Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 8:8

Judson Bible

ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ မီး​လောင်​သော တောင်​ကြီး​ကို ပင်​လယ်​ထဲ​သို့ ချ​လိုက်​သ​ကဲ့​သို့ ဖြစ်၍၊ ပင်​လယ်​သုံး​စု​တစ်​စု​သည် အ​သွေး​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဖျက်​ဆီး​တတ်​သော​သ​ဘော​ရှိ၍၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဖျက်​ဆီး​တတ်​သော​တောင်​ကြီး၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​ပေါ်​မှာ ငါ၏​လက်​ကို​ဆန့်​လျက်၊ ကျောက်​တို့​မှ သင့်​ကို​လှိမ့်​ချ၍၊ မီး​နှင့်​ကျွမ်း​လောင်​သော​တောင် ဖြစ်​စေ​မည်။

ပ​ရော​ဖက်​သည် ဟော​ပြော၍ မှား​ယွင်း​လျှင်၊ ထို​ပ​ရော​ဖက်​ကို ငါ​ထာ​ဝ​ရ​ဘု​ရား မှား​ယွင်း​စေ၏။ ထို​သူ​ကို ငါ​သည်​ဒဏ်​ခတ်၍၊ ငါ၏ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​မှ ပယ်​ရှား​မည်။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မီး​ဖြင့် ဒဏ်​ပေး​ခြင်း​ငှာ မီး​ကို​ခေါ်​တော်​မူ၍၊ မ​ဟာ​သ​မု​ဒ္ဒ​ရာ​ကို မီး​လောင်​လေ၏။ ကုန်း​ကို​လည်း လောင်​လေ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တစ်​ပြည်​လုံး သုံး​စု​တွင် နှစ်​စု​ကို ပယ်​ဖြတ်၍ အ​သေ​ခံ​ရ​သ​ဖြင့်၊ တစ်​စု​သာ​ကျန်​ကြွင်း​ရ​လိမ့်​မည်။

ထို​တစ်​စု​ကို မီး​အ​လယ်​သို့ ငါ​လျှောက်​သွား​စေ​မည်။ ငွေ​ကို ချွတ်​သ​ကဲ့​သို့ ချွတ်​မည်။ ရွှေ​ကို စုံ​စမ်း​သ​ကဲ့​သို့ စုံ​စမ်း​မည်။ သူ​တို့​သည် ငါ့​နာ​မ​ကို ပ​တ္ထ​နာ​ပြု၍ ငါ​နား​ထောင်​မည်။ သူ​တို့​ကို ငါ၏​လူ​မျိုး​ဟူ၍ ငါ​ခေါ်​ဝေါ်​မည်။ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ​လိမ့်​မည်။

ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ မိ​မိ​ဆို​သည်​အ​တိုင်း ဖြစ်​မည်​ဟု ယုံ​ကြည်​လျက်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌ ကျ​လော့​ဟု​ဆို​လျှင်၊ ထို​သူ​ဆို​သည်​အ​တိုင်း၊ ဖြစ်​လိမ့်​မည်။-

ထို​သူ​တို့​သည် ပ​ရော​ဖက်​ပြု​သော နေ့​ရက်​ကာ​လ၌ မိုး​မ​ရွာ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​ရ​သော​အ​ခွင့်၊ မြစ်​ရေ၊ တွင်း​ရေ​ကို အ​သွေး​ဖြစ်​စေ ရ​သော​အ​ခွင့်၊ မိ​မိ​တို့​အ​လို​ရှိ​သ​မျှ​သော အ​ခါ၌ ဘေး​အ​မျိုး​မျိုး​ဖြင့် မြေ​ကြီး​ကို ဒဏ်​ခတ်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။

သူ၏​အ​မြီး​သည် ကောင်း​ကင်​ကြယ် သုံး​စု​တစ်​စု​ကို ဆွဲ​ငင်၍ မြေ​ကြီး​သို့​ချ​လိုက်​လေ၏။ သား​ကို​ဖွား​လု​သော မိန်း​မ​သည် ဖွား​သော​အ​ခါ၊ န​ဂါး​သည် ထို​သား​ကို ကိုက်​စား​မည့်​အ​ကြံ​နှင့် မိန်း​မ​ရှေ့၌​ရပ်​နေ၏။-

ပ​ထ​မ​သူ​သည် တံ​ပိုး​မှုတ်​သော​အ​ခါ မိုး​သီး​ဖြစ်၏။ အ​သွေး​နှင့် ရော​နှော​သော​မီး​လည်း ဖြစ်၏။ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်၍၊ မြေ​သုံး​စု​တစ်​စု၊ သစ်​ပင်​သုံး​စု​တစ်​စု၊ စိမ်း​သော မြက်​ပင်​ရှိ​သ​မျှ​တို့​ကို ကျွမ်း​လောင်​လေ၏။-

ထို​အ​ခါ လူ​သုံး​စု​တစ်​စု​ကို အ​သေ​သတ်​ခြင်း​ငှာ တစ်​နာ​ရီ၊ တစ်​ရက်၊ တစ်​လ၊ တစ်​နှစ်​အ​ဖို့ ပြင်​ဆင်​သော ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​ကို လွှတ်​လေ၏။-

သူ​တို့၏​ခံ​တွင်း​ထဲ​က ထွက်​သော ကန့်၊ မီး​လျှံ၊ မီး​ခိုး​တည်း​ဟူ​သော ဘေး​သုံး​ပါး​ကြောင့်၊ လူ​သုံး​စု​တစ်​စု သေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ