မြည်တမ်းစကား 1:22Judson Bibleသူတို့၏ ဒုစရိုက်အလုံးစုံတို့ကို စစ်ကြောတော်မူပါ။ အကျွန်ုပ် ပြစ်မှားမိသမျှသောအပြစ်တို့ကြောင့်၊ အကျွန်ုပ်၌ ပြုတော်မူသကဲ့သို့ သူတို့၌ ပြုတော်မူပါ။ အကျွန်ုပ်သည် ညည်းတွားခြင်းများပြား၍ စိတ်ပျက်လျက်ရှိပါ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ကိုမသိသော တစ်ပါးအမျိုးသားတို့ အပေါ်သို့လည်းကောင်း၊ နာမတော်ကို ပတ္ထနာမပြုသော အမျိုးအနွယ်တို့ အပေါ်သို့လည်းကောင်း အမျက်တော်ကို သွန်းလောင်းတော်မူပါ။ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို အကုန်အစင်ကိုက်စား၍၊ သူ၏နေရာကို သုတ်သင်ပယ်ရှားကြပါပြီ။
အို ထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သတ်ခြင်းငှာ၊ သူတို့ ကြံစည်သမျှကို ကိုယ်တော်သိတော်မူ၏။ သူတို့ကို အပြစ်မှ လွှတ်တော်မမူပါနှင့်။ မျက်မှောက်တော်၌ သူတို့အပြစ်ကို ချေတော်မမူပါနှင့်။ ရှေ့တော်၌ ဆုံးရှုံးကြပါစေသော။ အမျက်တော်ထွက်သောအခါ၊ သူတို့ကို စီရင်တော်မူပါ။