Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 7:1

Judson Bible

ထို​နောက်​မှ မြေ​ကြီး၊ ပင်​လယ်၊ သစ်​ပင်​များ​တို့၌ လေ​မ​လာ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် မြေ၏ လေး​မျက်​နှာ​လေ​တို့​ကို ကိုင်၍၊ မြေ​လေး​မျက်​နှာ၌ ရပ်​နေ​သည်​ကို ငါ​မြင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

တစ်​ပါး​အ​မျိုး​သား​တို့​အ​ဖို့ အ​လံ​ကို​ထူ​တော်​မူ​သ​ဖြင့်၊ နှင်​ထုတ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့်၊ အ​ရပ်​ရပ်​ကွဲ​ပြား​သော ယု​ဒ​အ​မျိုး​သား​တို့​ကို မြေ​ကြီး​လေး​မျက်​နှာ​တို့​မှ​ခေါ်၍ စု​ဝေး​စေ​တော်​မူ​လိမ့်​မည်။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဥ​ယျာဉ်​စောင့်​ဖြစ်၏။ မ​ခြား​မ​လပ် ရေ​လောင်း​မည်။ အ​ဘယ်​သူ​မျှ မ​ဖျက်​စေ​ခြင်း​ငှာ၊ နေ့​ည​မ​ပြတ် စောင့်​ရှောက်​မည်။

သူ့​ကို​စွန့်​ပစ်၍ အ​တော်​အ​တန် ဆုံး​မ​တော်​မူ၏။ အ​ရှေ့​လေ လာ​သော​အ​ခါ၊ ပြင်း​စွာ​သော​လေ​ဖြင့် တိုက်​သွား​တော်​မူ၏။

အ​ရပ်​လေး​မျက်​နှာ​တို့​က လေ​လေး​မျိုး​ကို ဧ​လံ​ပြည်​သို့ ငါ​ဆောင်​ခဲ့​မည်။ ထို​လေ​တို့​ရှေ့​မှာ ပြည်​သား​များ​ကို ငါ​လွှင့်​မည်။ ထို​သို့​နှင်​ထုတ်​သော ဧ​လံ​ပြည်​သား​မ​ရောက်​သော တိုင်း​နိုင်​ငံ​တစ်​ခု​မျှ​မ​ရှိ​ရ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ လေ​အား ပ​ရော​ဖက်​ပြု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို လေ​အား​ဆင့်​ဆို​ရ​မည်​မှာ၊ အို လေ၊ အ​ရပ်​လေး​မျက်​နှာ​တို့​မှ​လာ၍၊ ဤ​အ​သေ​ကောင်​တို့​သည် အ​သက်​ရှင်​မည်​အ​ကြောင်း သူ​တို့​အ​ပေါ်​မှာ မှုတ်​လော့​ဟု၊

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ပြည်​လေး​ထောင့်​တို့​သည် ဆုံး​ခြင်း​သို့​ရောက်​ကြ၏။

ထို​သူ​သည် ပေါ်​လာ​ပြီး​မှ နိုင်​ငံ​တော်​ကျိုး​ပဲ့၍ သူ​တစ်​ပါး​တို့​သည် မိုး​ကောင်း​ကင်​လေး​မျက်​နှာ​တို့၌ ခွဲ​ဝေ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် အ​စိုး​ရ​သော သူ​တို့​သည် အ​မျိုး​အ​နွယ်​တော်​မ​ဟုတ်။ အာ​ဏာ​တော်​နှင့် အ​စိုး​မ​ရ၊ နိုင်​ငံ​တော်​ကို နုတ်​ပစ်၍ အ​မျိုး​အ​နွယ်​တော်​မှ​တစ်​ပါး အ​ခြား​သော သူ​တို့​သည် ရ​ကြ​လိမ့်​မည်။

ငါ ဒံ​ယေ​လ​သည် ည​အ​ခါ အာ​ရုံ​ပြု၍၊ မိုး​ကောင်း​ကင် လေး​မျက်​နှာ၌ လေ​တို့​သည် မ​ဟာ​သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ အ​ချင်း​ချင်း​တိုက်​ကြ​လျှင်၊

သို့​ဖြစ်၍၊ ထို​ဆိတ်​သည် အ​လွန်​ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။ ခွန်​အား​ကြီး​သော​အ​ခါ ချို​ကြီး​ကျိုး​ပဲ့၏။ ထို​ချို​အ​ရာ၌ ထူး​ဆန်း​သော ချို​လေး​ချောင်း​ပေါက်၍၊ မိုး​ကောင်း​ကင်​လေး​မျက်​နှာ​သို့ မျက်​နှာ​ပြု​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ပြင်း​စွာ​သော​လေ​ကို ပင်​လယ်​ပေါ်​သို့ စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်၌ ကြီး​စွာ​သော မိုး​သက်​မုန်​တိုင်း​ဖြစ်၍၊ သင်္ဘော​သည် ပျက်​လု​သော​လ​က္ခ​ဏာ​ရှိ၏။

တစ်​ဖန် ငါ​မျှော်​ကြည့်၍၊ ကြေး​ဝါ​ဖြင့် ပြီး​သော တောင်​နှစ်​လုံး​ကြား​မှ ရ​ထား​လေး​စီး​ထွက်​လာ၏။

ကောင်း​ကင်​တ​မန်​က၊ ထို​ရ​ထား​တို့​သည်၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်၏​ရှေ့​တော်၌ ရပ်​နေ​ရာ​မှ ထွက်​သွား​သော မိုး​ကောင်း​ကင်​လေ လေး​ပါး​ဖြစ်၏။

လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။

ထို​အ​ခါ လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို စေ​လွှတ်​သ​ဖြင့် မိ​မိ​ရွေး​ချယ်​သော​သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ ကောင်း​ကင်​အောက် ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍ စု​ရုံး​စေ​တော်​မူ​လ​တ္တံ့။

အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​သော​ဂေါ​ဂ၊ မာ​ဂေါ​ဂ​တည်း​ဟူ​သော မြေ​ကြီး လေး​မျက်​နှာ​ပေါ်​မှာ​နေ​သော လူ​အ​မျိုး​မျိုး​တို့​ကို လှည့်​ဖြား​အံ့​သော​ငှာ​လည်း​ကောင်း၊ စစ်​တိုက်​ဖို့ စည်း​ဝေး​စေ​ခြင်း​ငှာ​လည်း​ကောင်း တက်​လိမ့်​မည်။-

သ​တ္တ​ဝါ​လေး​ပါး​အ​လယ်၌ ပြော​သံ​ဟူ​မူ​ကား၊ ဒေ​နာ​ရိ​တစ်​ပြား​နှင့် ဂျုံ​ဆန်​တစ်​ခွက်​ကို​ရ၏။ မု​ယော​ဆန် သုံး​ခွက်​ကို​ရ၏။ ဆီ​နှင့်​စ​ပျစ်​ရည်​ကို မ​ပျက်​စေ​နှင့်​ဟု ဆို​သည်​ကို​ငါ​ကြား၏။

ငါ​တို့​ဘု​ရား​သ​ခင်၏ ကျွန်​တို့​ကို န​ဖူး၌ တံ​ဆိပ်​မ​ခတ်​မီ​တိုင်​အောင်၊ မြေ၊ ပင်​လယ်၊ သစ်​ပင်​တို့​ကို မ​ညှဥ်း​ဆဲ​ပါ​နှင့်​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လေ၏။-

ပ​ထ​မ​သူ​သည် တံ​ပိုး​မှုတ်​သော​အ​ခါ မိုး​သီး​ဖြစ်၏။ အ​သွေး​နှင့် ရော​နှော​သော​မီး​လည်း ဖြစ်၏။ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်၍၊ မြေ​သုံး​စု​တစ်​စု၊ သစ်​ပင်​သုံး​စု​တစ်​စု၊ စိမ်း​သော မြက်​ပင်​ရှိ​သ​မျှ​တို့​ကို ကျွမ်း​လောင်​လေ၏။-

ဥ​ဖ​ရတ်​မြစ်​ကြီး​နား​မှာ ချည်​နှောင်​လျက်​ရှိ​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို လွှတ်​လော့​ဟု တံ​ပိုး​ရှိ​သော ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား ဆို​သည်​ကို ငါ​ကြား၏။-

မြေ၏​မြက်​ပင်​မှ​စ၍ စိမ်း​သော​အ​ရာ​များ၊ သစ်​ပင်​များ​အ​ပေါင်း​တို့​ကို ထား၍၊ န​ဖူး၌​ဘု​ရား​သ​ခင်၏ တံ​ဆိပ်​ခတ်​ခြင်း​ကို မ​ခံ​သော​လူ​တို့​ကိုသာ ညှဉ်း​ဆဲ​မည်​အ​ကြောင်း သူ​တို့​အား ပ​ညတ်​ထား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ