သို့ရာတွင်၊ ထာဝရဘုရား၏စိတ်တော်ကို မသိ၊ အကြံအစည်တော်ကို နားမလည်ကြ။ ကောက်လှိုင်းတို့ကို ကောက်နယ်တလင်း၌ စုထားသကဲ့သို့၊ ထိုသူတို့ကို စုထားတော်မူ၏။
နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌လည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌လည်းကောင်း ဖော်ပြတော်မူ၏။
အခြားတစ်ပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။ ဟာလေလုယ။
သို့သော်လည်း၊ သူသည် အခြားသောအကြံ၊ အခြားသောအလိုရှိ၏။ သူသည်ဖျက်ဆီး၍၊ များစွာသောလူမျိုးတို့ကို ပယ်ရှင်းခြင်းငှာ အလိုရှိ၏။
ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ဘုရားသခင် မိန့်တော်မူသည်ကို ငါကြားရသည်အတိုင်း၊ သင်တို့အားငါဆင့်ဆိုသတည်း။
အပြည်ပြည်ကလာ၍၊ အရေလမြို့ကို စစ်တိုက်သော အလုံးအရင်း၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက်၍ ညှဉ်းဆဲသောသူ အပေါင်းတို့သည် အိပ်မက်တည်းဟူသော ညရူပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည်။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။
တစ်ဖန် မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည် မျှော်လင့်သောအကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဖို့ ကြံစည်သော အကြံတို့ကို ငါသိ၏။
အို သံတူကြီး၊ သင်သည် ငါစစ်တိုက်စရာ လက်နက်ဖြစ်၏။ သင့်ကိုငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ပြီ။
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် သတို့သမီးသည် စပါးနယ်ရသော ကောက်နယ်တလင်းကဲ့သို့ ဖြစ်၏။ စပါးရိတ်ရာအချိန်နီးပြီ။
ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေးစေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည်ကို ဝေဖန်၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေသော ငါ၏အမွေလူဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည်။
လက်တော်တွင် ဆန်ကောပါလျက် မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကိုကား ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတ္တံ့ဟု ပြောဆို၏။-