Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 1:14

Judson Bible

ငါ​ပြစ်​မှား​သော အ​ပြစ်​ထမ်း​ပိုး​ကို လက်​တော်​နှင့် ငါ့​လည်​ပင်း​ပေါ်၌​တပ်၍ ချည်​နှောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​လျော့​စေ၍၊ ငါ​မ​ဆီး​တား​နိုင်​သော သူ့​တို့​လက်​သို့ ရောက်​စေ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အ​ဓ​မ္မ​လူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ဖြင့်​ဖမ်း​မိ​ခြင်း၊ မိ​မိ​အ​ပြစ်​ကြိုး​တို့​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

ငါ၏​မြေ​ပေါ်​မှာ အာ​ရှု​ရိ​မင်း​ကို ငါ​နှိပ်​စက်​မည်။ ငါ၏​တောင်​ရိုး​ပေါ်​မှာ ခြေ​ဖြင့်​ကျော်​နင်း​မည်​ဟု ငါ​ကြံ​စည်​သည်​အ​တိုင်း​ဖြစ်၍၊ ငါ​စီ​ရင်​ချက်​လည်း တည်​ရ​လိမ့်​မည်။ ထို​အ​ခါ သူ၏​ထမ်း​ပိုး​ကို သူ​တစ်​ပါး​အ​ပေါ်​က​ရွှေ့၍၊ သူ​တို့​ပ​ခုံး​ပေါ်​မှာ တင်​သော​ဝန်​ကို ချ​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။

ငါ​သည် ငါ၏​လူ​တို့​ကို​အ​မျက်​ထွက်​သော​ကြောင့်၊ ငါ၏​အ​မွေ​ကို​ရှုတ်​ချ၍ သင့်​လက်​သို့ အပ်​လိုက်၏။ သင်​သည် သ​နား​သော​စိတ်​မ​ရှိ။ အ​သက်​ကြီး​သူ​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

ထို​စ​ကား​တော်​ရှိ​သ​မျှ​ကို ငါ​ပြန်၍ ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​အား လျှောက်​ဆို​သည်​ကား၊ ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို​ထမ်း၍၊ သူ​နှင့် သူ၏​လူ​များ​အ​စေ​ကို​ခံ​လျက်၊ အ​သက်​ချမ်း​သာ​ပါ​လော့။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​စေ​ကို​မ​ခံ၊ သူ၏​ထမ်း​ပိုး​ကို မ​ထမ်း​လို​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​ကို၊ သူ၏​လက်၌​ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့် ငါ​အ​ပြစ်​ပေး​မည်။

သင်​သွား၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဟာ​န​နိ​အား​ဆင့်​ဆို​ရ​မည်​မှာ၊ သင်​ချိုး​သော​သစ်​သား​ထမ်း​ပိုး​အ​စား၊ သံ​ထမ်း​ပိုး​ကို လုပ်​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​စေ​ကို​ခံ​စေ​ခြင်း​ငှာ၊ သူ​တို့​လည်​ပင်း​ပေါ်​မှာ သံ​ထမ်း​ပိုး​ကို ငါ​တင်​ပြီ။ ထို​သူ​တို့​သည် ထို​မင်း၏​အ​စေ​ကို ခံ​ရ​ကြ​မည်။ တော​တိ​ရ​စ္ဆာန်​များ​ကို​လည်း၊ သူ၌​ငါ​အပ်​ပေး​ပြီ​ဟု မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​သည် ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဤ​မြို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်၍၊ သူ​သည် သိမ်း​ယူ​လိမ့်​မည်။

ဇေ​ဒ​ကိ​ကို​လည်း ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​လိမ့်​မည်။ ငါ​အ​ကြည့်​အ​ရှု မ​လာ​မီ​တိုင်​အောင်၊ ထို​မြို့၌ နေ​ရ​လိမ့်​မည်။ သင်​တို့​သည် ခါ​လ​ဒဲ​လူ​တို့​ကို စစ်​တိုက်၍ မ​နိုင်​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို၊ သင်​သည် အ​ဘယ်​ကြောင့် ပ​ရော​ဖက်​ပြု၍ ဟော​သ​နည်း​ဟု​ဆို၍ ထောင်​ထဲ​မှာ​လှောင်​ထား​သ​တည်း။

ဇေ​ဒ​ကိ​မင်း​ကြီး​သည် လူ​ကို​စေ​လွှတ်၍ ယေ​ရ​မိ​ကို​နုတ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရှိ​သ​လော​ဟု နန်း​တော်၌ တိတ်​ဆိတ်​စွာ​မေး​မြန်း​လျှင်၊ ယေ​ရ​မိ​က၊ နှုတ်​က​ပတ်​တော်​ရှိ​ပါ၏။ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ရောက်​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်၏။

ငါ​သည် သင်​တို့​ကို မြို့​ထဲ​က​ထုတ်​ပြီး​လျှင်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏ လက်​သို့​အပ်၍ အ​ပြစ်​ဒဏ်​ကို စီ​ရင်​မည်။

သင့်​အ​ပေါ်​သို့ ငါ့​အ​မျက်​ကို​ငါ​သွန်း​လောင်း​မည်။ ငါ့​ဒေါ​သ​မီး​ဖြင့် သင့်​ကို​မှုတ်​မည်။ ကြမ်း​တမ်း​သော​သ​ဘော​ရှိ၍ ဖျက်​ဆီး​တတ်​သော လူ​တို့​လက်​သို့ အပ်​မည်။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​မုန်း​သော​သူ၊ သင်​ရွံ​ရှာ​သော သူ​တို့​လက်​သို့ သင့်​ကို​ငါ​အပ်​သ​ဖြင့်၊

သင့်​ကို အ​ရှေ့​ပြည်​သား​တို့​အား ငါ​အ​ပိုင်​ပေး​မည်။ သူ​တို့​သည် သင်၏​အ​ထဲ၌ ဘုံ​ဗိ​မာန်​တို့​ကို တည်​ဆောက်၍ နေ​ရာ​ကျ​ကြ​လိမ့်​မည်။ သင်၏​အ​သီး​အ​နှံ​ကို​စား၍ သင်၏​နို့​ကို​သောက်​ကြ​လိမ့်​မည်။

ငါ​သည် သင့်​ကို​တိုက်၍၊ လူ​အ​မျိုး​မျိုး​လု​ယူ​ဖို့​ရာ​အပ်​မည်။ လူ​နေ​ရာ​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​ထဲ​က သင့်​ကို သုတ်​သင်​ပယ်​ရှင်း​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ငါ​သည် ဧ​ဖ​ရိမ်၌ ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး၌ ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​မည်။ ငါ​သည် ကိုယ်​တိုင်​ကိုက်​ဖြတ်၍ သွား​မည်။ ချီ​သွား၍ အ​ဘယ်​သူ​မျှ မ​နုတ်​ရ။

သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​လည်​ပင်း မ​လွတ်၊ ခေါင်း​မ​ကြွ​နိုင်​သော ဘေး​ဒဏ်​ကို ထို​သို့​သော အိမ်​ထောင်​တစ်​ဖက်၌ ငါ​ကြံ​စည်၏။ ဆိုး​သော​ကာ​လ​ဖြစ်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော ရန်​သူ၏​အ​မှု​ကို သင်​သည် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​နှင့်​တ​ကွ၊ အ​ရာ​ရာ၌ ဆင်း​ရဲ​စွာ ဆောင်​ရွက်​ရ​လိမ့်​မည်။ သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင် သင့်​လည်​ပင်း၌ သံ​ထမ်း​ပိုး​ကို တင်​ထား​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ