Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 9:4

Judson Bible

မြေ၏​မြက်​ပင်​မှ​စ၍ စိမ်း​သော​အ​ရာ​များ၊ သစ်​ပင်​များ​အ​ပေါင်း​တို့​ကို ထား၍၊ န​ဖူး၌​ဘု​ရား​သ​ခင်၏ တံ​ဆိပ်​ခတ်​ခြင်း​ကို မ​ခံ​သော​လူ​တို့​ကိုသာ ညှဉ်း​ဆဲ​မည်​အ​ကြောင်း သူ​တို့​အား ပ​ညတ်​ထား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည် သူ့​ကိုယ်​မှ​စ၍ သူ့​အိမ်​နှင့် သူ့​ဥ​စ္စာ​ရှိ​သ​မျှ​ပတ်​လည်၌ စောင်​ရန်း​ကာ​တော်​မူ​သည် မ​ဟုတ်​လော။ သူ​ပြု​လေ​သ​မျှ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ သူ့​သိုး​နွား​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည် မြေ​ပေါ်​မှာ အ​လွန်​ပွား​များ​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် သင့်​လက်၌​ရှိ၏။ သူ့​ကိုယ်​တစ်​ခု​ကို​သာ မ​ထိ​မ​ခိုက်​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ စာ​တန်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား​လေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​သည် သင့်​လက်၌​ရှိ၏။ သူ့​အ​သက်​တစ်​ခု​ကို​သာ လွတ်​စေ​ဟု​မိန့်​တော်​မူ​လျှင်၊

အ​ကယ်​စင်​စစ် လူ​တို့၏​ဒေါ​သ​သည် ကိုယ်​တော်​ကို ချီး​မွမ်း​လိမ့်​မည်။ ကြွင်း​သော​ဒေါ​သ​ကို​လည်း ခါး​ပန်း​စည်း​တော်​မူ​မည်။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ ထုတ်​ချင်း​ခပ်​သွား​တော်​မူ​မည်။ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်​၌​ရှိ​သော အ​သွေး​ကို​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် တံ​ခါး​ကို​လွန်​သွား​တော်​မူ​မည်။ ဖျက်​ဆီး​သော​သူ​သည် သင်​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ၊ အိမ်​ထဲ​သို့​ဝင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။

ထာ​ဝ​ရ​ဘု​ရား​က၊ ယေ​ရု​ရှ​လင်​မြို့​အ​လယ်၌ လျှောက်​သွား​လော့။ မြို့​ထဲ၌ ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့်၊ ညည်း​တွား​ငို​ကြွေး​သော​သူ​တို့၏ န​ဖူး​ကို​ထိုး​မှတ်​လော့ ဟူ၍​လည်း​ကောင်း၊

အ​သက်​ကြီး​သော​သူ၊ အ​သက်​ငယ်​သော​သူ၊ အ​ပျို​မ၊ သူ​ငယ်၊ မိန်း​မ​တို့​ကို ရှင်း​ရှင်း​သတ်​ကြ​လော့။ သို့​ရာ​တွင်၊ အ​မှတ်​ပါ​သော​သူ​ကို မ​ချဉ်း​ကပ်​ကြ​နှင့်။ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၌ အ​ဦး​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​ကို ငါ​ကြား၏။ သူ​တို့​သည်​လည်း၊ အိမ်​တော်​ရှေ့​မှာ​ရှိ​သော အ​သက်​ကြီး​သူ​တို့​ကို ရှေ့​ဦး​စွာ​သတ်​ကြ၏။

အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏​အ​ယောင်​ကို ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍ ရွေး​ချယ်​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​နိုင်​လျှင် လှည့်​ဖြား​လောက်​အောင် ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။-

ရွေး​နုတ်​ခြင်း နေ့​ရက်​တိုင်​အောင် သင်​တို့​ကို တံ​ဆိပ်​ခတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို စိတ်​မ​နာ​စေ​ကြ​နှင့်။-

ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ သိုး​သ​ငယ်​သည် ဇိ​အုန်​တောင်​ပေါ်​မှာ ရပ်​နေ၏။ သူ၏​နာ​မ​နှင့် ခ​မည်း​တော်၏​နာ​မ​ကို န​ဖူး၌ အ​က္ခ​ရာ​တင်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင်​လည်း သူ​နှင့်​အ​တူ ရှိ​ကြ၏။-

သ​တ္တ​ဝါ​လေး​ပါး​အ​လယ်၌ ပြော​သံ​ဟူ​မူ​ကား၊ ဒေ​နာ​ရိ​တစ်​ပြား​နှင့် ဂျုံ​ဆန်​တစ်​ခွက်​ကို​ရ၏။ မု​ယော​ဆန် သုံး​ခွက်​ကို​ရ၏။ ဆီ​နှင့်​စ​ပျစ်​ရည်​ကို မ​ပျက်​စေ​နှင့်​ဟု ဆို​သည်​ကို​ငါ​ကြား၏။

ထို​နောက်​မှ မြေ​ကြီး၊ ပင်​လယ်၊ သစ်​ပင်​များ​တို့၌ လေ​မ​လာ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် မြေ၏ လေး​မျက်​နှာ​လေ​တို့​ကို ကိုင်၍၊ မြေ​လေး​မျက်​နှာ၌ ရပ်​နေ​သည်​ကို ငါ​မြင်၏။-

ပ​ထ​မ​သူ​သည် တံ​ပိုး​မှုတ်​သော​အ​ခါ မိုး​သီး​ဖြစ်၏။ အ​သွေး​နှင့် ရော​နှော​သော​မီး​လည်း ဖြစ်၏။ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်၍၊ မြေ​သုံး​စု​တစ်​စု၊ သစ်​ပင်​သုံး​စု​တစ်​စု၊ စိမ်း​သော မြက်​ပင်​ရှိ​သ​မျှ​တို့​ကို ကျွမ်း​လောင်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ