Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 1:16

Judson Bible

ထို​အ​ကြောင်း​ကြောင့် ငါ​သည်​ငို​ရ၏။ မျက်​ရည်​ကျ​လျက်​ရှိ၏။ ငါ့​အ​သက်​ကို ထောက်​မ၍ ငါ့​ကို နှစ်​သိမ့်​စေ​သော​သူ​သည် ငါ​နှင့်​ဝေး​ပါ၏။ ရန်​သူ​နိုင်​သော​ကြောင့် ငါ့​သား​သ​မီး​တို့​သည် ပျောက်​ပျက်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ရန်​သူ​တို့​သည်​ညှဉ်း​ဆဲ၍၊ သူ​တို့​သည် ရန်​သူ​တို့​အောက်​မှာ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​ကြ၏။

သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို​မ​စောင့်​သော​ကြောင့်၊ အ​ကျွန်ုပ်​မျက်​စိ​တို့​မှ မျက်​ရည်​သည် မြစ်​ရေ​ကဲ့​သို့ စီး​ပါ​၏။

ကဲ့​ရဲ့​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည် စိတ်​ပျက်၍ အ​လွန်​ပူ​ဆွေး​ခြင်း​ရှိ​ပါ၏။ သ​နား​သော​သူ​ကို ကြည့်၍ မ​မြင်။ သက်​သာ​စေ​သော​သူ​ကို ရှာ၍ မ​တွေ့​ရ​ပါ။

တစ်​ဖန်​တုံ၊ နေ​အောက်​မှာ​ပြု​သ​မျှ​သော ညှဉ်း​ဆဲ​ခြင်း​တို့​ကို ငါ​ထပ်၍​ဆင်​ခြင်၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် ငို​ကြွေး​သော်​လည်း၊ ချမ်း​သာ​ပေး​နိုင်​သော​သူ​မ​ရှိ။ ညှဉ်း​ဆဲ​တတ်​သော​သူ​တို့​သည် တန်​ခိုး​ရှိ​သ​ဖြင့် ချမ်း​သာ​ပေး​နိုင်​သော​သူ မ​ရှိ။

အို ညှဉ်း​ဆဲ​ခြင်း​နှင့် မိုး​သက်​မုန်​တိုင်း​တိုက်​ခြင်း​ကို​ခံ​ရ၍၊ သက်​သာ​မ​ရ​နိုင်​သော​သူ၊ သင်၏​တိုက်​ကို ဟ​င်္သာ​ပ​ဒါး​သ​ရွတ်​နှင့် ငါ​စေ့​စပ်​မည်။ တိုက်​မြစ်​ကို နီ​လာ​ဖြင့်​လည်း​ကောင်း၊

သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်​မူ​ကား၊ သင်​တို့​မာ​န​ကြောင့်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား၏​သိုး​စု​ကို သိမ်း​သွား​သော​ကြောင့်၊ ငါ့​မျက်​စိ​လည်း အ​လွန်​ငို၍ မျက်​ရည်​ကျ​မည်။

သင်​သည်​လည်း သူ​တို့​အား ပြော​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​ရ​မည်။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​လွန်​ပြင်း​စွာ​သော ဒဏ်​ချက်​ကို​ခံ​ရ၍ အ​ရိုး​များ​ကျိုး​လေ​ပြီ။

အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို အ​ဘယ်​သူ​သ​နား​လိမ့်​မည်​နည်း။ သင်​နှင့်​အ​တူ အ​ဘယ်​သူ ညည်း​တွား​လိမ့်​မည်​နည်း။ သင့်​ကို ကျန်း​မာ၏​လော​ဟု​မေး​အံ့​သော​ငှာ၊ အ​ဘယ်​သူ​လမ်း​လွှဲ​လိမ့်​မည်​နည်း။

ငါ​ဝမ်း​နည်း​ခြင်း​ပျောက်​မည်​အ​ကြောင်း အ​ဘယ်​သို့​နည်း။ ငါ​သည် စိတ်​ပျက်​လျက်​နေ​ရ၏။

ငါ၏​လူ​မျိုး​သ​တို့​သ​မီး​နှင့်​ဆိုင်​သော အ​သေ​ကောင်​များ​အ​တွက်၊ ငါ​သည်​နေ့​ည​မ​ပြတ် ငို​ရ​မည်​အ​ကြောင်း၊ ငါ့​ဦး​ခေါင်း​သည် ရေ​သက်​သက်၊ ငါ့​မျက်​စိ​တို့​သည် မျက်​ရည်​ထွက်​သော​စမ်း​ဖြစ်​ပါ​စေ​သော။

တောင်​များ၊ လွင်​ပြင်​များ​တို့​အ​တွက် ငါ​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ရ​မည်။ ထို​အ​ရပ်​တို့၌ မီး​လောင်​သော​ကြောင့်၊ လူ​သည် မ​လျှောက်​မ​သွား​ရ။ သိုး​နွား မြည်​သံ​ကို မ​ကြား​ရ။ မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တို့​သည် ထွက်​ပြေး​ရ​ကြ​ပြီ။

သေ​မင်း​သည် ငါ​တို့​ပြတင်း​ပေါက်​သို့​တက်၍၊ ငါ​တို့ ဘုံ​ဗိ​မာန်​ထဲ​သို့​ဝင်​သ​ဖြင့်၊ သူ​ငယ်​များ​ကို လမ်း​မှ​ပယ်​ရှင်း၍၊ လူ​ပျို​များ​ကို ပွဲ​သ​ဘင်​ထဲ​က ဖျက်​ဆီး​လေ​ပြီ။

ည​အ​ခါ ပြင်း​စွာ​ငို​ကြွေး၍၊ သူ၏​ပါး​သည် မျက်​ရည်​နှင့် စို​စွတ်​လေ၏။ ရည်း​စား​အ​ပေါင်း​တို့​တွင် နှစ်​သိမ့်​စေ​သော​သူ တစ်​ယောက်​မျှ မ​ရှိ။ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် သ​စ္စာ​ပျက်၍ ရန်​သူ​ဖြစ်​ကြ​ပြီ။

သူ၌ မ​စင်​ကြယ်​သော လ​က္ခ​ဏ​ထင်​ရှား​သော်​လည်း၊ နောက်​ခံ​ရ​သော​အ​ပြစ်​ကို မ​အောက်​မေ့။ ထို​ကြောင့်၊ မျက်​နှာ​ပေး​သော​သူ မ​ရှိ​ဘဲ အံ့​ဩ​ဖွယ်​သော အ​ခြင်း​အ​ရာ​နှင့် နှိမ့်​ချ​ခြင်း​သို့​ရောက်​လေ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ ရန်​သူ​သည် ကိုယ်​ကို ချီး​မြှောက်​ပါ​ပြီ။

ငါ၏​လူ​မျိုး သ​တို့​သ​မီး​ပျက်​စီး​သော​ကြောင့်၊ ငါ​သည်​မျက်​ရည်​ကျ၍ မျက်​စိ​ပျက်​လေ​ပြီ။ ဝမ်း၌ ဆူ​လှိုက်​ခြင်း​ရှိ၍ အ​သည်း​လည်း မြေ​ပေါ်​မှာ သွန်း​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ​ငယ်​နှင့် နို့​စို့​က​လေး​တို့​သည် မြို့​လမ်း၌ အား​ပျက်​လျက်​နေ​ကြ၏။

သူ​တို့​သည် စိတ်​နှ​လုံး​ထဲ​က ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။ အို ဇိ​အုန်​သ​တို့​သ​မီး၏ မြို့​ရိုး၊ သင်၏​မျက်​ရည်​သည် မြစ်​ရေ​စီး​သ​ကဲ့​သို့ နေ့​ည​မ​ပြတ် စီး​စေ​လော့။ ကိုယ်​ကို​ကိုယ် မ​ငြိမ်း​စေ​နှင့်။ သင်၏​မျက်​ဆန်​ကို​လည်း မ​ငြိမ်း​စေ​နှင့်။

သား​သ​မီး​တို့​ကို ကျွေး​မွေး​သော်​လည်း၊ တစ်​ယောက်​ကို​မျှ မ​ကျန်​စေ​ခြင်း​ငှာ ငါ​လု​ယူ​မည်။ အ​ကယ်၍ သူ​တို့​ကို ငါ​စွန့်​ပစ်​သော​အ​ခါ အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ