ဗျာဒိတ် 6:2Judson Bibleထိုအခါ ငါကြည့်လျှင်၊ မြင်းဖြူတစ်စီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း ထွက်သွား၏။ အခန်းကိုကြည့်ပါ။ |
သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရားအမိန့်တော်ရှိ၏။
လူမျိုးတို့သည် အမျက်ထွက်ကြသည် ဖြစ်၍၊ အမျက်တော်သည်လည်း ရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား လည်းကောင်း၊ သန့်ရှင်းသူတို့ အားလည်းကောင်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူ အကြီးအငယ်တို့အားလည်းကောင်း၊ ဆုကျေးဇူးကို ပေးသနားတော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသောအချိန် ရောက်ပါပြီဟု လျှောက်ဆိုကြ၏။-