှင့် လွတ်​စေ​ခြင်း​ငှာ၊ လိုက်၍​ပို့​ရ​သော စစ်​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ၊ တစ်​တပ်​ကို ရှင်​ဘု​ရင်၌​မ​တောင်း​ဝံ့၊ ရှက်​ကြ၏။

သန့်​ရှင်း​သော​နာ​မ​တော်၌ ဝါ​ကြွား​ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​သော​သူ​တို့​သည် စိတ်​နှ​လုံး ရွှင်​လန်း​ကြ​စေ။

သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်၍၊ ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​သည် ဝ​စွာ​စား​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့​သည် ချီး​မွမ်း​ကြ​လိမ့်​မည်။ သင်​တို့​စိတ်​နှ​လုံး​သည် အ​စဉ်​အ​မြဲ​အား​ဖြည့်​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​သ​ဘော၊ ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ အ​ပြစ်​ရှိ​သော​သူ​တို့​ကို လမ်း​ပြ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လော့။ အား​ယူ၍ ရဲ​ရင့်​သော စိတ်​နှ​လုံး​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ​လော့။

ငါ၏​မျက်​နှာ​ကို​ရှာ​ကြ​လော့​ဟူ​သော အ​မိန့်​တော်​ကို ရှေ့​တော်၌ အ​ကျွန်ုပ်​သည် သ​တိ​ပြု​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​မျက်​နှာ​ကို​ရှာ​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်၍၊ လမ်း​တော်​ကို လျှောက်​သွား​လော့။ ပြည်​တော်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​နှင့် ချီး​မြှောက်​တော်​မူ​မည်။ မ​တ​ရား​သော​သူ​တို့ ဆုံး​ရှုံး​ခြင်း​ကို သင်​သည် ကြည့်​မြင်​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​တော်​ကို​ငံ့​လင့်​လော့။ မိ​မိ​အ​မှု၌ အောင်​တတ်​သော​သူ၊ မ​ကောင်း​သော​အ​ကြံ​အ​စည်​တို့​ကို ပြီး​စေ​သော​သူ၏​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။

ယ​ခု​မူ​ကား၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ မျှော်​လင့်​ရ​ပါ​မည်​နည်း။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၌​သာ မျှော်​လင့်​စ​ရာ​အ​ကြောင်း​ရှိ​ပါ၏။

အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အော်​ဟစ်​ခြင်း​ကို နား​ထောင်၍ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို မှတ်​တော်​မူ​ပါ။

အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ပြု​သော သ​စ္စာ​က​တိ​တို့​ကို ကြား​တော်​မူ၏။ နာ​မ​တော်​ကို ကြောက်​ရွံ့​သော သူ​တို့၏​အ​မွေ​ကို အ​ကျွန်ုပ်​အား ပေး​တော်​မူ​လိမ့်​မည်။

နှိမ့်​ချ​သော​သူ​တို့​သည်​မြင်၍ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို ရှာ​သော​သူ​တို့၏ စိတ်​နှ​လုံး​သည် အား​ပြည့်​လိမ့်​မည်။

အ​ကျွန်ုပ်​မူ​ကား၊ အ​စဉ်​မျှော်​လင့်၍ ကိုယ်​တော်​ကို ချီး​မွမ်း​သ​မျှ​ထက် သာ၍ ချီး​မွမ်း​ပါ​မည်။

ထို​ကာ​လ၌ ကြည့်​ရှု​လော့။ ဤ​အ​ရှင်​ကား၊ ငါ​တို့​မျှော်​လင့်​သော၊ ငါ​တို့၏​ဘု​ရား​သ​ခင်​တည်း။ ငါ​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ ဤ​အ​ရှင်​ကား၊ ငါ​တို့​မျှော်​လင့်​သော ထာ​ဝ​ရ​ဘု​ရား​တည်း။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကြောင့်၊ ငါ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့​ဟု ဆို​ကြ​လိမ့်​မည်။

ည​အ​ခါ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​နှင့် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။ နံ​နက်​အ​ခါ အ​ကျွန်ုပ်​သည် အ​တွင်း​ဝိ​ညာဉ်​အား​ဖြင့် ကိုယ်​တော်​ကို​ရှာ​ပါ၏။ မြေ​ပေါ်​မှာ အ​မှု​ကို​စစ်​ကြော​စီ​ရင်​တော်​မူ​သော​အ​ခါ၊ လော​ကီ​သား​တို့​သည် တ​ရား​ကို​သင်​ကြ၏။

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​လို​သော​ငှာ မျှော်​လင့်​တော်​မူ​မည်။ က​ရု​ဏာ​ပြု​လို​သော​ငှာ ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

တွေ့​နိုင်​သည် ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ နီး​တော်​မူ​သည်​ကာ​လ​တွင် ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ​လော့။

ကိုယ်​တော်​ကို မျှော်​လင့်​သော သူ​တို့​အ​ဖို့​အ​လို​ငှာ ကျေး​ဇူး​ပြု​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​သ​ခင်​ကို က​မ္ဘာ​ဦး​မှ​စ၍ အ​ဘယ်​သူ​မျှ မ​ကြား​မ​သိ​ပါ။ နား​ဖြင့်​မ​ကြား၊ မျက်​စိ​ဖြင့် မ​မြင်​စ​ဖူး​ပါ။

ကယ်​တင်​တော်​မူ​မည်​ဟု မျှော်​လင့်​လျက်၊ ငြိမ်​ဝပ်​စွာ​စောင့်၍​နေ​ကောင်း၏။

ကိုယ်​အ​ဖို့ ဖြောင့်​မတ်​ခြင်း​မျိုး​စေ့​ကို​ကြဲ၍၊ က​ရု​ဏာ​တော် အ​သီး​အ​နှံ​ကို ရိတ်​ကြ​လော့။ မ​လုပ်​သေး​သော လယ်​ကို ထွန်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြွ​လာ၍၊ သင်​တို့​အ​ပေါ်​သို့ ဖြောင့်​မတ်​ခြင်း​မိုး​ကို ရွာ​စေ​တော်​မ​မူ​မီ တိုင်​အောင်၊ ကိုယ်​တော်​ကို ရှာ​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဖမ်း​ဆီး​လု​ယက်​ခြင်း​ငှာ ငါ​မ​ထ​မီ​တိုင်​အောင် ငါ့​ကို ငံ့​လင့်​ကြ​လော့။ တိုင်း​နိုင်​ငံ ပြည်​သား​အ​မျိုး​မျိုး​တို့​ကို စု​ဝေး​စေ၍၊ ငါ့​အ​မျက်၊ ငါ့​ဒေါ​သ​အ​ရှိန်​ကို အ​ကုန်​အ​စင် သွန်း​လောင်း​မည်​ဟု ငါ​အ​ကြံ​ရှိ၏။ ငါ့​ဒေါ​သ​မီး​သည် မြေ​တစ်​ပြင်​လုံး​ကို လောင်​ရ​လိမ့်​မည်။

ရောက်​လ​တ္တံ့​သော ဘေး​ဒဏ်​မှ ငါ​တို့​ကို ကယ်​နုတ်​သော သ​ခင်​ယေ​ရှု​တည်း​ဟူ​သော သေ​ခြင်း​မှ ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သော သား​တော်​သည် ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​တော်​မူ​မည်​အ​ရာ​ကို ငံ့​လင့်​ခြင်း​ငှာ​လည်း​ကောင်း၊ ရုပ်​တု​ဆင်း​တု​တို့​ကို ပစ်​ပယ်၍၊ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​သည် အ​ကြောင်း​အ​ရာ​ကို​လည်း ကြား​ပြော​ကြ၏။

ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ အ​ကယ်၍ လယ်​လုပ်​သော​သူ​သည် အ​ရင်​မိုး၊ နောက်​မိုး​ကို​ရ​သည်​တိုင်​အောင်၊ အ​ဖိုး​ထိုက်​သော မြေ​အ​သီး​ကို သည်း​ခံ​လျက် စောင့်​နေ၍ မျှော်​လ​င့်​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ