Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မာ​လ​ခိ 4:4

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ဟော​ရပ်​အ​ရပ်၌​ငါ​မှာ​ထား​သော၊ ငါ့​ကျွန်​မော​ရှေ၏​တ​ရား​တည်း​ဟူ​သော စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို အောက်​မေ့​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကြောင့် အား​ရ​နှစ်​သက်​သ​ဖြင့်၊ တ​ရား​တော်​ကို ချီး​မြှောက်၍ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ​မည်။

တ​ရား​တော်​ကို​လည်း​ကောင်း၊ သက်​သေ​ခံ​တော်​မူ​ချက်​ကို​လည်း​ကောင်း နား​ထောင်​ကြ​ကုန်။ သူ​တို့​ပြော​သော​စ​ကား​သည် နှုတ်​က​ပတ်​တော်​နှင့်​မ​ညီ​လျှင်၊ သူ​တို့၌ အ​ရုဏ်​မ​တက်​သေး။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လမ်း​နား​မှာ​ရပ်၍ ကြည့်​ရှု​ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို ရှာ​ဖွေ​လျက်၊ ကောင်း​သော​လမ်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​မြန်း၍၊ ထို​လမ်း​သို့​လိုက်​ကြ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​သက်​သာ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ ငါ​တို့​သည် မ​လိုက်​ဟု ပြန်​ပြော​ကြ၏။

သို့​ဖြစ်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​တ​ရား​ကို ပယ်​ကြ​သ​လော။ အ​လျှင်း​မ​ပယ်၊ သာ၍ တည်​စေ​ကြ၏။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​တို့​ကို ငါ့​ထံ​မှာ​စု​ဝေး​စေ​လော့။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို​ကြောက်​ရွံ့၍ သား​မြေး​တို့​အား သွန်​သင်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား​ကို​ကြား​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​ကို​မေ့​လျော့၍၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မြစ်​တား​တော်​မူ​သော အ​ရာ​တို့၏ သ​ဏ္ဌာန်​ရှိ​သော​ရုပ်​တု​ကို မ​လုပ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။

ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဟော​ရပ်​တောင်၌ ငါ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ၏။

ယ​နေ့​ငါ​ဆင့်​ဆို​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို သင်​သည်​မ​စောင့်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​သော​အ​ပြစ်​ကို သ​တိ​နှင့်​ရှောင်​လော့။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည်​မေ့​လျော့​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊ ပျက်​စီး​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်​ဟု ယ​နေ့​ငါ​သည် သင့်​တစ်​ဖက်၌​သက်​သေ​ခံ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ