Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 2:8

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​သ​တို့​သ​မီး၏​မြို့​ရိုး​ကို ဖြို​ဖျက်​မည်​ဟု အ​ကြံ​တော်​ရှိ​သည်​အ​တိုင်း၊ ကြိုး​ကို​တန်း၍ အ​စဉ်​မ​ပြတ် ဖြို​ဖျက်​တော်​မူ​သ​ဖြင့်၊ အ​တွင်း​မြို့​ရိုး​နှင့် ပြင်​မြို့​ရိုး​တို့​သည် အ​တူ​ညည်း​တွား၍ ငို​ကြွေး​မြည်​တမ်း​ရ​မည် အ​ကြောင်း​ပြု​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

မော​ဘ​ပြည်​ကို​လည်း​လုပ်​ကြံ၍ ပြည်​သား​တို့​ကို မြေ​ပေါ်​မှာ လှဲ​ချ​သ​ဖြင့်၊ ကြိုး​နှင့်​တိုင်း​လျက် သုံး​စု​တွင် နှစ်​စု​ကို​သတ်၏။ တစ်​စု​ကို​ချမ်း​သာ​ပေး၏။ ထို​သို့ မော​ဘ​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ၍ အ​ခွန်​ဆက်​ရ​ကြ၏။

ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ရှ​မာ​ရိ​မျဉ်း​ကြိုး​နှင့် အာ​ဟပ်​အ​မျိုး၏​ချိန်​ကြိုး​ကို ငါ​တန်း​ချ​မည်။ ပန်း​ကန်​ကို​သုတ်၍ သုတ်​ပြီး​မှ​မှောက်​ထား​သ​ကဲ့​သို့ ယေ​ရု​ရှ​လင်​မြို့​ကို ငါ​ပြု​မည်။

လက်​တော်​ကို သိမ်း​တော်​မူ​ပါ။ ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို ခြောက်​တော်​မ​မူ​ပါ​နှင့်။

ကောင်း​ကင် ဗိုလ်​ခြေ​သ​ခင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​တွင် စီ​ရင်​တော်​မူ​သ​ဖြင့်၊ ဒု​က္ခ​ခံ​ရာ​ကာ​လ၊ နှိပ်​စက်​နှောင့်​ယှက်​ရာ​ကာ​လ၊ မြို့​ရိုး​ကို​ဖြို၍ တောင်​တို့​ကို အော်​ဟစ်​ရာ​ကာ​လ​သည် ရောက်​လေ​ပြီ။

တ​ရား​မှု​ကို ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို မျဉ်း​ကြိုး​နှင့် မှန်​ထုပ်​အား​ဖြင့် ငါ​ပြု​မည်။ မိုး​သီး​ရွာ၍ ကိုး​စား​ရာ​မု​သား​ကို ပယ်​ရှား​လိမ့်​မည်။ ပုန်း​ကွယ်​ရာ​အ​ရပ်​ကို​လည်း ရေ​လွှမ်း​မိုး​လိမ့်​မည်။

သူ၏​တံ​ခါး​တို့​သည် ငို​ကြွေး​မြည်​တမ်း၍၊

ဝံ​ပို​ငှက်​နှင့် ဖြူ​ကောင်​တို့​သည် ထို​ပြည်​ကို အ​မွေ​ခံ၍၊ ဣ​ဗိတ်​ငှက်​နှင့် ကျီး​အ​တို့​သည်​လည်း နေ​ကြ​လိမ့်​မည်။ ထို​မြေ​အ​ပေါ်​မှာ လွတ်​လပ်​ခြင်း​မျဉ်း​ကြိုး​ကို​တန်း၍၊ လ​ဟာ​မှန်​ထုပ်​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။

ယ​ခု​နား​ထောင်​ကြ။ ငါ့​စ​ပျစ်​ဥ​ယျာဉ်၌ ငါ​ပြု​ရ​မည်​အ​မှု​ကို သင်​တို့​အား ငါ​ဖော်​ပြ​မည်။ စောင်​ရန်း​ကို​ငါ​ပယ်​ရှင်း​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် စား​ကြ​လိမ့်​မည်။ အုတ်​ရိုး​ကို ငါ​ဖြို​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် ကျော်​နင်း​ကြ​လိမ့်​မည်။

ယု​ဒ​ပြည်​သည်​ညည်း​တွား၏။ မြို့​တံ​ခါး​တို့၌ မြည်​တမ်း​သော အ​သံ​ရှိ၏။ နက်​သော​အ​ဝတ်​ကို မြေ​တိုင်​အောင်​ဝတ်၍၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏​ငို​ကြွေး​ခြင်း​အ​သံ​သည် တက်​လေ၏။

မြို့​ရိုး​ပေါ်​သို့​တက်၍ ဖျက်​ဆီး​ကြ​လော့။ ပျက်​စီး​ခြင်း​ကို မ​စဲ​စေ​ကြ​နှင့်။ ခြေ​လက်​တို့​ကို ပယ်​ရှင်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား ဆိုင်​တော်​မ​မူ။

ဗိ​မာန်​တော်၊ နန်း​တော်၊ မင်း​အိမ်၊ ဆင်း​ရဲ​သား​အိမ်​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကြံ​စည်​သော​အ​မှု​ကို ပြု​တော်​မူ​ပြီ။ ရှေး​ကာ​လ၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို ပြည့်​စုံ​စေ​တော်​မူ​ပြီ။ မ​နှ​မြော​ဘဲ ဖြို​ဖျက်​တော်​မူ​ပြီ။ ရန်​သူ​သည် သင်၏​အ​ပေါ်​မှာ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး၍၊ ရန်​သူ၏​ဦး​ချို​ကို ချီး​မြှင့်​တော်​မူ​ပြီ။

သူ​တို့​သည် စိတ်​နှ​လုံး​ထဲ​က ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။ အို ဇိ​အုန်​သ​တို့​သ​မီး၏ မြို့​ရိုး၊ သင်၏​မျက်​ရည်​သည် မြစ်​ရေ​စီး​သ​ကဲ့​သို့ နေ့​ည​မ​ပြတ် စီး​စေ​လော့။ ကိုယ်​ကို​ကိုယ် မ​ငြိမ်း​စေ​နှင့်။ သင်၏​မျက်​ဆန်​ကို​လည်း မ​ငြိမ်း​စေ​နှင့်။

ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ခြင်း​မ​ရှိ​ဘဲ၊ ယာ​ကုပ်​အ​မျိုး၏​နေ​ရာ​အ​ရပ်​ရှိ​သ​မျှ​တို့​ကို မျို​တော်​မူ​ပြီ။ အ​မျက်​တော်​ထွက်​သ​ဖြင့် ယု​ဒ​သ​တို့​သ​မီး၏​ရဲ​တိုက်​တို့​ကို မြေ​တိုင်​အောင် ဖြို​ဖျက်၍၊ နိုင်​ငံ​တော်​နှင့် မင်း​သား​တို့​ကို ရှုတ်​ချ​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် ရန်​ဘက်​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ကောင်း၊ ဘုံ​ဗိ​မာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း မျို​တော်​မူ​ပြီ။ ရဲ​တိုက်​တို့​ကို ဖြို​ဖျက်​တော်​မူ​ပြီ။ ယု​ဒ​သ​တို့​သ​မီး ငို​ကြွေး​မြည်​တမ်း​သော အ​ကြောင်း​တို့​ကို များ​ပြား​စေ​တော်​မူ​ပြီ။

သို့​ရာ​တွင်၊ ငါ​နုတ်​ဆောင်​ခြင်း​ကျေး​ဇူး​ကို သိ​မြင်​သော တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ၏​နာ​မ​အ​သ​ရေ​ကို မ​ပျက်​စေ​ခြင်း​ငှာ၊ ငါ​သည် နာ​မ​တော်​အ​တွက် သည်း​ခံ​လျက်​နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ