Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မိက္ခာ 3:2

Judson Bible

သု​စ​ရိုက်​ကို​မုန်း၍ ဒု​စ​ရိုက်​ကို​နှစ်​သက်​လျက်၊ သူ​တစ်​ပါး​အ​ရေ​ကို​လည်း​ကောင်း၊ အ​ရိုး၌​ကပ်​သော အ​သား​ကို​လည်း​ကောင်း ဆွဲ​ယူ​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​က​လည်း၊ အ​ချင်း​ရန်​သူ၊ ငါ​နှင့်​တွေ့​ပြီ​လော​ဟု ဧ​လိ​ယ​အား​ဆို​လျှင်၊ ဧ​လိ​ယ​က​သင်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​လို၍ ကိုယ်​ကို​ရောင်း​သော​ကြောင့် သင်​နှင့်​ငါ​တွေ့​ပြီ။

ဟာ​နန်​သား ပ​ရော​ဖက်​ယေ​ဟု​သည်၊ ယော​ရှ​ဖတ်​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား၍၊ မင်း​ကြီး​သည် မ​တ​ရား​သော​သူ​တို့​ကို မ​စ​သင့်​သ​လော။ ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​ကို ချစ်​သင့်​သ​လော။ ယ​ခု​ပြု​သော​အ​မှု​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် မင်း​ကြီး​အ​ပေါ်​သို့ သက်​ရောက်​လေ​ပြီ။

ဆိုး​ယုတ်​သော​သူ​ကို အ​ယုတ်​ဟူ၍ ထင်​မှတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​သော​သူ​ကို ရို​သေ​ထ​သော၊ ကိုယ်​အ​ကျိုး​ပျက်​ရ​သော်​လည်း ကိုယ်​ကျိန်​ဆို​သော သ​စ္စာ​က​တိ​ကို​မ​ဖျက်၊

မုန့်​ကို​စား​သ​ကဲ့​သို့ ငါ၏​လူ​တို့​ကို​ကိုက်​စား၍၊ ဘု​ရား​သ​ခင်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​ဓ​မ္မ​လူ​တို့​သည် မ​သိ​ဘဲ​နေ​ရ​ကြ​သ​လော။

တ​ရား​ကို​ဖျက်​သော​သူ​သည် မ​တ​ရား​သော​သူ​တို့​ကို ချီး​မွမ်း​တတ်၏။ တ​ရား​ကို​စောင့်​သော​သူ​မူ​ကား၊ သူ​တို့​နှင့် ဆန့်​ကျင်​ဘက် ပြု​တတ်၏။

ငါ၏​လူ​တို့​ကို အ​ဘယ်​ကြောင့် နှိပ်​စက်​ကြ​သ​နည်း။ ဆင်း​ရဲ​သား​တို့၏​မျက်​နှာ​ကို အ​ဘယ်​ကြောင့် ကြိတ်​ကြ​သ​နည်း​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မ​ကောင်း​ကို​အ​ကောင်း၊ အ​ကောင်း​ကို​မ​ကောင်း​ဟု ခေါ်​တတ်​သော​သူ၊ အ​လင်း​အ​ရာ၌ အ​မိုက်၊ အ​မိုက်​အ​ရာ၌ အ​လင်း​ကို​လည်း​ကောင်း၊ အ​ချို​အ​ရာ၌ အ​ခါး၊ အ​ခါး​အ​ရာ၌ အ​ချို​ကို​လည်း​ကောင်း၊ အ​လွဲ​ယူ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

သင်၏​ကု​သိုလ်​နှင့်၊ သင်​ပြု​သော​အ​မှု​တို့​ကို ငါ​ဖော်​ပြ​မည်။

ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ထား​သော သူ​ရဲ​တို့​သည် အ​မဲ​သား​ဖြစ်၏။ ဤ​မြို့​သည် အိုး​ကင်း​ဖြစ်၏။ သို့​သော်​လည်း၊ သင်​တို့​ကို မြို့​ထဲ​က​ငါ​ထုတ်​မည်။

မင်း​တို့​သည်​လည်း အ​ကောင်​ကို ကိုက်​ဖြတ်​သော​တော​ခွေး​ကဲ့​သို့ ပြည်​အ​လယ်၌​ဖြစ်၍၊ မ​တ​ရား​သော စီး​ပွား​ကို ရှာ​လို​သော​ငှာ လူ​အ​သက်​ကို​သတ်၍၊ သူ​တစ်​ပါး​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တတ်​ကြ၏။

အ​မဲ​သား​တစ်​များ၊ ကောင်း​သော​အ​တစ်​တို့​ကို စု​ထား၍၊ ပေါင်၊ ပ​ခုံး၊ အ​စ​ရှိ​သော အ​ကောင်း​ဆုံး​သော​အ​ရိုး​တို့​ကို အိုး​ကင်း၌ အ​ပြည့်​ထည့်​လော့။

သင်​တို့​သည် သိုး​နို့​ကို စား​ကြ၏။ သိုး​မွေး​ကို​ဝတ်​ကြ၏။ ဆူ​ဖြိုး​သော​သိုး​တို့​ကို​လည်း သတ်​ကြ၏။ သို့​ရာ​တွင်၊ သိုး​တို့​ကို မ​ကျွေး​မွေး​ပါ​တ​ကား။

ဆင်း​ရဲ​သော​သူ​တို့​ကို ညှဉ်း​ဆဲ​လျက်၊ ငတ်​မွတ်​သော​သူ​တို့​ကို နှိပ်​စက်​လျက်၊ မိ​မိ​သ​ခင်​တို့​အား ငါ​တို့​သောက်​ဖို့​ယူ​ခဲ့​ကြ​ဟု ဆို​တတ်​လျက်၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ​နေ​သော ဗာ​ရှန်​နွား​တို့၊ ဤ​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။

ဒု​စ​ရိုက်​ကို​မုန်း၍ သု​စ​ရိုက်​ကို ချစ်​ကြ​လော့။ မြို့​တံ​ခါး​ဝ​တွင် တ​ရား​ကို တည်​စေ​ကြ​လော့။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကျန်​ကြွင်း​သော ယော​သပ်​အ​မျိုး​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။

ရှေး​ကာ​လ၌​ပင် ငါ၏​လူ​တို့​သည် ရန်​ဘက်​ပြု၍ ထ​ကြ၏။ စစ်​တိုက်​ရာ​မှ ပြန်၍ ဘေး​ကို​မ​ကြောက်​ဘဲ၊ လျှောက်​သွား​သော​သူ​တို့၏ ပြင်​အ​ဝတ်​နှင့် အ​တွင်း​အ​ဝတ်​ကို လု​ယူ​တတ်​ကြ၏။

ကောင်း​သော​ပြည်​သား​အ​ပေါင်း​တို့​သည် ကွယ်​ပျောက်​ကြ​ပြီ။ ဖြောင့်​မတ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခပ်​သိမ်း​သော​သူ​တို့​သည် လူ​အ​သက်​ကို သတ်​ခြင်း​ငှာ ချောင်း၍ ကြည့်​တတ်​ကြ၏။ အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ကျော့​ကွင်း​နှင့် ဖမ်း​တတ်​ကြ၏။

ဒု​စ​ရိုက်​ကို ကြိုး​စား၍​ပြု​ခြင်း​ငှာ အ​သင့်​ရှိ​ကြ၏။ မင်း​သည် လက်​ဆောင်​ကို တောင်း​တတ်၏။ တ​ရား​သူ​ကြီး​သည် တံ​စိုး​ကို စား​တတ်၏။ သူ​တစ်​ပါး​ထက်​ကြီး​သော​သူ​သည် မ​တ​ရား​သော လော​ဘ​ကို ထင်​ရှား​စေ​တတ်၏။ ထို​သို့​အ​မှု​ကို ရှုပ်​စေ​ခြင်း​ငှာ ပြု​တတ်​ကြ၏။

မြို့​အ​လယ်၌ မင်း​များ​တို့​သည် ဟောက်​သော​ခြင်္သေ့​ဖြစ်​ကြ၏။ တ​ရား​သူ​ကြီး​တို့​သည် နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ မ​ချန်​မ​ထား၊ ည၌ လှည့်​လည်​တတ်​သော တော​ခွေး​ဖြစ်​ကြ၏။

ပြည်​သား​အ​ချို့​သည် ထို​အ​မတ်​ကို မ​နာ​လို၍၊ ထို​သူ၏ အ​အုပ်​အ​ချုပ်​ကို ငါ​တို့​မ​ခံ​လို​ပါ​ဟု တ​မန်​ကို သူ့​နောက်​သို့ စေ​လွှတ်​ကြ၏။-

တစ်​ဖန် လူ​အ​ပေါင်း​တို့​က၊ ဤ​သူ​ကို မ​လွှတ်​စေ​ချင်​ပါ၊ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​ပါ​သည်​ဟု အော်​ဟစ်၍ လျှောက်​ဆို​ကြ၏။ ထို​ဗာ​ရ​ဗ္ဗ​ကား ဓား​ပြ​ဖြစ်​သ​တည်း။

လော​ကီ​သား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မုန်း​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သူ​တို့၏​အ​ကျင့်​ဆိုး​ညစ်​ကြောင်း​ကို သက်​သေ​ခံ၏။-

ထို​သို့ ကျင့်​သော​သူ​တို့​သည် သေ​ပြစ်​ကို​ခံ​ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​လျက်​ပင် ကိုယ်​တိုင်​ကျင့်​သည်​သာ​မ​က၊ ထို​သို့​ကျင့်​သော​သူ​တို့၌ အား​ရ​ဝမ်း​မြောက်​ကြ၏။

မေ​တ္တာ​စိတ်​သည် လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စေ​လော့။ ဆိုး​ညစ်​သော​အ​မှု​ကို စက်​ဆုပ်​ရွံ​ရှာ​ကြ​လော့။ ကောင်း​မွန်​သော​အ​မှု၌ မှီ​ဝဲ​ဆည်း​ကပ်​ကြ​လော့။-

ပ​က​တိ ကြင်​နာ​စုံ​မက်​ခြင်း​နှင့် ကင်း​သော​သူ၊ ရန်​ငြိုး​ဖွဲ့​သော​သူ၊ ချော​စား​တတ်​သော​သူ၊ ကိုယ်​ဣ​န္ဒြေ​ကို မ​ချုပ်​တည်း​နိုင်​သော​သူ၊ ပြင်း​ထန်​သူ၊ သူ​တော်​ကောင်း​ကို မုန်း​သော​သူ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ