Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မိက္ခာ 2:3

Judson Bible

သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​လည်​ပင်း မ​လွတ်၊ ခေါင်း​မ​ကြွ​နိုင်​သော ဘေး​ဒဏ်​ကို ထို​သို့​သော အိမ်​ထောင်​တစ်​ဖက်၌ ငါ​ကြံ​စည်၏။ ဆိုး​သော​ကာ​လ​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ ကြောက်​မက်​ဖွယ်​သော​သူ​သည် ဆုံး​ရှုံး​ရ၏။ ဆဲ​ရေး​သော​သူ​သည် ပျောက်​ကုန်​ရ၏။ သူ့​အ​ပြစ်​ကို ချောင်း​မြောင်း​သော​သူ၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​တို့​သည် စိတ်​မြင့်၍၊ မိ​မိ​လည်​ပင်း​ကို ပြ​လျက်၊ မျက်​စိ​လော်​လည်​လျက်၊ ခြေ​ချင်း​တန်​ဆာ​မြည်​လျက်၊ စိပ်​စိပ်​လှမ်း​သွား​တတ်​သော​ကြောင့်၊

သူ​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏​အ​မှု​ကို ငါ​တို့​သည် မြင်​ရ​မည်​အ​ကြောင်း၊ အ​လျင်​အ​မြန်​ကြိုး​စား​တော်​မူ​ပါ​စေ။ ငါ​တို့​သည် သိ​နား​လည်​ရ​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏​အ​ကြံ​တော်​သည်၊ အ​နီး​သို့​ချဉ်း၍​ပြည့်​စုံ​ပါ​စေ​ဟု ဆို​တတ်​ကြ၏။

ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​အ​ဖို့ ဘေး​ဒဏ်​ကို ငါ​ပြင်​ဆင်၏။ သင်​တို့​ကို ဆန့်​ကျင်​ဘက်​ပြု၍ ငါ​ကြံ​စည်၏။ သို့​ဖြစ်၍၊ ဆိုး​သော​လမ်း​မှ အ​သီး​အ​သီး ပြန်​လာ​ကြ​လော့။ သင်​တို့​လိုက်​သော​လမ်း​နှင့် သင်​တို့​ကျင့်​သော အ​ကျင့်​ကို ဖြောင့်​စေ​ကြ​လော့​ဟု၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား ဆင့်​ဆို​လော့။

ထို​စ​ကား​တော်​ရှိ​သ​မျှ​ကို ငါ​ပြန်၍ ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​အား လျှောက်​ဆို​သည်​ကား၊ ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို​ထမ်း၍၊ သူ​နှင့် သူ၏​လူ​များ​အ​စေ​ကို​ခံ​လျက်၊ အ​သက်​ချမ်း​သာ​ပါ​လော့။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​သီး​အ​သီး ညီ​အစ်​ကို​ချင်း၊ အိမ်​နီး​ချင်း​တို့​အား လွတ်​ရ​သော​အ​ခွင့်​ကို ထင်​ရှား​စွာ​မ​စီ​ရင်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ဖို့၊ ဓား​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တို့​အား လွတ်​သော​အ​ခွင့်​ကို ထင်​ရှား​စွာ​စီ​ရင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ အ​နှောင့်​အ​ယှက် ခံ​စေ​မည်။

ယေ​ဟု​ဒိ​သည် သုံး​လေး​ခန်း​လောက် ဖတ်​မိ​လျှင်၊ ရှင်​ဘု​ရင်​သည် စာ​ရေး၏​ဓား​နှင့်​လှီး၍ မီး​မယ်​ဖျူး​ပေါ်​မှာ​ရှိ​သော မီး​ထဲ​သို့ စာ​လိပ်​ကို ချ​ပစ်​လျှင်၊ အ​ကုန်​အ​စင် ကျွမ်း​လောင်​လေ၏။

ဟော​ရှဲ​သား​အာ​ဇ​ရိ​နှင့် ကာ​ရာ​သား​ယော​ဟ​နန်​အ​စ​ရှိ​သော၊ မာ​န​ထောင်​လွှား​သော သူ​အ​ပေါင်း​တို့​က၊ သင်​သည် မု​သား​စ​ကား​ကို​ပြော၏။ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ မ​တည်း​ခို​ရ​ဟု ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဖြင့် မှာ​ထား​တော်​မ​မူ။

ငါ​နှင်​လိုက်​ရာ အ​ရပ်​ရပ်၌​ကျန်​ကြွင်း၍၊ ဆိုး​ယုတ်​သော ဤ​အ​မျိုး​သား​တို့​သည် အ​သက်​ကို အ​လို​မ​ရှိ။ သေ​ခြင်း​ကို အ​လို​ရှိ၍ ရွေး​ချယ်​ရ​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ငါ​ပြစ်​မှား​သော အ​ပြစ်​ထမ်း​ပိုး​ကို လက်​တော်​နှင့် ငါ့​လည်​ပင်း​ပေါ်၌​တပ်၍ ချည်​နှောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​လျော့​စေ၍၊ ငါ​မ​ဆီး​တား​နိုင်​သော သူ့​တို့​လက်​သို့ ရောက်​စေ​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် ကြံ​စည်​သော​အ​မှု​ကို ပြု​တော်​မူ​ပြီ။ ရှေး​ကာ​လ၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို ပြည့်​စုံ​စေ​တော်​မူ​ပြီ။ မ​နှ​မြော​ဘဲ ဖြို​ဖျက်​တော်​မူ​ပြီ။ ရန်​သူ​သည် သင်၏​အ​ပေါ်​မှာ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး၍၊ ရန်​သူ၏​ဦး​ချို​ကို ချီး​မြှင့်​တော်​မူ​ပြီ။

ထမ်း​ပိုး​ကို အ​စဉ်​ထမ်း​ရ​ပါ၏။ မ​ရပ်​မ​နေ​ဘဲ လုပ်​ကိုင်​ရ​ပါ၏။

ယ​ခု​တွင် ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ထော​ပ​နာ​ပြု၏။ စီ​ရင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော အ​ရာ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ တ​ရား​နှင့် ညီ​လျော်​ကြ၏။ မာ​န​ထောင်​လွှား​သော သူ​တို့​ကို နှိမ့်​ချ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏​ဟု အ​မိန့်​တော်​ကို အ​ရပ်​ရပ်​သို့ ပြန့်​စေ​တော်​မူ၏။

အ​ပြေး​ကောင်း​သော​သူ​သည် ပြေး​သော​အ​ခွင့်​ကို မ​ရ။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား​ကို ထုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ရ။ သူ​ရဲ​သည် ကိုယ်​ကို မ​ကယ်​လွှတ်​ရ။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သော အ​မျိုး​သား​အ​ပေါင်း​တို့၊ သင်​တို့​ကို ရည်​မှတ်၍ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။

မြေ​ကြီး​ပေါ်​မှာ​နေ​သော အ​မျိုး​သား​အ​ပေါင်း​တို့​တွင် သင်​တို့ တစ်​မျိုး​တည်း​ကို​သာ ငါ​လက်​ခံ​သော​ကြောင့်၊ သင်​တို့​အ​ပြစ် ရှိ​သ​မျှ​တို့​ကို ငါ​စစ်​ကြော​မည်။

ထို​သို့​သော​ကာ​လ​သည် ဆိုး​ယုတ်​သော​ကာ​လ ဖြစ်​သော​ကြောင့်၊ ပ​ညာ​ရှိ​သော​သူ​သည် တိတ်​ဆိတ်​စွာ နေ​လိမ့်​မည်။

ဒု​စ​ရိုက်​ကို ပြု​ခြင်း​ငှာ အိပ်​ရာ​ပေါ်​မှာ မ​ကောင်း​သော အ​ကြံ​ကို​ကြံ၍၊ မိုး​လင်း​သော​အ​ခါ အ​ခွင့်​ရ​သည်​အ​တိုင်း ပြု​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

ထို​သူ​တို့​သည် ငါ့​အ​သက်​အ​ဖို့ မိ​မိ​တို့​လည်​ပင်း​ကို ချ​ထား​သော​သူ​ဖြစ်​ကြ၏။ သူ​တို့​ကျေး​ဇူး​ရှိ​သည်​ဟု ငါ​တစ်​ယောက်​တည်း​သာ ဝန်​ခံ​သည်​မ​ဟုတ်။ တစ်​ပါး​အ​မျိုး​သား အ​သင်း​တော်​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ၏။-

ယ​ခု နေ့​ရက်​ကာ​လ​တို့​သည် ဆိုး​ယုတ်​သော​ကြောင့် ကာ​လ​အ​ချိန်​ကို ရွေး​နုတ်​ကြ​လော့။-

ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော ရန်​သူ၏​အ​မှု​ကို သင်​သည် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​နှင့်​တ​ကွ၊ အ​ရာ​ရာ၌ ဆင်း​ရဲ​စွာ ဆောင်​ရွက်​ရ​လိမ့်​မည်။ သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင် သင့်​လည်​ပင်း၌ သံ​ထမ်း​ပိုး​ကို တင်​ထား​တော်​မူ​မည်။

က​ရု​ဏာ​မ​ရှိ​သော​သူ​သည်၊ က​ရု​ဏာ​ကို​မ​ရ​ဘဲ၊ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​အောင်၍ ဝါ​ကြွား​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ