Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မိက္ခာ 3:5

Judson Bible

ငါ၏​လူ​တို့​ကို​မှား​ယွင်း​စေ​လျက် ဝ​စွာ​စား​ရ​သော​အ​ခါ၊ ငြိမ်​ဝပ်​ခြင်း​အ​ကြောင်း​ရှိ​သည်​ဟု ကြွေး​ကြော်​လျက်၊ မ​လုပ်​ကျွေး​သော​သူ​ကို​ကား၊ စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်​လျက်၊ ပ​ရော​ဖက်​ပြု​သော​သူ​တို့၊

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

လူ​မျက်​နှာ​ကို​မ​ထောက်​ကောင်း။ သို့​သော်​လည်း၊ လူ​သည် မုန့်​တ​ဖဲ့​ကို​ရ​ခြင်း​ငှာ ဒု​စ​ရိုက်​ကို ပြု​လိမ့်​မည်။

ငါ၏​လူ​များ​ကို​ကား၊ သူ​ငယ်​တို့​သည် ညှဉ်း​ဆဲ​ကြ၏။ မိန်း​မ​တို့​သည်​လည်း အုပ်​စိုး​ကြ၏။ ငါ၏​လူ​များ​တို့၊ သင်​တို့​အား လမ်း​ပြ​သော​သူ​တို့​သည် လမ်း​လွဲ​စေ​ကြ၏။ သင်​တို့​သွား​သော လမ်း​ခ​ရီး​ကို​လည်း ဖျက်​ကြ၏။

ဘိုး​ဘေး​တို့​သည် ဗာ​လ​ကြောင့် ငါ့​နာ​မ​ကို​မေ့​လျော့​သ​ကဲ့​သို့၊ သူ​တို့​သည် အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြော​တတ်​သော အိပ်​မက်​များ​အား​ဖြင့် ငါ၏​လူ​မျိုး​သည် ငါ့​နာ​မ​ကို​မေ့​လျော့​စေ​မည်​ဟု အ​ကြံ​ရှိ​ကြ​သည်​တ​ကား။

မှား​သော​အိပ်​မက်​ကို ဟော​ပြော၍၊ မု​သား​စ​ကား​နှင့် အ​ချည်း​နှီး​စ​ကား​အား​ဖြင့် ငါ၏​လူ​မျိုး​ကို မှား​ယွင်း​စေ​သော​ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်။ သူ​တို့​ကို ငါ​မ​စေ​လွှတ်၊ မ​မှာ​ထား​သော​ကြောင့်၊ ဤ​လူ​မျိုး​သည် ကျေး​ဇူး​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ချမ်း​သာ​မ​ရှိ​သော​အ​ခါ ချမ်း​သာ၊ ချမ်း​သာ​ဟု ပြော​ဆို​လျက်၊ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​အ​နာ​ကို ပေါ့​လျော့​စွာ ကု​ကြ၏။

သူ့​ကို စစ်​တိုက်​ခြင်း​ငှာ​ပြင်​ကြ​လော့။ ထ​ကြ။ မွန်း​တည့်​အ​ချိန်၌ တက်​သွား​ကြ​ကုန်​အံ့။ ငါ​တို့၌​ခက်​လှ၏။ မွန်း​လွဲ​ပြီ။ မိုး​ချုပ်​လေ​ပြီ။

သင်၏ ပ​ရော​ဖက်​တို့​သည် အ​ချည်း​နှီး​သော​အ​ရာ၊ မိုက်​သော​အ​ရာ​တို့​ကို သင့်​အ​ဖို့​မြင်​ကြ​ပြီ။ သိမ်း​သွား​ချုပ်​ထား​သော အ​မှု​ကို ပြေ​စေ​ခြင်း​ငှာ၊ သင်၏​အ​ပြစ်​ကို​မ​ဖော်​မ​ပြ​ဘဲ မှား​သော​ရူ​ပါ​ရုံ၊ လမ်း​လွဲ​စ​ရာ​အ​ရာ​ကို သင့်​အ​ဖို့ မြင်​ကြ​ပြီ။

အ​ချည်း​နှီး​သော​အ​ရာ​ကို​မြင်၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​သော ပ​ရော​ဖက်​တို့​ကို ငါ​ဆီး​တား​သ​ဖြင့်၊ သူ​တို့​သည် ငါ၏​ပ​ရိ​သတ်​စည်း​ဝေး​ရာ​သို့ မ​ဝင်​ရ​ကြ။ ဣ​သ​ရေ​လ​အ​မျိုး၏​စာ​ရင်း၌ သူ​တို့​အ​မည်​ကို မ​သွင်း​ရ။ ဣ​သ​ရေ​လ​ပြည်၌ နေ​ရာ​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ နေ့​အ​ချိန်၌ သင်​သည်​လဲ​ရ​လိမ့်​မည်။ ည​အ​ချိန်၌ သင်​နှင့်​အ​တူ ပ​ရော​ဖက်​သည်​လည်း လဲ​ရ​လိမ့်​မည်။ သင့်​အ​မိ​ကို​လည်း ငါ​ဖျက်​ဆီး​မည်။

ဤ​အ​မှု​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ကြား​ပြော​ကြ​လော့။ စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်၍ စစ်​သူ​ရဲ​တို့​ကို နှိုး​ဆော်​ကြ​လော့။ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်၍ တက်​လာ​ကြ​စေ။

ကိုယ်​အ​လို​သို့​လိုက်၍ မု​သား​စ​ကား​ကို သုံး​သော​သူ​က၊ ငါ​သည်​ပ​ရော​ဖက်​ပြု၍ စ​ပျစ်​ရည်​တ​ရား​နှင့် သေ​ရည်​သေ​ရက်​တ​ရား​ကို ဟော​ပြော​မည်​ဟု​ဆို​လျှင်၊ ထို​သူ​သည် ဤ​လူ​တို့၏​ပ​ရော​ဖက် ဖြစ်​ရ​လိမ့်​မည်။

မင်း​တို့​သည် လက်​ဆောင်​ကို ရ​ခြင်း​ငှာ​သာ တ​ရား​မှု​ကို စီ​ရင်​တတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​ခ​ကို​ရ​ခြင်း​ငှာ​သာ သင်​ပေး​တတ်​ကြ၏။ ပ​ရော​ဖက်​တို့​သည် ငွေ​ကို​ရ​ခြင်း​ငှာ​သာ အ​နာ​ဂတ်​ကို ဟော​တတ်​ကြ၏။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင် ရှိ​တော်​မူ​သည် မ​ဟုတ်​လော၊ ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်​ဟု ဆို​တတ်​ကြ​သည်​တ​ကား။

သင်​တို့​မူ​ကား၊ လမ်း​လွှဲ​ကြ​ပြီ။ လူ​များ​တို့​သည် တ​ရား​တော်​ကို​ထိ​မိ၍ လဲ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။ လေ​ဝိ​အ​မျိုး​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို ဖျက်​ကြ​ပြီ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သူ​တို့​ကို ရှိ​ပါ​လေ​စေ။ သူ​တို့​သည် လူ​ကန်း​တို့​အား လမ်း​ပြ​သော လူ​ကန်း​ဖြစ်၏။ လူ​ကန်း​ချင်း တစ်​ဦး​ကို​တစ်​ဦး လမ်း​ပြ​လျှင်၊ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အ​တွင်း၌ ကြမ်း​တမ်း​သော တော​ခွေး​ဖြစ်​လျက် သိုး​ရေ​ကို​ခြုံ၍ သင်​တို့​ရှိ​ရာ​သို့​လာ​သော မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို သ​တိ​နှင့် ရှောင်​ကြ​လော့။-

အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​သ​ခင်​ခ​ရစ်​တော်၏ အ​မှု​ကို​မ​ဆောင်​ရွက်​ဘဲ​လျက်၊ မိ​မိ​တို့​ဝမ်း၏​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ လော​က​ဝတ်​စ​ကား​နှင့် ချော့​မော့​သော​စ​ကား​အား​ဖြင့် စိတ်​ကောင်း​သော​သူ​တို့​ကို လှည့်​ဖြား​တတ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ