Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မိက္ခာ 3:9

Judson Bible

ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို ရွံ​ရှာ၍ ခပ်​သိမ်း​သော​တ​ရား​ကို ဖျက်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ငါ​က၊ သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​ဖျက်၍ ပြု​သော​ဒု​စ​ရိုက်​ကား အ​ဘယ်​သို့​နည်း။

သွား၍ ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​ကို​စု​ဝေး​စေ​ပြီး​လျှင်၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ထင်​ရှား​တော်​မူ​လျက်၊ အ​ကယ်​စင်​စစ် သင်​တို့​ကို​ငါ​အ​ကြည့်​အ​ရှု​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​အား​ပြု​သော​အ​မှု​ကို ငါ​မြင်​ပြီ။

မ​တ​ရား​သော​သူ​တို့​ကို အ​ပြစ်​မှ​လွှတ်​သော​သူ​နှင့်၊ ဖြောင့်​မတ်​သော​သူ​တို့​ကို အ​ပြစ်​စီ​ရင်​သော​သူ နှစ်​ယောက်​လုံး​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

မ​တ​ရား​သော​သူ​သည် တ​ရား​လမ်း​ကို​ဖျက်​သော အ​ဖိုး​တံ​စိုး​ကို သူ​တစ်​ပါး၏​ခါး​ပိုက်​အိတ်​ထဲ​က နှိုက်​ယူ​တတ်၏။

တ​ရား​တွေ့​ရာ​အ​မှု၌ ဖြောင့်​မတ်​သော​သူ​ကို ရှုံး​စေ​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ၏​မျက်​နှာ​ကို မ​ထောက်​ကောင်း။

မ​တ​ရား​သော​သူ​တို့​သည် တ​ရား​သ​ဖြင့် မ​စီ​ရင်​လို​သော​ကြောင့်၊ မိ​မိ​ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်​သည် မိ​မိ​ကို ဖျက်​ဆီး​လိမ့်​မည်။

သင်​၏​မင်း​တို့​သည် ပုန်​ကန်​ကြ​ပြီ။ သူ​ခိုး​လက်​ခံ​ဖြစ်​ကြ​ပြီ။ ထို​မင်း​အ​ပေါင်း​တို့​သည် လက်​ဆောင်​ကို အ​လို​ရှိ​ကြ​၏။ တံ​စိုး​ကို​စား​ကြ​၏။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​မ​စီ​ရင်​ကြ။ မု​ဆိုး​မ​အ​မှု​ကို နား​မ​ထောင်​ကြ။

ဝ​လျက်၊ မျက်​နှာ​ပြောင်​လျက်​ရှိ​ကြ၏။ ဆိုး​သော​သူ​တို့​ထက် သာ၍ ဆိုး​ကြ၏။ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။ မိ​ဘ​မ​ရှိ​သော သူ​ငယ်၏​အ​မှု​ကို​စောင့်၍ အ​နိုင်​မ​ပေး​ကြ။ ဆင်း​ရဲ​သော​သူ​ဘက်၌ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။

ငါ၏​လူ​တို့​သည် သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ် သော​အ​ရာ​တို့​ကို​လည်း​ကောင်း ပိုင်း​ခြား၍​သိ​စေ​ခြင်း​ငှာ သွန်​သင်​ရ​ကြ​မည်။

အို ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ အို နန်း​တော်​သား​တို့၊ မှတ်​မိ​ကြ​လော့။ သင်​တို့​သည် စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် မိ​ဇ​ပါ​တောင်​ပေါ်​မှာ ကျော့​ကွင်း၊ တာ​ဗော်​တောင်​ပေါ်​မှာ ထောင်​သော​ပိုက်​ဖြစ်​ကြ​ပြီ။

ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ကို​ရွံ​ရှာ၍၊ မ​ထီ​မဲ့​မြင်​ပြု​လျက်၊ ငါ့​ပ​ညတ်​တ​ရား​ကို​မ​ကျင့်၊ ငါ့​ပ​ဋိ​ညာဉ်​သ​စ္စာ​ကို​ဖျက်​လျှင်၊

တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း​ကို ဒေါ​န​ဖြစ်​စေ၍ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မြေ​သို့​ချ​ကြ​ပြီး​သော​သူ​တို့၊

ယု​ဒ​ရှင်​ဘု​ရင် ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​တို့​လက်​ထက်၌ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ရှ​မာ​ရိ​မြို့​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ခံ​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊

ငါ​ဆို​သည်​ကား၊ အို ယာ​ကုပ်​အ​မျိုး​မင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သူ​ကြီး​တို့၊ နား​ထောင်​ကြ​ပါ​လော့။ သင်​တို့​သည် တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​အ​မှု​ကို နား​လည်​အပ်​သည် မ​ဟုတ်​လော။

တ​ရား​တွေ့​ခြင်း​အ​မှု​မှာ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​ကို မ​တ​ရား​သ​ဖြင့် အ​ရှုံး​ပေး​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု ဝန်​ခံ​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ