Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:22

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ကျဉ်း​မြောင်း​ရာ​သို့ ရောက်​လေ​ပြီ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သို့ ရောက်​ပါ​စေ။ က​ရု​ဏ​တော် ကြီး​လှ၏။ လူ​လက်​သို့ မ​ရောက်​ပါ​စေ​နှင့်​ဟု ဂဒ်​အား​ပြန်​ပြော၏။

သို့​ရာ​တွင် ကိုယ်​တော်​သည် ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ​သော​ဘု​ရား​ဖြစ်၍၊ က​ရု​ဏာ​တော် ကြွယ်​ဝ​သော​ကြောင့်၊ သူ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​တော်​မ​မူ။ စွန့်​ပစ်​တော်​မ​မူ။

ငါ​တို့​ပြစ်​မှား​ခြင်း​နှင့် အ​လျောက် ငါ​တို့၌​ပြု​တော်​မ​မူ​တတ်။ ငါ​တို့၌ ဒု​စ​ရိုက်​ရှိ​သည်​အ​တိုင်း အ​ပြစ်​ကို ပေး​တော်​မ​မူ​တတ်၊

ဝန်​ခံ​ခြင်း​က​တိ​တော်​ကို သူ​တို့​အ​ဖို့​အောက်​မေ့၍၊ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း နောင်​တ​ရ​တော်​မူ၏။

ကိုယ်​တော်၏​ကျွန်​မှ မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ဘေး​ရောက်​ပါ​ပြီ။ အ​လျင်​အ​မြန် နား​ထောင်​တော်​မူ​ပါ။

က​ရု​ဏာ​တော်​သည် အ​စဉ်​ကုန်​ပြီ​လော။ က​တိ​တော်​လည်း ကာ​လ​အ​စဉ်​အ​ဆက် ပျက်​လိမ့်​မည်​လော။

ကိုယ်​တော်​မူ​ကား၊ က​ရု​ဏာ​စိတ်​ရှိ၍ သူ​တို့​ကို​မ​ဖျက်​ဆီး​ဘဲ အ​ပြစ်​လွှတ်​တော်​မူ၏။ ကြိမ်​ဖန်​များ​စွာ စိတ်​တော်​ပြေ၍၊ အ​မျက်​တော်​ကို နှိုး​ဆော်​တော်​မ​မူ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​နား​စုံ​မက်​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော၊ က​ရု​ဏာ​နှင့် သ​စ္စာ ကြွယ်​ဝ​သော​သ​ဘော​နှင့် ပြည့်​စုံ​သော​ဘု​ရား ဖြစ်​တော်​မူ၏။

သင်​သည်​သွား၍ မြောက်​မျက်​နှာ​သို့ ဟစ်​ကြော်​ရ​မည်​စ​ကား​ဟူ​မူ​ကား၊ အို ဖောက်​ပြန်​သော ဣ​သ​ရေ​လ၊ ပြန်​လာ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သင်၌ ငါ​သည် မျက်​မုန်း​ကျိုး​ခြင်း​ကို​မ​ပြု၊ က​ရု​ဏာ​စိတ်​သ​ဘော​ရှိ၏။ အ​စဉ်​အ​မျက်​ထွက်​တတ်​သည် မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို ကယ်​တင်​ခြင်း​ငှာ သင်​နှင့်​အ​တူ​ငါ​ရှိ၏။ ငါ​သည် သင့်​ကို ငါ​ကွဲ​ပြား​စေ​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ဆုံး​စေ​သော်​လည်း၊ သင့်​ကို​မ​ဆုံး​စေ။ သို့​ရာ​တွင်၊ အ​ပြစ်​ကို ရှင်း​ရှင်း​မ​လွှတ်​ဘဲ၊ အ​တော်​အ​တန်​ဆုံး​မ​မည်။

ဧ​ဖ​ရိမ်​သည် ငါ၏​ချစ်​သား​ဖြစ်​သ​လော။ ချစ်​ဖွယ်​သော သူ​ငယ်​ဖြစ်​သ​လော။ သူ၏​အ​ကြောင်း​ကို ငါ​ပြော​လေ​ရာ​ရာ၌ ငါ​သည် အ​လွန်​တ​ရာ အောက်​မေ့​လျက်​နေ၏။ ထို​ကြောင့်၊ ငါ​သည် သူ့​အ​တွက် စိတ်​ကြင်​နာ​ခြင်း​ရှိ၏။ အ​ကယ်​စင်​စစ် သူ့​ကို​ငါ​ကယ်​မ​သ​နား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပုန်​ကန်​သော်​လည်း၊ အ​ကျွန်ုပ်​တို့​အ​ရှင် ဘု​ရား​သ​ခင်​သည် က​ရု​ဏာ​ကို​ပြ​ခြင်း၊ အ​ပြစ်​ကို ဖြေ​ရှင်း​ခြင်း​အ​ခွင့်​နှင့် ဆိုင်​တော်​မူ၏။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ပြောင်း​လဲ​ခြင်း​မ​ရှိ။ ထို​ကြောင့်၊ ယာ​ကုပ်​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ကြ။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​ကို အ​စဉ်​မ​ပြတ်​ခံ​စား​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ